မုံရွာမှာ ပျောက်ဆုံးသွားတဲ့ ရဲ ၂ ယောက် သုဿန်အဝမှာ သေဆုံးလျက်ပြန်တွေ့

မတ် ၂၆ -၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ ဆာကျင်းမြို့မ သုဿန်အဝမှာ ဒီနေ့ မတ် ၂၆ ရက် မနက်အစောပိုင်းက ဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဆားကျင်းရွာခံ ပြည်သူတွေဆီက သိရပါတယ်။

အဲ့ဒီ တွေ့ရှိရတဲ့ သေဆုံးရဲ ၂ ယောက်ဟာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲစစ်ဆေးချက် မှတ်တမ်းများအရ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ သေဆုံး ရဲ ၂ ယောက်ဟာ ယင်းမာပင်ခရိုင် ပုလဲမြို့ ၊ ပုလဲမြို့မ ရဲစခန်းမှာ တာဝန်ဆောင်နေတဲ့ ရဲတပ်သား သိန်းထွန်း ဆိုသူနဲ့ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ၊ ခင်ဦးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား သန်းစိုးအောင် တို့ဖြစ်တယ်လို့ သေဆုံးစာရင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ သေဆုံး ရဲ ၂ ​ယောက်ဟာ မုံရွာမြို့ပေါ်ကို လုံခြုံရေးတာဝန် တွဲဖက်တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သူတွေဖြစ်တယ်လို့ VOM ကြားသိရပြီး မုံရွာ ရဲစခန်းကတော့ အတည်ပြုချက် တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။
အဲ့ဒီ ရဲ ၂ ​ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဒီမနက်မှာ သံသယရှိသူ လူ ၃၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပုံစာ မုံရွာမြို့ပေါ်က လုံခြုံရေးတပ်ဖွဲ့တွေ မြင်တွေ့ရပုံ

#VoiceOfMyanmar #VOM #မုံရွာ #ရဲ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW