ဆိပ်မူကျေးရွာမှာ ရဲကား (၃)စီး မိုင်းခွဲ တိုက်ခိုက်ခံရ

မတ် ၂၆ -၂၀၂၁
ZMH(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်နယ်၊ ဆိပ်မူကျေးရွာ ကျောက်သွေးတောင်လမ်းမှာ အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းကား (၃)စီးကို ဒီကနေ့ ညနေ ၄ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုင်းတောင်ဒေသခံတွေဆီကနေ သိရပါတယ် ။

” ဆိုင်းတောင် NLD ရုံးရှေ့လမ်းမှာ ရဲကားသုံးစီးသွားနေတုန်း ဆီးပစ်တယ်ထင်တာပဲ ၊ လက်နက်ကြီးလား ၊မိုင်းလား ၊ဗုံးလားတော့မသိဘူး ။ နောက်ဆုံးရဲကားကတော့ ဘယ်မှန်တယ်တော့မသိဘူး ။မီးခိုးလုံးတွေ ကြားထဲက ရဲတွေထွက်ပြေးလာတာ တွေ့တာပဲ “လို့ မျက်မြင်တွေ့ရှိတဲ့ ဆိုင်းတောင်ရွာသားတစ်ဦးကပြောပါတယ် ။

မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာတွေလည်း ရှိခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ် ။

အဲ့ဒီလိုပစ်ခတ်မှုကြောင့် ရဲသားတစ်ဦး လက်မှာ ဒဏ်ရာရခဲ့တာကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ တပ်မတော်၊တိုက်ခိုက်ရေး ရဲတပ်ရင်းတို့ဟာ မတ်လဆန်းပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဆိပ်မူ #ရဲကားသုံးစီး #မိုင်းခွဲတိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW