ခင်ဦးက သေနတ်ထိမှန်သူ ၃ အနက် CDM ဝန်ထမ်း ၁ ဦး အပါအဝင် ၂ ဦး ကျဆုံး

မတ် ၂၆ -၂၀၂၁
KTG(VOM)

မနေ့ မတ် ၂၅ရက် နေ့ခင်းပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့ပေါ် ပစ်ခတ်မှုဖြစ်စဥ်မှာ ကျည်ဆံထိမှန်သူ ၃ ဦးအနက် CDM ဝန်ထမ်း တစ်ဦးအပါအဝင် လူ ၂ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီမြို့ခံတွေဆီက သိရပါတယ်။

” သေနတ်မှန်သူ ၃ ယောက်ထဲက ၂ ယောက်တော့ ကျဆုံးသွားပြီ ၊ မြို့နယ် ​မြေစာရင်းရုံးက CDM လုပ်နေတဲ့ ဝန်ထမ်း ကိုစိုးဇော်အောင် နဲ့ အသက် ၁၉ နှစ် အရွယ် လူငယ်တစ်ယောက်ဖြစ်တယ် ” လို့ ခင်ဦးမြို့ခံ တစ်ယောက်က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ရဲ့ အဲ့ဒီပစ်ခတ်မှု အပြီးမှာ ဒေသခံပြည်သူတွေကို လိုက်လံ ဖမ်းဆီးတာတွေရှိခဲ့ပြီး လူ ၃၀ ထက်မနည်း ဖမ်ခံထားရတယ်လို့ သိရပါတယ်

#VoiceOfMyanmar #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW