စစ်တပ်အကြမ်းဖက်မှု ကုလအတွင်းရေးမှူးချုပ် ဆက်လက် ရှုတ်ချ

မတ် ၂၀ -၂၀၂၁

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင် နေတဲ့ အပေါ် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ သတင်းထောက် တွေပါ မကျန် ထင်ရာစိုင်း ဖမ်းဆီးမှုတွေဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

အခြေခံလူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားရေး၊ ကုလ လုံခြုံရေး ကောင်စီ အပါအဝင် တောင်းဆိုမှုတွေ အားလုံးကို မြန်မာစစ်တပ် ဟာ ဆက်လက် အာခံနေဆဲလို့ ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ ခိုင်မာပြတ်သားပြီ ညီညွတ်တဲ့ တုံ့ပြန် ဆောင်ရွက်မှု လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း သူကပြောပါတယ်။

တည်ငြိမ် အေးချမ်းပြီး သာယာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်လာရေး မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒ နဲ့ အတူ ဆက်လက်ရပ်တည် သွားမှာ ဖြစ်ပြီးတယ်လို့ ကုလ အတွင်းရေးမှူးချုပ်က ဖေါ်ပြထား ပါတယ်။

ဓါတ်ပုံ – UN Geneva
#voiceofmyanmar #VOM #ကုလသမဂ္ဂ #မြန်မာစစ်တပ် #ရှုတ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW