ဧရာဝတီတိုင်း မြို့နယ် ၁၁ မြို့နယ်မှာ ဖမ်းဆီးဖြိုခွင်းမှုတွေရှိပေမယ့် ဆက်လက် ဆန္ဒထုတ်ဖော်

ပုသိမ်၊ မတ် ၅-၂၀၂၁ စပ်ခွန်သာ(VOM) ဧရာဝတီတိုင်း မြို့နယ် ၁၁ မြို့နယ်မှာ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက် ဖြိုခွင်းတာ ရှိပေမယ့် ဒီနေ့ မတ်လ ၅ ရက်အထိ ဆက်လက် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဆန္ဒထုတ်ဖော်တာကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဝန်ထမ်းတွေက ဦးဆောင်ကာ၊ ပုသိမ်၊ ပန်းတနော်၊ ဟင်္သာတ၊ မအူပင်၊ ကျိုက်လတ်၊ ညောင်တုန်း၊ ငါးသိုင်းချောင်း၊ ဘိုကလေး၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ ဝါးခယ်မစတဲ့ မြို့နယ်တွေမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်တာမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာတစ်ဦးက “စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပါတယ်။ လူထုခေါင်းဆောင် အမေစုနဲ့ မတရားအဖမ်းခံထားရတဲ့ သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သာ ကျွန်တော်တို့ရဲ့ တရားဝင်လူထုရွေးချယ်ထားသော သမ္မတ တစ်ဦးဖြစ်ပါတယ်။ မတရားဖမ်းဆီးရိုက်နှက် ဖြိုခွင်းနေပေမယ့် မကြောက်ပါဘူး။…

Read More

ကလေးမြို့မှ သေနတ်မှန် ကျဆုံးခဲ့တဲ့ မောင်ဇင်မျိုးမောင်ရဲ့ ဈာပန ပြည်သူ သိန်းချီ ပို့ဆောင်

ကလေး-မတ်၅-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ဆန္ဒပြပြည်သူလူထုကို ပစ်ခတ်ဖြိုခွင်းတဲ့ဖြစ်စဉ်မှာ ကျည်နှစ်ချက်ထိမှန် သေဆုံးသွားခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ရဲ့ ရုပ်ကလာပ်ကို ဒီနေ့ညနေပိုင်းက ဈာပနပြုလုပ်တာမှာ ကလေးမြို့နယ် ပြည်သူလူထုတစ်သိန်းကျော်က လိုက်ပါပို့ဆောင်ကြပါတယ်။ မောင်ဇင်မျိုးမောင်အတွက် စက်မှုသုဿန်မှာ တရားနာခဲ့ကြပြီး လူမှုကူညီရေးအသင်းယာဉ်တွေက တစ်မိနစ်တာ ဥဩဆွဲခဲ့သလို ပြည်သူလူထုက လက်သုံးချောင်ထောင် တစ်မိနစ်တာ ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။ မောင်ဇင်မျိုးမောင်ရဲ့ ရုပ်ကလာပ်ကို စက်မှုသုဿန်မှာပဲ ဂူသွင်းခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေး #ဇင်မျိုးမောင်

Read More

ပြည်သူတွေကို လက်နက်ကိုင်နှိမ်နှင်းမှု တိုင်းသိပြည်သိ အရှက်ကွဲခြင်းလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

စင်ကာပူ၊ မတ်-၅-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေကို လက်နက်တွေ အသုံးပြုနှိမ်နှင်းနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ တိုင်းသိပြည်သိ အရှက်ကွဲခြင်းလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့မှာ ပြောဆိုလိုက်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့သူက တိုက်တွန်းလိုက်ပါတယ်။ ဘယ်နိုင်ငံက စစ်တပ်ပဲဖြစ်ဖြစ် သေနတ်ပြောင်းကို ကိုယ်ပြည်သူဘက်လှည့်လိုက်တာဟာ အကြီးမားဆုံးသော တိုင်းသိပြည်သိ အရှက်ကွဲမှုပဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကပြောဆိုလိုက်ပြီး အရပ်သားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး စင်ကာပူအနေနဲ့ အလွန်ထိတ်လန့်တုန်လှုပ် မိတယ်လို့ဆိုပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ နေ့စဉ်ဆက်သွယ်ဆွေးနွေးမှုတွေပြုနေတယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းလိုက်ပြီးနောက် ဆန္ဒပြပွဲအတွင်းမှာ လူ ၅၄ ဦးသေဆုံးသွားပြီး သတင်းသမား ၂၉ ဦးအပါအဝင် လူ ၁၇၀၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်ဘက်ကခန့်အပ်ထားတဲ့…

Read More

ရန်ကုန် တာမွေ ကျောက်မြောင်း ဗညားဒလလမ်းနဲ့ သြဘာလမ်းထောင့်မှာ နှစ်ခါဖြိုခွင်းခံရပြီး တစ်ဦးအဖမ်းခံခဲ့ရပါတယ်။

ဓါတ်ပုံ-MHS #voiceofmyanmar #VOM #တာမွေ #ကျောက်မြောင်း

Read More

တပ်မဟာ ၅ နယ်မြေက ဆန္ဒပြပွဲ KNU လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပေး

မတ် ၅-၂၀၂၁ ခွန်ခမ့်သူ(VOM) စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်က တိုင်းရင်းသားဒေသခံတွေပါဝင်တဲ့ အင်အား သိန်းချီတဲ့ သပိတ်စစ်ကြောင်းဟာ စစ်ကြောင်း ၂ ကြောင်းခွဲကာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နဲ့၊ ကမမောင်းမြို့တွေမှာ ဒီနေ့ မတ်လ ၅ရက်နေ့က ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲကို တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘူးသိုမြိုနယ်နဲ့ ဒွယ်လိုးမြို့နယ်အတွင်းက ဒေသခံတိုင်းရင်းသားတွေက ဝှေ့မှုံကျေးရွာသပိတ်စစ်ကြောင်းက ဖာပွန်မြို့နဲ့ ဝါးသိုးခိုကျေးရွာသပိတ်စစ်ကြောင်းက မြို့ခံပြည်သူနဲ့ ကမမောင်းမြို့တွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြရာမှာ ဗမာ့လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဗမာ့တပ်မတော်နဲ့ ပူးပေါင်း မပါဝင်ရေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ဆန္ဒပြပြည်သူတွေကို ပြန်လွတ်ပေးရေးစတဲ့ အချက် ၇ ချက်ကို တောင်းဆိုကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ရာ…

Read More

ဆန္ဒပြပွဲအတွင်းသေဆုံးသူများရဲ့ စာရင်း

ဖေဖော်ဝါရီ ၈ရက်ကနေ မတ်လ ၅ရက်နေ့အထိ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူတွေစာရင်းကို VOM က စုဆောင်းထားတာ ၄၈ဦး ရှိပြီဖြစ်ပါတယ်။ အခုစာရင်းဟာ VOM က အတည်ပြုလို့ ရသလောက်သာ ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားဖွယ်ရှိပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် သေဆုံးသူတွေကို ထပ်မံသိရှိရင် နာမည်၊ လိပ်စာ၊ အသက်၊ ဘယ်ဖြစ်စဉ်မှာ သေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေနဲ့တကွ VOM ကို ပေးပို့နိုင်ပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြပွဲ #သေဆုံး

Read More

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိ ဒု-ရဲမှူး CDMမှာပါဝင်

မတ် ၅ -၂၀၂၁ မန္တလေးတိုင်းရဲတပ်ဖွဲ့က တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိ ဒုရဲမှူး သက်နိုင်ထွန်းCDM လုပ်နေကြောင်း သူ့လူမှုကွန်ယက်မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။ ပုခုံးပေါ်သုံးပွင့်တင်ထားတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဆက်ကြည့်နေဖို့ မဖြစ်နိုင်တော့ပါဘူး။ CDM ပူးပေါင်းပါဝင်ခြင်းဖြင့် အခုလိုဘဝနဲ့ရင်းပြီး ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်သည် စစ်အာဏာရှင်အုပ်ချုပ်နေသရွေ့ လက်ရှိရာထူးမှ‌နှုတ်ထွက်မည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဒီနေရာကနေပဲ ကန်တော့ပါရစေခင်ဗျာ… ကျွန်တော့ကြောင့် အဆူအဆဲခံပြီး အခက်တွေ့ရတော့မယ့် တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ… မိတ်ဆွေစစ်မိတ်ဆွေမှန်များလည်း ကောင်းသောပြန်ဆုံခြင်းမျိုးနဲ့ပဲ ပြန်လည်ဆုံတွေ့ချင်ပါတယ်… လေးစားလျှက် ရဲ ၅၉၀၂ ဒုရဲမှူး သက်နိုင်ထွန်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းရဲအကူတပ်ဖွဲ့ခွဲ တိုင်းမှု/ကူ ဌာနစုမှူး

Read More

တောင်ငူမြို့မှာ ရဲနဲ့စစ်တပ်က တားဆီးတာတွေလုပ်ပေမယ့် ဆန္ဒဖော်ထုတ်တာတွေဆက်လုပ်ခဲ့

မတ် ၅-၂၀၂၁ ZYK သပိတ်တပ်ပေါင်းစု စုဝေးရာနေရာကို ဒီနေ့ မတ်လ၅ရက်နေ့ မနက် ၈ နာရီခွဲခန့်ကတည်းက ရဲနဲ့စစ်တပ်က လာရောက်ပိတ်ဆို့တားဆီးခဲ့ပေမယ့် ဒေသခံတွေအကူညီနဲ့ တောင်ငူမြို့သပိတ်စစ်ကြောင်းဟာ လူဦးရေ ၁၀၀၀၀ နီးပါးနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူမြို့ #ဆန္ဒပြ

Read More

မန္တလေးမြို့မှာ ကျည်ဆန်ထိမှန်လို့ အမျိုးသားတစ်ဦး ထပ်မံသေဆုံး

မတ် ၅ -၂၀၂၁ Voice Of Myanmar ဒီနေ့ မတ်လ-၅ ရက်နေ့က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၉လမ်းနဲ့ ၁၁၄-၁၁၉လမ်းကြားမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ထွန်တုံးရပ်မှာနေတဲ့ အသက် ၂၀ ကျော်အရွယ် ကိုဇော်မျိုးဟာ လည်ပင်းကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဓါတ်ပုံ-ညီမိုးလတ် #voiceofmyanmar #vom #မန္တလေး#ထွန်တုံးရပ်

Read More

စစ်တပ်နဲ့ ရဲတွေက အိမ်တွေထဲအထိ ဝင်ရောက် ဖျက်ဆီးပြီး ဖမ်းဆီးသွား

မန္တလေး၊ မတ်- ၅- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၃၅ လမ်းမကြီး တလျှောက်နဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားရင်း အိမ်တွေထဲအထိ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူလူထုတွေက ပြောပါတယ်။ လက်ရှိမှာ အိမ်တွေထဲက ပစ္စည်းအချို့ယူဆောင်သွားခံရပြီး ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေပါ ရှိနေတယ်လို့ ရပ်ကွက်နေ ပြည်သူလူထုက ပြောပါတယ်။ #VOM #voiceofmyanmar #Mandalay #ပစ်ခတ်ဖမ်းဆီး

Read More
VOM News

FREE
VIEW