ဆိပ်မူကျေးရွာမှာ ရဲကား (၃)စီး မိုင်းခွဲ တိုက်ခိုက်ခံရ

မတ် ၂၆ -၂၀၂၁ ZMH(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်နယ်၊ ဆိပ်မူကျေးရွာ ကျောက်သွေးတောင်လမ်းမှာ အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းကား (၃)စီးကို ဒီကနေ့ ညနေ ၄ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုင်းတောင်ဒေသခံတွေဆီကနေ သိရပါတယ် ။ ” ဆိုင်းတောင် NLD ရုံးရှေ့လမ်းမှာ ရဲကားသုံးစီးသွားနေတုန်း ဆီးပစ်တယ်ထင်တာပဲ ၊ လက်နက်ကြီးလား ၊မိုင်းလား ၊ဗုံးလားတော့မသိဘူး ။ နောက်ဆုံးရဲကားကတော့ ဘယ်မှန်တယ်တော့မသိဘူး ။မီးခိုးလုံးတွေ ကြားထဲက ရဲတွေထွက်ပြေးလာတာ တွေ့တာပဲ “လို့ မျက်မြင်တွေ့ရှိတဲ့ ဆိုင်းတောင်ရွာသားတစ်ဦးကပြောပါတယ် ။ မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာတွေလည်း ရှိခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ် ။ အဲ့ဒီလိုပစ်ခတ်မှုကြောင့် ရဲသားတစ်ဦး လက်မှာ ဒဏ်ရာရခဲ့တာကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ တပ်မတော်၊တိုက်ခိုက်ရေး…

Read More

ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဖမ်းဆီးခံရ

မန္တလေး-မတ် ၂၆-၂၀၂၁ Voice Of Myanmar(VOM) မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ်တရားရုံးက မြို့နယ်တရားသူကြီး ဦးကိုကို ကို ပုဒ်မ ၅၀၅(က) နဲ့ မတ်လ ၂၅ ရက်ကဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်ကိုပို့ထားပါတယ်။ မြို့နယ်တရားသူကြီးဦးကိုကိုဟာ စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်ရဲ့ညွန်ကြားချက်ကို ဌာနဆိုင်ရာချင်း ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်တာ အပါအဝင်၊ “တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို တပ်မတော်က သိမ်းပိုက်ပြီး၊ မင်းတို့ စောက်ရဲတွေလည်း စစ်တပ်က ခိုင်းတာပဲ လုပ်နေတယ်၊ ငါတော့ မလုပ်နိုင်ဘူး၊ တရားရုံးကို ထောင်ထဲပို့လိုက်ပြီ”လို့ ပြောဆိုတဲ့အတွက်၊ နိုင်ငံ့ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲရအောင်၊ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် ပြုမူဆောင်ရွက်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က )အရ၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးညွန့်ဝင်းက တရားလို လုပ် အမှုဖွင့်ဆိုခဲ့ဖြစ်ပါတယ်။ ဖမ်းခံရတဲ့ ဦးကိုကိုနဲ့နီးစပ်သူအပြောအရတော့ တရားသူကြီးမသိဘဲ ရဲတပ်ဖွဲ့ကကျော်လွန်လုပ်ဆောင်တာတွေကို မကျေနပ်လို့ပြောရာကနေ ခုလိုဖမ်းခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM…

Read More

ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူတွေထဲက လူ ၃၀၀ကျော်ကို ပြန်လွှတ်​

ရန်ကုန်၊ မတ် ၂၆-၂၀၂၁ အေးချမ်းသူ၊မင်းထက်စံ(VOM) ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေအနက် အယောက် ၃၀၀ကျော်ကို ဒီနေ့ မတ် ၂၆ရက် ညနေပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တယ်လို့ လိုက်လံကူညီပေးနေတဲ့ရှေ့နေတွေကနေ သိရပါတယ်။ ဒီနေ့ ပြန်လည်လွတ်​မြောက်သူတွေဟာ မတ်လ၇ရက်နေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထားသူတွေထဲက အချို့ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်နီလာခိုင်က ပြောပါတယ်။ “ရဲစခန်းတွေ ပို့ပြီးတော့မှ ရဲစခန်းကတဆင့်ပြန်လွှတ်တာပါ ထောင်ကနေကားနဲ့သက်ဆိုင်ရာမြို့နယ်စခန်းတွေကို လိုက်ပို့တာ ပြီးမှသက်ဆိုင်ရာရဲစခန်းကနေပြန်လွှတ်တာပါ” လို့ ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးရာမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအသီးသီးသို့ YBSယာဉ်တွေနဲ့ တင်ဆောင်ပြီးနောက် ရဲစခန်းကနေတဆင့် ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်​မြောက်လာသူတစ်ဦးက VOMကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ရက်နေ့ကလည်း ရန်ကုန်တိုင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေအနက် ကျား ၃၆၀ မ၂၆၈ စုစုပေါင်း ၆၂၈ ယောက်ကို အင်းစိန်အကျဉ်းထောင်ကနေ…

Read More

မြိတ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ် ၂ ဦး သေဆုံးကာ လူ ၃၀ကျော် ဖမ်းဆီးခံရ

မတ် ၂၆ ၊ ၂၀၂၁ Voice Of Myanmar တနင်္သာရီတိုင်း၊ မြိတ်မြို့ ၊ တိုးချဲ့မြို့သစ်မှာ ဒီကနေ့ မတ် ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲခဲ့ရာ လူငယ် ၂ ​ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး လူ ၃၀ ဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ မြိတ်မြို့ခံတွေကနေ သိရပါတယ်။ မြိတ်မြို့ တိုးချဲ့မြို့သစ်ပိုင်းက အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ” လမ်းပိတ်ဆို့ထားတဲ့ အရံအတားတွေကို ကျော်ပြီး ပစ်ခတ်တာဖြစ်တယ် ၊ ကိုမင်းထက်ပိုင် ဆိုတဲ့သူကတော့ ဦးခေါင်း ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားတယ် ၊ နောက်တစ်ယောက်လည်း သေဆုံးတယ်လို့ ကြားရတယ်၊ ဖမ်းသွားတဲ့လူ ၃၀ ကျော်လောက်ရှိတယ် ” လို့ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ကို မြင်တွေ့ရသူ…

Read More

နဘားလမ်းဆုံအနီးက လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်လို့ လျှပ်စစ်ဓာတ်အားတွေပြတ်တောက်နေ

မတ် ၂၆ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံကို ဒီကနေ့ မတ် ၂၆ ရက် နေ့ခင်း ၁၂ နာရီ ဝန်းကျင်က တောမီးတွေ ကူးစက်လောင်နေလို့ ဓာတ်အားဖြန့်ဖြူးရေးတွေ ယာယီ ပြတ်တောက်ထားတယ်လို့ နဘား ဒေသခံတွေကနေ သိရပါတယ်။ အဲ့ဒီ ဓာတ်အားခွဲရုံဟာ အင်းတော် ၊ မြစ်ကြီးနား ၊ ကသာ လမ်းဆုံအနီးမှာတည်ရှိပြီး မဟာဓာတ်အားလိုင်းကြီးတွေ ဝင်ရောက်တဲ့ ပင်မ ဓာတ်အားခွဲရုံကြီးဖြစ်ပါတယ်။ ဓာတ်အားခွဲရုံ တောမီးကူးဆက်လောင်မှုမရှိရေးအတွက် နှစ်တိုင်းက မီးတားကွင်းတွေ ကြိုတင်လုပ်ကိုင်ထားလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အဲ့ဒီလို လုပ်ကိုင်တာ ရှိ၊ မရှိမသိရဘူးလို့ နဘားဒေသခံတွေက ပြောပါတယ်။ #VoiceOfMyanmar #VOM #နဘား #ဓါတ်အားခွဲရုံ #မီးလောင်

Read More

တောင်ဒဂုံမှာ စစ်တပ်ကပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၄ဦးရှိ

ရန်ကုန်၊မတ် ၂၆-၂၀၂၁ အေးချမ်းသူ(VOM) တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်ဂိတ်ဟောင်းမှတ်တိုင်မှာ ဒီနေ့ မတ် ၂၆ရက် မနက် ၁နာရီလောက်က စစ်တပ်က ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက “ညက စစ်ကားတွေလာလို့ ဆန္ဒပြမယ်ဆိုပြီးထွက်သွားတာဂိတ်ဟောင်းမှတ်တိုင်မှာ ခေါင်းကိုထိပြီးနေရာတွင် ပွဲချင်းပြီးသေသွားတာပါ” လို့ VOM ကို ပြောပါတယ်။ သေဆုံးသူဟာ တောင်ဒဂုံမြို့နယ် ၁၀၇ရပ်ကွက် မြသီရီလမ်းနေ အသက် ၂၈နှစ်အရွယ်ရှိ ကိုနိုင်ရဲလင်းဆိုသူဖြစ်ပြီးဒီနေ့ မနက် ၁၀ နာရီအချိန် ကျီစုသုသာန်မှာ မီးသဂြိုလ်ပြီးတယ်လို့ မိသားစုဝင်တစ်ဦးက VOMကို ပြောပါတယ်။ တောင်ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆မြို့နယ်မှာ ပါဝင်တဲ့ မြို့နယ်လည်းဖြစ်ပါတယ်။ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ဖြိုခွင်းလို့ လက်ရှအချိန်ထိ လူ ၇ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။ #VoiceOfMyanmar…

Read More

မုံရွာမှာ ပျောက်ဆုံးသွားတဲ့ ရဲ ၂ ယောက် သုဿန်အဝမှာ သေဆုံးလျက်ပြန်တွေ့

မတ် ၂၆ -၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ဆာကျင်းမြို့မ သုဿန်အဝမှာ ဒီနေ့ မတ် ၂၆ ရက် မနက်အစောပိုင်းက ဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဆားကျင်းရွာခံ ပြည်သူတွေဆီက သိရပါတယ်။ အဲ့ဒီ တွေ့ရှိရတဲ့ သေဆုံးရဲ ၂ ယောက်ဟာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲစစ်ဆေးချက် မှတ်တမ်းများအရ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီ သေဆုံး ရဲ ၂ ယောက်ဟာ ယင်းမာပင်ခရိုင် ပုလဲမြို့ ၊ ပုလဲမြို့မ ရဲစခန်းမှာ တာဝန်ဆောင်နေတဲ့ ရဲတပ်သား သိန်းထွန်း ဆိုသူနဲ့ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ၊ ခင်ဦးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား…

Read More

နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်ရေကစားမဏ္ဍပ်တည်ဆောက်နေ

နေပြည်တော်-မတ်-၂၆-၂၀၂၁ ကိုထွန်း(VOM) နေပြည်တော်မြို့တော်ဝန်ရေကစားမဏ္ဍပ်ကြီးကို ပျဥ်းမနား-တောင်ညိုကားလမ်းဘေးနေပြည်တော်မြို့တော်ခန်းမရှေ့မှာ တည်ဆောက်ရှိနေတာကို မတ်လ ၂၆ ရက် ၁၂း၀၀ နာရီကမြင်တွေ့ခဲ့ရပါတယ်။ #voiceofmyanmar #vom #နေပြည်တော်

Read More

ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်းကို ရဲကတားပေမယ့် အေးချမ်းစွာ အဆုံးသတ်

ဖားကန့်၊မတ်လ-၂၆ရက်၊၂၀၂၁ နောင်ရိုး ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်း ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ပေမယ့် အေးချမ်းစွာ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၆ရက် မနက်က မော်ဝမ်းရပ်ကွက်စျေးလမ်းမအတိုင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့သပိတ်စစ်ကြောင်းနောက်ကို ရဲအင်အား ၃၀ လောက်က လိုက်လံတားဆီးခဲ့တာဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ရာမှာ ပါတဲ့သူတစ်ဦးကပြောပါတယ်။ အလားတူ လုံးခင်းနဲ့ အေးမြသာယာမှာလည်း ကျေးရွာအုပ်စုလမ်းတွေမှာ ဆန္ဒဖော်ထုတ်နေကြောင်း သိရပါတယ်။ ဖားကန့်မှာ နေ့စဥ်ဆန္ဒပြနေတာမှာ ဒီနေ့ဆို ၄၃ ရက်တိတိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဖားကန့်

Read More
VOM News

FREE
VIEW