ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ နိုင်ငံတကာသတင်းအဖွဲ့အစည်းတွေ တောင်းဆို

ပါရီ၊ မတ်-၄-၂၀၂၁
မျိုးဆက် (VOM)
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက ဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ သတင်းသမားတွေ ခြိမ်ခြောက်ခံနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့နဲ့ သတင်းသမားများ ကာကွယ်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ပါ အဲဒီအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
မတ်လ ၂ ရက်နေ့မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အာဏာရှင်အစိုးရက သတင်းသမားတွေအပေါ် ဖြိုခွင်းနေတာတွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လကစပြီး မြန်မာနိုင်ငံဖြစ်ပွားနေတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအတွင်း လက်ရှိအချိ်န်ထိ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၂၈ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေအပေါ် သေစေလောက်တဲ့လက်နက်တွေကို ရုတ်တရက်အသုံးပြုလာတဲ့နည်းတူ သတင်းသမားတွေအပေါ်ကို တုန့်ပြန်မှုကလည်း ပြောင်းလဲလာနေပြီး ထိန်းသိမ်းခံသတင်းသမားအချို့ဟာ ရဲတပ်ဖွဲ့ရဲ့ ရိုက်နက်မှုတွေကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
Ref:Prachatai English
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW