တိုက်ကြီးသပိတ်စစ်ကြောင်းကို ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွဲ

မတ် ၇-၂၀၂၁
နေနန်းနွယ်(VOM)

တိုက်ကြီးမြို့မှာ ဒီနေ့ မတ်လ ၇ရက်နေ့ မနက် ၈နာရီခွဲခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို မြို့မခြောက်ကျောင်းရှေ့မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြသူတွေဆီက သိရပါတယ်။

“မနက် ၈ ခွဲလောက်မှ စပစ်တာ၊ ရာဘာကျည်တွေရော၊ မျက်ရည်ယိုဗုံးတွေရော၊ အသံဗုံးတွေပါ ပါတယ်။ လူတွေကိုလဲ ရိုက်ပြီး စစ်ကားပေါ်ဆွဲတင်သွားတာ။ ခေါင်းကွဲပြီး သွေးတွေနဲ့ လူလည်းပါသွားတယ်” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ထိခိုက်ဒါဏ်ရာရရှိသူတွေ ရှိပေမယ့် လက်ရှိမှာတော့ အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။

#VoiceOfMyanmar #VOM #တိုက်ကြီးမြို့ #သပိတ်စစ်ကြောင်း #ပစ်ခတ်ဖြိုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW