မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိ ဒု-ရဲမှူး CDMမှာပါဝင်

မတ် ၅ -၂၀၂၁

မန္တလေးတိုင်းရဲတပ်ဖွဲ့က တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိ ဒုရဲမှူး သက်နိုင်ထွန်းCDM လုပ်နေကြောင်း သူ့လူမှုကွန်ယက်မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။

ပုခုံးပေါ်သုံးပွင့်တင်ထားတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က
ဆက်ကြည့်နေဖို့ မဖြစ်နိုင်တော့ပါဘူး။ CDM ပူးပေါင်းပါဝင်ခြင်းဖြင့် အခုလိုဘဝနဲ့ရင်းပြီး ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။

ကျွန်တော်သည် စစ်အာဏာရှင်အုပ်ချုပ်နေသရွေ့ လက်ရှိရာထူးမှ‌နှုတ်ထွက်မည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း
သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဒီနေရာကနေပဲ ကန်တော့ပါရစေခင်ဗျာ…

ကျွန်တော့ကြောင့် အဆူအဆဲခံပြီး အခက်တွေ့ရတော့မယ့် တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ…

မိတ်ဆွေစစ်မိတ်ဆွေမှန်များလည်း ကောင်းသောပြန်ဆုံခြင်းမျိုးနဲ့ပဲ
ပြန်လည်ဆုံတွေ့ချင်ပါတယ်…
လေးစားလျှက်
ရဲ ၅၉၀၂
ဒုရဲမှူး သက်နိုင်ထွန်း
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
တိုင်းရဲအကူတပ်ဖွဲ့ခွဲ
တိုင်းမှု/ကူ ဌာနစုမှူး

Related posts

Leave a Comment

VOM News

FREE
VIEW