တမူးမြို့မှာ မိုင်း ၂ လုံးပေါက်ကွဲလို့ ရဲ ၁ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရ

မတ်် ၂၇ -၂၀၂၁
KTG

စစ်ကိုင်းတိုင်း တမူးမြို့ ၊ စန္ဒကူးရပ်ကွက် ၊ အလောင်းဘုရားလမ်းမှာ မနေ့ မတ် ၂၆ ရက်ည ၉ နာရီဝန်းကျင်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လုံခြုံေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တမူးမြို့ခံ တွေဆီကနေ သိရပါတယ်။

တမူးမြို့ စန္ဒကူးရပ်ကွက်နေ ဒေသခံ တယောက်က ” Top Star ဘော်ဒါ အဟောင်းအနီးမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ ရဲ ၁ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့တော့ကြားရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် သေဆုံးသူ ရဲတပ်ဖွဲ့ဝင်ဟာ တမူးမြို့မရဲစခန်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား ထွန်းနိုင်စိုး ဆိုသူဖြစ်ပြီး ဝမ်းဗိုက် ၊ ခါး နဲ့ ခြေတောက်နေရာတွေမှာ ပေါက်ပြဲကြေမွ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသူရဲ့ မိတ်ဆွေ အသိုက်အဝန်းက VOM ကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လုံခြုံရေးတပ်ဖွဲ့ နဲ့ တာဝန်ကျ လိုက်ပါသွားတဲ့ ရဲ ၂ ယောက်ဟာလည်း ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာကိုယ်စီရရှိပြီး အရေးပေါ် ဆေးကုသခံနိုင်ဖို့အတွက် ကလေးမြို့ စစ်ဆေးရုံကို ညတွင်းချင်း လွှဲပြောင်းပို့ဆောင်ထားရတယ်လို့ စုံစမ်း သိရပါတယ်။

အခု မတ်လအတွင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မူးကမ်းကြီး နယ်မြေရဲ စခန်းက ရဲ ၂ ယောက် နဲ့ မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ ရဲ ၂ ယောက် တို့ဟာလည်း ပြတ်ရှဒဏ်ရာတွေနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး တမူးမြို့မှာတော့ ပေါက်ကွဲမှုကြောင့် ရဲ ၁ ယောက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ပုံစာ- စစ်ကိုင်းတိုင်း လုံခြုံရေးတပ်ဖွဲ့တွေကို မြင်တွေ့ရပုံ

#VoiceOfMyanmar #VOM #တမူး #မိုင်းကွဲ #ရဲသေ

Related posts

Leave a Comment

VOM News

FREE
VIEW