တောင်ငူမှာ လူငယ် ၅၀၀ ခန့် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

မတ်၂၅-၂၀၂၁
KLY(VOM)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ဒီနေ့ မတ် ၂၅ရက် မနက် ၁၀ နာရီလောက်က စတင်ပြီး ဒေသခံလူငယ် ၅၀၀ ခန့်က အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့ထဲ
လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“တပ်နဲ့ရဲက ပိတ်ဆို့နေလို့ဆင်ခြေဖုံးရပ်ကွက်တွေထဲထိ ချီတက်ခဲ့ရတယ်။အခု
လက်ရှိတော့ ကလေးတွေလူစုခွဲကာနီး ကားလေးငါးစီးနဲ့ ဝင်ဖမ်းဖို့ ကြိုးပမ်း
လို့ ကလေးတွေ လူစုကွဲသွားတယ်” လို့ ‌လူငယ်တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်က ဒေသခံ ကျောင်းသားလူငယ် ၅၀၀ ခန့်ဟာ ရွှေအင်းတိန်ဘုရား စုရပ်ကနေ စတင်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လမ်းတစ်လျှောက်ဒေသခံတွေက လက်ခုပ်ဩဘာတီးပြီးကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW