မြစ်ကြီးနားမီးရထားရဲတပ်ဖွဲ့က CDM ဝင်တဲ့ရဲတစ်ချို့ ရဲပြေးစာရင်းကြေညာခံရမှာစိုးရိမ်နေ

မတ် ၂၅-၂၀၂၁
YAT(VOM)

ကချင်ပြည်နယ် မြစ်ကြီးနားမီးရထားရဲတပ်ဖွဲ့ကနေ CDM ဝင်ထားလို့ ရဲပြေးအဖြစ် ကြေညာခံရမှာ စိုးရိမ်နေတယ်လို့ အခက်ကြုံနေရတဲ့ CDM ဝင်သူ ရဲဝန်ထမ်းက မတ်လ ၂၄ ရက်နေ့မှာ VOM ကို ပြောပါတယ်။

အဲ့ဒီရဲဝန်ထမ်းက သူ CDM ဝင်သွားတဲ့ အကြောင်း ဖောင်ဖြည့်တင်ထားပေမယ့်။ သူ့မိခင်ဌာနကနေ CDM ဝင်ကြောင်း ထုတ်ပြန်စာလည်းမထွက်၊ ရဲပြေးအဖြစ်လည်း မကြော်ငြာထားဘူးလို့ သိရပါတယ်။ ” ၂၁ ရက်ပြည့်မှ ကျွန်တော့်ကို ရဲပြေးကြော်ငြာမှာလေ သူတို့ဆီ ၂၁ ရက် မပြည့်ခင် ပြန်လာလျှင်တော့ ပြန်ခန့်မယ်ပေါ့ ၊ မလာဘူးဆိုလျှင်တော့ ရဲပြေးကြော်ငြာမယ်ပေါ့ အခုဟုတ်စာ ကျွန်တော်က ရဲပြေးမှ မဟုတ်တာ ကျွန်တော်က CDM ဖောင်တင်ထားပြီးမှ CDM ဝင်ထားဝာာလေ (မတ်လ) ၁၄ ရက်နေ့ မနက်ခင်းကတည်းက ကျွန်တော်က ၊ ခွင့်မဲ့လို့လည်း မယူဘူး။ ပြည်သူလူထုနဲ့ အတူပေါင်းမယ်ဆိုပြီး စာရေးတင်ထားတာ။ ဆရာတွေဘာတွေကတော့ မဝင်နဲ့ မင်းဘာလုပ်မှာလည်း ဒီဟုတ်စာက တစ်ချိန်ကျလျှင် သူ့ဟာနဲ့သူပြီးသွားမှာလို့ပေါ့ ကျွန်တော်က အဲ့ဒီတစ်ချိန်ကို မစောင့်ချင်တာ ကျွန်တော့်ဘက်ကလည်း ကိုယ့်အတွက်လည်း မဟုတ်ဘူး တစ်တိုင်းပြည်လုံးအတွက် တစ်ထောင့်တစ်နေရာကနေ ပါချင်တာပေါ့ ” လို့ မီးရထားရဲဝန်ထမ်း ဦးဇင်မောင်မောင်က ပြောပါတယ်။

သူရဲ့ အသိတစ်ချို့နဲ့ အထက်အရာရှိတွေက ဆက်သွယ်ပြီး CDM မဝင်ဖို့ လှမ်းတိုက်တွန်းဝာာမျိုး ရှိပေမယ့် သူကတော့ ပြည်သူလူထု အေးချမ်းသာယာမှ အလုပ်ပြန်ဝင်မှာဖြစ်ပြီး အခုလို အချိန်မှာ အလုပ်ပြန်မဆင်းနိုင်ဘူးလို့ ပြောထားတယ်လို့ ဆိုပါတယ်။ သူ့အသိတွေထဲမှာလည်း သူ CDM ဝင်ပြီး‌နောက်ထပ် ၆ ယောက်လောက် CDM ထပ်ဝင်လာတာ ရှိပေမယ့် အလုပ်ပြန်ဆင်းတာမျိုး မရှိဘူးလို့ သိရပါတယ်။ မြစ်ကြီးနားမီးရထားရဲဌာနခွဲရုံးမှာ စာတင်ထားတဲ့ တခြားဝန်ထမ်းတွေကတော့ CDM လုပ်သွားတယ်‌၊ ရဲပြေး မဟုတ်တော့ဘူးပေါ့ ၊ ခွင့်မဲ့ ပျက်ကွက်မဟုတ်ကြောင်း စာထုတ်ထားပြီး သူ့အတွက် စာမထုတ်တဲ့အပေါ် စိုးရိမ်နေတဲ့အကြောင်းကို

” ကျွန်တော့်ကိုကျ ခွင့်မဲ့ပျက်ကွက်လည်း မထုတ်ထားဘူး ရဲပြေးလည်း မထုတ်ထားဘူး CDM လည်း မထုတ်ထားဘူး။ ကိုယ်ကပြည်သူလူထုနဲ့ ကိုယ့်စိတ်ကိုယ့်သဘောတူ CDM ဝင်ထားတာလေ သူတို့အတွေးထဲမှာ ရဲပြေးဆိုတဲ့အတွေးမဝင်စေချင်ဘူး အဲ့ဒါတစ်ခုတော့ စိုးရိမ်တာပေါ့။ CDM အပြစ်ကို ကျွန်တော်ခံနိုင်တယ် ရဲပြေးဆိုတဲ့ အပြစ်ကို မခံချင်ဘူး။ စာထဲမှာ ရဲတပ်ဖွဲ့သိက္ခာကျအောင်လည်း ကျွန်တော်မလုပ်ဘူး ပြည်သူလူထုနဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့အကြောင်းပဲ ရေးပြီးတင်ထားတယ်။ အခုကတော့ မြို့ပေါ်မဟုတ်တော့ဘူးပေါ့ တောထဲပဲ အောင်းနေရတာပေါ့၊ မတင်မကျဖြစ်နေတော့ နည်းနည်းတော့ စိုးရိမ်ရတာပေါ့ ၊ မိသားစုအတွက်ရော ကိုယ့်အတွက်ရော ။ ပြောချင်တာကတော့ မြန်မြန်လေးနိုင်အောင် CDM ကျန်တဲ့အဖွဲ့တွေကိုလည်း လုပ်စေချင်တယ်။ ကျွန်တော်တို့လိုပဲ ဒုက္ခရောက်နေတဲ့ မိသားစုတွေကိုလည်း ပြေလည်စေချင်တယ်။ လို့ ပြေပါတယ်။

ဦးဇင်မောင်မောင်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားကနေ ရှမ်းပြည်နယ် အောင်ပန် ပြောင်း ဖို့ ၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်နေ့က စာတင်ထားပြီး ၂၀၂၁ မတ်က ၉ ရက်နေ့မှာ ပြောင်းစာပြန်ကျထားတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ကချင်ပြည်နယ်ကနေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ CDM ဝင်တဲ့အကြောင်း ဖောင်ဖြည့်ပြီး လိုင်းပေါ်ကနေ တင်လိုက်ပေမယ့် သူတင်တင်လိုက်တဲ့ဖောင်က ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် အောင်ပန်းရုံးကို မရောက်တဲ့အတွက် CDM ဝင်သွားပါတယ်ဆိုတဲ့အကြောင်းကို စာကြောင်းအတိုနဲ့ အောင်ပန်းခွဲရုံးကို ပို့ဖို့ ကြိုးစားပေမယ့်ဖုန်းနဲ့ အင်တာနက်လိုင်းမကောင်းတာ၊ သူနေထိုင်တဲ့နေရာနဲ့ အလှမ်းဝေးတာတွေကြောင့် အခက်ကြုံရတယ်လို့ သူက ဆိုပါတယ်။

#VoiceOfMyanmar #VOM #မြစ်ကြီးနားရဲ #ရဲပြေး

Related posts

Leave a Comment

VOM News

FREE
VIEW