မြိတ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ် ၂ ဦး သေဆုံးကာ လူ ၃၀ကျော် ဖမ်းဆီးခံရ

မတ် ၂၆ ၊ ၂၀၂၁
Voice Of Myanmar

တနင်္သာရီတိုင်း၊ မြိတ်မြို့ ၊ တိုးချဲ့မြို့သစ်မှာ ဒီကနေ့ မတ် ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲခဲ့ရာ လူငယ် ၂ ​ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး လူ ၃၀ ဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ မြိတ်မြို့ခံတွေကနေ သိရပါတယ်။

မြိတ်မြို့ တိုးချဲ့မြို့သစ်ပိုင်းက အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ” လမ်းပိတ်ဆို့ထားတဲ့ အရံအတားတွေကို ကျော်ပြီး ပစ်ခတ်တာဖြစ်တယ် ၊ ကိုမင်းထက်ပိုင် ဆိုတဲ့သူကတော့ ဦးခေါင်း ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားတယ် ၊ နောက်တစ်ယောက်လည်း သေဆုံးတယ်လို့ ကြားရတယ်၊ ဖမ်းသွားတဲ့လူ ၃၀ ကျော်လောက်ရှိတယ် ” လို့ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ကို မြင်တွေ့ရသူ တစ်ယောက်ကလည်း ” ဖမ်းသွားတာက အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၃၀ ကျော်ရှိတယ် ၊ အားလုံး ၄၀ ထက်မနည်းရှိနိုင်တယ် ၊ ကျဆုံးသူ နဲ့ ဒဏ်ရာရတချို့ကို လုံခြုံရေးအဖွဲ့က ကားပေါ်တင်သွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ် လူစုကွဲသွားပြီးနောက်ပိုင်း သပိတ်စစ်ကြောင်းနဲ့ ပတ်သက်တဲ့ လိုက်လံရှင်းလင်းတာတွေကို နေ့ခင်း ၂ နာရီကျော်ထိ ပြုလုပ်နေဆဲဖြစ်ပါတယ်။

လတ်တလော ရုတ်ရင်းဆန်ခတ် အခြေအနေ ဖြစ်ပေါ်နေတဲ့အတွက် သေဆုံး ဒဏ်ရာရ အရေအတွက် စာရင်း VOM က စုံစမ်းနေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြိတ် #လူ၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW