ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ CDM သစ်တောဝန်ထမ်းရဲ့ စျာပန အလုံ သုဿန်မှာ ပြုလုပ်

မတ် ၁၉ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမုန်တိုင်းရပ်ကွက်မှာနေတဲ့ သစ်တောရေးရာဌာန တောခေါင်း ကိုထွန်းထက်အောင် (ခ) ကိုဖိုးသဲဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြခဲ့ပြီး မတ် ၁၅ ရက်က ရိုက်နှက်ဖမ်းဆီးခံရပါတယ်။ အဲ့ဒီနောက် ၁၆ ရက်မှာ ဆေးကုသဖို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ မနေ့ ၁၈ ရက် မနက်အစောပိုင်းက ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကိုထွန်းထက်အောင် (ခ) ကိုဖိုးသဲရဲ့ စျာပနကို ဒီကနေ့ ညနေ ၃ နာရီက အလုံ သုဿန်မှာ သင်္ဂြိုဟ်လ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မုံရွာ #CDMသစ်တော၀န်ထမ်း #စျာပန

Read More

ဈေးချိုအပါအဝင် မန္တလေးက ပိတ်ထားတဲ့ဈေးကြီးတွေ ပြန်ဖွင့်မယ်

မတ် ၁၉-၂၀၂၁ Voice Of Myanmar မန္တလေးမြို့က ဈေးချို၊ ဒိုင်းမွန်းပလာဇာ၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးတို့ကို လာမယ့် မတ်လ ၂၁ရက်ကစပြီး မနက်၈နာရီခွဲကနေ ညနေ ၄နာရီထိ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ အဲ့ဒီဈေးတွေကို မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းစတင်တဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ဒုတိယအပတ်ကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဈေးပြန်ဖွင့်

Read More

မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ်ကြောင်း

မန္တလေး၊ မတ်-၁၉-၂၀၂၁ မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

လွိုင်ကော်မြို့ မှိုင်းလုံးရပ်သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်သူ သေဆုံး

မတ် ၁၈-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်နေ့ မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားတဦး သေဆုံးသွားပြီဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “သေဆုံးသူက မှိုင်းလုံးရပ်ကွက်ကပါပဲ။ ‌သူကဆီးစပ်မှာ ကျည်ထိမှန်ခဲ့ပြီး သူနာပြုက ပေါင်ကိုထုတ်ချင်းပေါက်သွားခဲ့တာပါ။ ကနေ့ လွိုင်ကော်မှာ ကျည်စစ်ထိမှန်သေဆုံးမှု ပထမဆုံးအကြိမ်ပါ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ မှိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၇နှစ် အရွယ်ရှိ ဦးရှမ်းပုဆိုသူ ဖြစ်ပါတယ်။ မနက် ၁၁ နာရီလောက်က စတင်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တယားတွေနဲ့ အတားဆီးတွေကို စတင်ဖယ်ရှားရှင်းလင်းပြီး မကြာခင် သေနတ်‌ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်မြို့က မှိုင်းလုံးသပိတ်စစ်ကြောင်းနဲ့ ချိကယ်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက တစ်ပြိင်နက်ထဲ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပြီး သူနာပြုဆရာမတဦးလည်း ပေါင်ကို ကျည်ထိမှန်ခဲ့ကာ…

Read More

မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်အတွင်းက ရေမျှောသပိတ်

မတ် ၁၉ -၂၀၂၁ Voice Of Myanmar မြစ်ကြီးနားမြို့ ၊ ဧရာဝတီမြစ်မှာ ဒီကနေ့နေ့လယ်ပိုင်းက အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေဟာ ရေမျှောသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ မြစ်ကြီးနားမြို့အတွင်းမှာ ဒီကနေ့ ဆိုင်ကယ်သပိတ်နဲ့ ပြောက်ကြားလမ်းလျှောက်သပိတ်လည်း ပြုလုပ်ခဲ့ပါသေးတယ်။ လမ်းလျှောက်သပိတ်ကိုတော့ မြစ်ကြီးနားမြို့ ဈေး ၁ အနီးပြုလုပ်ဖို့ လူစုနေစဉ်မှာပဲ ဖြိုခွဲခံရလို့ လူပြန်စုပြီး ဧရာဝတီမြစ်အတွင်းမှာ ရေမျှောသပိတ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြစ်ကြီးနား

Read More

မတ် ၁၅ရက် မြင်းခြံသပိတ်မှာ ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားဆုံးပါး

မတ် ၁၉-၂၀၂၁ KLY(VOM) မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုအတွင်း ပါးစပ်ကိုကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ မန္တလေးမှာ သွားရောက်ကုသမှုခံယူနေရတဲ့ အမျိုးသားတစ်ဦး ဒီနေ့ မတ် ၁၉ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မန္တလေးမှာ ဆုံးပါးသွားလို့ အလောင်းကို ပြန်သယ်ဆောင်လာတာလည်း နေအိမ်ပြန်ရောက်ပါပြီ။ ကိုအောင်ကိုကိုခန့်က ပါးစပ်ကို ကျည်ဆန်ထိမှန်ခဲ့သလို ရိုက်နှက်ခံရသူပါ” လို့ မြင်းခြံမြို့ခံ ပရဟိအဖွဲ့စည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောပြပါတယ်။ ဒီနေ့ ထပ်မံသေဆုံးတဲ့ အသက် ၂၇နှစ်အရွယ်ရှိ ကိုအောင်ကိုကိုခန့် အပါအဝင် မြင်းခြံမှာ သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၇ဦးလောက်ရှိပြီလို့ သိရပါတယ်။ ဓါတ်ပုံ-သက်နိုင်အောင် #VoiceOfMyanmar #VOM #မြင်းခြံ #သပိတ် #သေဆုံး #ဒဏ်ရာရ

Read More

မြောက်ဥက္ကလာပမှာ ကျည်ထိမှန် သေဆုံးခဲ့တဲ့ အမျိုးသမီးစျာပန ရေဝေးသုသာန်တွင်ပြုလုပ်

ရန်ကုန်၊ မတ် ၁၉-၂၀၂၁ အေးချမ်းသူ(VOM) မြောက်ဥက္ကလာပမြို့နယ် ၁ရပ်ကွက် ဘုန်းကြီးလမ်းမှာ မနေ့ မတ် ၁၉ရက် ညနေက ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ အသက် ၂၂ အရွယ် အစ္စလာမ်ဘာသာဝင် ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၁၉ရက်နေ့လယ်ပိုင်းက ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူဟာ အဲ့ဒီလမ်းထဲမှာ နေထိုင်သူဖြစ်ပြီး ဆန္ဒပြပွဲမှာ ပါဝင်သူမဟုတ်ဘဲ ကွမ်းယာရောင်းနေစဥ် သေနတ်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ တပ်မတော်က အာဏာရယူပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်တပ်နှင့်ရဲရဲ့ ဖြိုခွင်းခဲ့မှုကြောင့် သေဆုံးသူ ၁၄ဦးလောက်ရှိနေပြီး မြောက်ဥက္ကလာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်ပါတယ်။ #VoiceOfMyanmar #VOM #မြောက်ဥက္ကလာပ #ရိုစာနာဘီ #မအေးအေးခိုင် #သေဆုံး

Read More

အောင်ပန်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ဦးသေ ၇ဦး ဒဏ်ရာရ

မတ် ၁၉-၂၀၂၁ Voice Of Myanmar ဒီနေ့ မတ် ၁၉ရက် မနက်ပိုင်းက အောင်ပန်းမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၂ဦးသေဆုံးပြီး ၇ဦးလောက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။ ကိုကျော်သူဝင်းနဲ့ ကိုထွန်းအောင်ကျော်ဆိုသူတို့ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးသဲ၊ ကိုဇော်ထွန်း၊ ပါပွတ်(ခ)ကိုရဲနိုင်ထွန်း၊ ကိုနိုင်စိုး၊ ကိုချစ်ဖွေးနဲ့ ဒေါ်သွယ်သွယ်မာတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲလုပ်ဖို့ လူစုနေတုန်းမှာ ဖြိုခွဲခံရတာလို့ သိရပြီး အိမ်ထဲက ကြည့်နေတဲ့သူတွေအပါအဝင် ဆန္ဒပြသူအများအပြား ဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #အောင်ပန်း #သပိတ် #ဖြိုခွဲ #သေဆုံး #ဒဏ်ရာရ

Read More

လွိုင်ကော်သပိတ် ပစ်ခတ်ဖြိုခွဲခံရပြီး သူနာပြုဆရာမတစ်ဦး ပေါင်ထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာရ

မတ် ၁၈-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲကပစ်ခတ်ဖြိုခွဲခဲ့လို့ သူနာပြုဆရာမတစ်ဦး ပေါင်ကိုထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်သပိတ်ကော်မတီကနေ သိရပါတယ်။ “ဆယ့်တစ်နာရီလောက်မှာစပြီး ပစ်ခတ်ဖြိုခွင်းတာတွေလုပ်တယ်။ ကနေ့ကစစ်ကြောင်းတွေ ပေါင်းမိသလိုဖြစ်ပြီး အင်အား ၃၀၀၀ လောက်ရှိတယ်။ ပေါင်ကိုထိမှန်တဲ့ ဆရာမလေးကို ပြင်ပဆေးခန်းတစ်ခုမှာ ကုသပြီးကျည်အစစ်ထုတ်ယူနိုင်ခဲ့ပါပြီ” လို့ သပိတ်ကော်မတီမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မနက် ၁၁ နာရီလောက်က စတင်ပြီး တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တရားတွေနဲ့ အတားဆီးတွေကို စတင်ဖယ်ရှားရှင်းလင်းပြီး မကြာခင် သေနတ်‌ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ ချိကယ်ရပ်သပိတ်စစ်ကြောင်းကိုလည်း ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဖမ်းဆီးခံရသူ နှစ်ဦးလောက် ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဓါတ်ပုံ-pkpf #VoiceOfMyanmar #VOM #လွိုင်ကော် #သပိတ်စစ်ကြောင်း #ဖြိုခွဲ #ဒဏ်ရာရ #သူနာပြုဆရာမ

Read More

နေပြည်တော်က BBCနဲ့ Mizzima သတင်းထောက်၂ဦး ဖမ်းဆီးခံရ

မတ် ၁၉ -၂၀၂၁ Voice Of Myanmar နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး ဒီကနေ့မနက်ပိုင်း ဦး၀င်းထိန်ရုံးထုတ်မှာ BBCသတင်းထောက် ကိုအောင်သူရနဲ့ Mizzimaသတင်းထောက် ကိုသန်းထိုက်အောင် တို့၂ဦး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဖမ်းခံရတဲ့ မိသားစုတစ်ဦးကို ဆက်သွယ်ရာမှာတော့ ဘယ်ခေါ်သွားမှန်းမသ်ိတဲ့အတွက် စိတ်ပူနေကြောင်းပြောပါတယ်။ နစက ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ သတင်းထောက် ၄၀ ဦး၊ ပြန်လွှတ်လာသူ ၂၀၊ ဖမ်းခံထားရဆဲ ၁၈ ဦး၊ ၅၀၅(က)နဲ့ အမှုဖွင့်ခံသူ ၉ ဦးထဲမှ အာမခံရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #သတင်းထောက်နှစ်ဦး #ဖမ်းဆီးခံရ

Read More
VOM News

FREE
VIEW