မြောက်ဥက္ကလာပမှာ ကျည်ထိမှန် သေဆုံးခဲ့တဲ့ အမျိုးသမီးစျာပန ရေဝေးသုသာန်တွင်ပြုလုပ်

ရန်ကုန်၊ မတ် ၁၉-၂၀၂၁
အေးချမ်းသူ(VOM)

မြောက်ဥက္ကလာပမြို့နယ် ၁ရပ်ကွက် ဘုန်းကြီးလမ်းမှာ မနေ့ မတ် ၁၉ရက် ညနေက ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ အသက် ၂၂ အရွယ် အစ္စလာမ်ဘာသာဝင် ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၁၉ရက်နေ့လယ်ပိုင်းက ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။

သေဆုံးသူဟာ အဲ့ဒီလမ်းထဲမှာ နေထိုင်သူဖြစ်ပြီး ဆန္ဒပြပွဲမှာ ပါဝင်သူမဟုတ်ဘဲ ကွမ်းယာရောင်းနေစဥ် သေနတ်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

တပ်မတော်က အာဏာရယူပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်တပ်နှင့်ရဲရဲ့ ဖြိုခွင်းခဲ့မှုကြောင့် သေဆုံးသူ ၁၄ဦးလောက်ရှိနေပြီး မြောက်ဥက္ကလာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်ပါတယ်။

#VoiceOfMyanmar #VOM #မြောက်ဥက္ကလာပ #ရိုစာနာဘီ #မအေးအေးခိုင် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW