တောင်ဒဂုံမှာ စစ်တပ်ကပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၄ဦးရှိ

ရန်ကုန်၊မတ် ၂၆-၂၀၂၁
အေးချမ်းသူ(VOM)

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်ဂိတ်ဟောင်းမှတ်တိုင်မှာ ဒီနေ့ မတ် ၂၆ရက် မနက် ၁နာရီလောက်က စစ်တပ်က ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက “ညက စစ်ကားတွေလာလို့ ဆန္ဒပြမယ်ဆိုပြီးထွက်သွားတာဂိတ်ဟောင်းမှတ်တိုင်မှာ ခေါင်းကိုထိပြီးနေရာတွင် ပွဲချင်းပြီးသေသွားတာပါ” လို့ VOM ကို ပြောပါတယ်။

သေဆုံးသူဟာ တောင်ဒဂုံမြို့နယ် ၁၀၇ရပ်ကွက် မြသီရီလမ်းနေ အသက် ၂၈နှစ်အရွယ်ရှိ ကိုနိုင်ရဲလင်းဆိုသူဖြစ်ပြီးဒီနေ့ မနက် ၁၀ နာရီအချိန် ကျီစုသုသာန်မှာ မီးသဂြိုလ်ပြီးတယ်လို့ မိသားစုဝင်တစ်ဦးက VOMကို ပြောပါတယ်။

တောင်ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆မြို့နယ်မှာ ပါဝင်တဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ဖြိုခွင်းလို့ လက်ရှအချိန်ထိ လူ ၇ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

#VoiceOfMyanmar #VOM #တောင်ဒဂုံ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW