တောင်ငူလူငယ်တွေ အရုဏ်ဦးသပိတ် ဆက်လက်ဆင်နွှဲ

မတ်၂၆-၂၀၂၁
KLY(VOM)

မနေ့ မတ် ၂၅ရက်က ဆန္ဒပြပွဲကို တပ်နဲ့ရဲကအင်အားသုံးဖြိုခွဲဖို့ ကြိုးပမ်းခဲ့ပြီးနောက်တောင်ငူမြို့ခံ လူငယ်အချို့ဟာ ဒီနေ့ မတ် ၂၆ရက် မနက် ၅ နာရီက စတင်ပြီးအရုဏ်ဦးသပိတ်အဖြစ် ဆိုင်ကယ်တွေနဲ့လူစုဝေးပြီး အာဏာရှင်စနစ်အလိုမရှိကြောင်းဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ပါတယ်။

“မနက်က တောင်ငူမြို့မိုင်ဒါကွင်းလွတ် လပ်ရေးကျောက်တိုင်နားမှာ လူစုဝေးပြီးဆိုင်ကယ်တွေနဲ့ ချီတက် ဆန္ဒဖော် ထုတ်ခဲ့ကြတာ”လို့ လူငယ်တစ်ဦးက ပြောပြပါတယ်။

တပ်မတော်က အာဏာရယူထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီးတောင်ငူမြို့ခံ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အလွှာအသီးသီးက ဒေသခံပြည်သူတွေဟာ နေ့စဉ်ရက်ဆက် နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူ #အရုဏ်ဦးသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW