လွိုင်ကော်မြို့ မှိုင်းလုံးရပ်သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်သူ သေဆုံး

မတ် ၁၈-၂၀၂၁
KLY(VOM)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်နေ့ မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားတဦး သေဆုံးသွားပြီဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“သေဆုံးသူက မှိုင်းလုံးရပ်ကွက်ကပါပဲ။ ‌သူကဆီးစပ်မှာ ကျည်ထိမှန်ခဲ့ပြီး သူနာပြုက ပေါင်ကိုထုတ်ချင်းပေါက်သွားခဲ့တာပါ။ ကနေ့ လွိုင်ကော်မှာ ကျည်စစ်ထိမှန်သေဆုံးမှု ပထမဆုံးအကြိမ်ပါ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ မှိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၇နှစ် အရွယ်ရှိ ဦးရှမ်းပုဆိုသူ ဖြစ်ပါတယ်။

မနက် ၁၁ နာရီလောက်က စတင်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တယားတွေနဲ့ အတားဆီးတွေကို စတင်ဖယ်ရှားရှင်းလင်းပြီး မကြာခင် သေနတ်‌ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

လွိုင်ကော်မြို့က မှိုင်းလုံးသပိတ်စစ်ကြောင်းနဲ့ ချိကယ်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက တစ်ပြိင်နက်ထဲ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပြီး သူနာပြုဆရာမတဦးလည်း ပေါင်ကို ကျည်ထိမှန်ခဲ့ကာ ဖမ်းဆီးခံရသူအချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #လွိုင်ကော် #မှိုင်းလုံးရပ်သပိတ်စစ်ကြောင်း #ဖြိုခွဲ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW