မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး

ပြင်ဦးလွင် မတ် ၂၇-၂၀၂၁ MMTO(POL) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်က ပစ်ခတ်လို့ (၇)ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ (၇) ဦးကတော့ ၁။ခေါင်းထိ ကျဆုံး(မောင်ဟိန်းထက် ၂၃နှစ်) ၂။လည်ပင်းထိ ကျဆုံး( ကိုဟိန်းမင်းသိန်း) ၃။ဗိုက်ထိ ကျဆုံး( အနီးစခန်း) ၄။သေနတ်မှန် ကျဆုံး( ကိုရဲဇင်ဝင်း – အနီးစခန်း) ၅။ခေါင်းထိ ကျဆုံး( ကိုအောင်မင်းလွင် -၂၀နှစ် ၁၂ ညံတော ) ၆။ပေါင်ထိ ကျဆုံး(ကိုအောင်ထွဍ်-၁၂ညံတော) ၇။သေနတ်မှန် ကျဆုံး ( အမျိူးသမီး အနီးစခန်း) တို့ဖြစ်တယ်လို့သိရပါတယ်။ “ကျည်အစစ်တွေ၊ရာဘာကျည်တွေ၊ စနိုက်ဘာတွေနဲ့နေရာအနှံ့လိုက်ပစ်ပါတယ်၊ပထမမြို့ထဲကနေပစ်လို့၊မြို့သစ်မှာသွားပြီးငြိမ်းချမ်းစွာဆန္ဒပြကြတော့ မြို့သစ်မှာပိုဆိုးတယ် သေနတ်တွေနဲ့ပစ်တယ်။ တစ်ချို့ဆိုရင်နေအိမ်ထဲအထိဝင်ပြီးဖမ်းပါတယ်”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကပြောပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီနေ့မနက် ၈ နာရီကျော်စပြီး ဆန္ဒပြခဲ့တာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး…

Read More

ဖဒိုမြို့ငယ်လေးက ဆန္ဒပြစစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲလို့ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မတ်၂၇-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့ငယ်လေးမှာ ဒီနေ့ မတ် ၂၇ရက် မနက်၈ နာရီကျော်လောက်က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့‌တာကြောင့် ကရင်တိုင်းရင်းသားကြီး တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဖဒိုနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ “ကရင်တိုင်းရင်းသားကြီးက အခင်းဖြစ်နေရာမှ ဆုံးသွားတယ်။ဒဏ်ရာရသူအတော်များပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ဝာာကြောင့် ညောင်လေးပင်‌ဆေးရုံကို လွှဲပို့ထားပေမယ့် စိုးရိမ်ရတယ်။ သုံးဦးကျဆုံးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး” လို့ ဖဒိုနာရေးကူညီမှုသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်တံခါးမြို့နယ် ဖဒိုမြို့ အဝိုင်းနားမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု ဆန္ဒပြသူ ၅၀၀ ကျော်လောက်ဟာ ဒီနေ့မနက် ၈ နာရီကျော်လောက်က ချီတက်လမ်းလျှောက်လာကြစဉ် ဖဒိုနယ်မြေရဲစခန်းနားသို့ ရောက်ရှိချိန် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာမှာ အသက် ၅၂ နှစ်အရွယ် ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးကာ…

Read More

ပဲခူးမှာ ရပ်ကွက်ထဲထိ ပစ်ခတ်ဖြိုခွင်းခံရလို့ တစ်ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မတ်၂၇-၂၀၂၁ KLY(VOM) ဒီနေ့ မတ် ၂၇ရက်နေ့ နေ့ခင်းပိုင်းက ပဲခူးမြို့နယ် ဆံတော်တွင်းလမ်းထဲ စစ်တပ် ဝင်ရောက်တပ်စွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြတဲ့ ဒေသခံတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ငါးဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။လည်ပင်းထိမှန်ဒဏ်ရာရသူက အခင်းဖြစ်ပြီး သိပ်မကြာခင်ဆုံးပါးသွားတယ်” လို့ ‌မျက် မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ ပဲခူးမြို့မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မနက်ပိုင်းကတည်းက ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့တာ ထြစ်ပါတယ်။ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပဲခူးမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်၁၅ ဦးခန့် အသက်ပေးခဲ့ရပြီးဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပဲခူး #သေဆုံး

Read More

ထားဝယ်မှာ ဆိုင်ကယ်စီးသူတဦး အကြောင်းမဲ့ ပစ်ခတ်ခံရလို့ သေဆုံး

မတ် ၂၇-၂၀၂၁ STY ဒီနေ့ မတ် ၂၇ ရက် မနက်ပိုင်းက ထားဝယ်မြို့မှာ ဆိုင်ကယ်စီးနှင်းနေသူတဦးကို စစ်တပ်နဲ့ရဲက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ရင်ညွန့်ကျည်ထိမှန်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီသေဆုံးသူဟာ ထားဝယ်မြို့ ကျွန်းမွှေးရပ်မှာနေတဲ့ ဦးကျော်ဌေးဆိုသူဖြစ်ပြီး မြို့သစ် ၁ လမ်းမှာ ဆိုင်ကယ်နဲ့ သွားလာနေစဉ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထားဝယ် အထက ၃ ရှေ့မှာလည်း ဒီနေ့ မနက်ပိုင်းကပဲ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်ပေါ်ပါတဲ့ တဦး ကျည်ထိမှန်ခဲ့ပါတယ်။ အဲ့ဒီ ဒဏ်ရာရသူကို စစ်တပ်က ကားနဲ့ သယ်ယူသွားပြီး ခုချိန်မှာတော့ သတိပြန်လည်လာပြီလို့ သိရပါတယ်။ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဒီနေ့အထိ ထားဝယ်မြို့မှာ သေဆုံးသူ ၇ ဦးရှိပြီ ဖြစ်ပါတယ်။…

Read More

ဖားကန့် ဆန္ဒပြပွဲ တဦးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာပြင်းထန်

မတ်-၂၇,၂၀၂၁ ZMH+NY(VOM) ကချင်ပြည်နယ်မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်မြို့မှာ ဒီနေ့မွန်းလွဲ ၂နာရီခန့်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က ရာဘာကျည်ဆံ ၊အသံဗုံး၊မျက်ရည်ယိုဗုံး၊မီးခိုးဗုံးတွေအပြင် ကျည်ဆံအစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ် ။ ရဲတပ်ဖွဲ့နဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် အသက်၃၀ဆယ်အရွယ် လူငယ်တဦး ဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ ဦးခေါင်းပွင့်ပြီးနေရာမှာတင်သေဆုံးသွားခဲ့ရတယ်လို့ ကြက်ခြေနီနဲ့လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ သေနတ်ထိမှန်ဒဏ်ရာရရှိထားတဲ့ လူနာဆယ်ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရ လူနာတွေကိုလည်း အရပ်ဝတ်နဲ့လူတစုက လူနာတင်ယဉ်တွေပေါ်အထိ လိုက်လံလုယူနေတယ်လို့လည်း လူမှုကူညီရေး အသင်းသားတွေက ပြောပါတယ် ။ ဒီနေ့ ဖားကန့်သပိတ်စစ်ကြောင်းဖြိုခွဲမှုမှာ လူခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ငါးဆယ်ဦးခန့် ရှိနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် VOMကတော့ အတည်ပြုနိုင်ဘို့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဖားကန့်မြို့မှ မတ်လ၁၄ရက်နေ့ကလည်း ရဲတပ်ဖွဲ့စစ်တပ်ရဲ့အင်အားသုံးအကြမ်းဖက်ဖြိုခွဲမှုကြောင့် မိုးကောင်ဇာတိဖြစ်သူ ကိုကျော်လင်းထိုက်ဟာ သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး သုံးဦးထက်မနည်း သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် ။ #voiceofmyanmar #VOM #ဖားကန့်

Read More

ဖားကန့် လုံးခင်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရ

မတ်၂၇ -၂၀၂၁ ဖားကန့်မြို့မှာ ထိုင်သပိတ်ပြုလုပ်နေတဲ့ လုံးခင်းသပိတ်စစ်ကြောင်းကို မွန်းလွဲနှစ်နာရီအချိန်ခန့်က ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲလို့ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ဖားကန့် #လုံးခင်းသပိတ်စစ်ကြောင်း #ဖြိုခွဲခံရ

Read More

မုံရွာ – ပုသိမ်လမ်းဆုံက သပိတ်စစ်ကြောင်း ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မတ် ၂၇ -၂၀၂၁ KTG စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ် တဖက်ကမ်း အောင်ဇေယျမြို့သစ်၊ မုံရွာ-ပုသိမ်-ကလေးဝ ကားလမ်းဆုံနေရာမှာ ဒီနေ့ မတ် ၂၇ရက် မနက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာနေ ဒေသခံ တစ်ယောက်က ” ယမ်စီ ကြေးနီမိုင်းက CDM မိုင်းလုပ်သား ကိုချမ်းမြေ့အောင် အသက် ၂၉ နှစ်ဟာ လက်မောင်း ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ် ၊သူက ရွာသာကပဲဖြစ်တယ် “လို့ ပြောပါတယ်။ ကျည်ဆံထိမှန် ဒဏ်ရာရသူ ၁ ယောက်လည်း ဆေးကုသမှု ခံယူနေပြီလို့ ဆက်ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးလက်နေ ပြည်သူတွေဟာ အခု ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မုံရွာ-ပုသိမ်…

Read More

ညောင်ဦးမှာ ဒီနေ့မနက်ပစ်ခတ်မှုကြောင့် ဧည့်လမ်းညွန် တဦးသေဆုံး

မတ် ၂၇၊ ၂၀၂၁ TG(VOM) မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ အာဏာရှင်ကိုအလိုမရှိကြောင်း လူအင်အားအများအပြားနဲ့ဆန္ဒပြခဲ့တဲ့ ညောင်ဦးက ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွဲခဲ့ရပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရရသူက ၄ ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။ သေဆုံးသူဟာ ညောင်ဦးမြို့နယ်၊ယန်းတန်းရပ်က ဧည့်လမ်းညွှန်၊ ကိုဝေဇင် (၃၅)နှစ် ဖြစ်တယ်လို့ သိရပါတယ်။ ” ခုမနက်ဖြိုခွဲမှုမှာ တဦးတော့ ဆုံးသွားပြီ။ ဒါက ညောင်ဦးမှာပထမဆုံး ကျဆုံးတာပါ။ ဒီနေ့က လူအင်အားအရမ်းများတယ်။ ရွာတွေကပါလာပြီးပူးပေါင်းဆန္ဒ့ပြကြတာ။ ဒဏ်ရာရသူ တွေလည်းရှိတယ်။ ပထမ အေးဆေးပဲ ဆန္ဒပြခွင့်ပြုတယ်။ ပြီးမှ ပစ်တာ၊ မြို့မရဲစခန်းအရှေ့မှာပစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ကျည်ထိ မှန်ပြီးဒဏ်ရာရသူ တွေထဲမှာ နောက်ကျော၊ ချိုင်းအောက် ထိမှန်သူ ၊ ပေါင်ထိသူ ၊ခြေသလုံးထိမှန်သူ ၊လက်ထိမှန်ထားသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကလည်း ညောင်ဦးမှာ…

Read More

မန္တလေးက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်မှန်လို့ သေဆုံး

မန္တလေး၊ မတ် ၂၇- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရုံး မီးလောင်နေချိန် သွား ရောက်ကူညီ ငြိမ်းသတ်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ရင်ဘ တ်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အသက် ၂၅ နှစ်အရွယ် ကိုသီဟကျော် က တော့ တမ္ပဝတီအရန်မီးသတ်တပ်ဖွဲ့က တပ်ကြပ်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ တမ္ပဝတီရပ်ကွက်ရုံးကတော့ နေလည် ၁၂ နာရီဝန်းကျင်က မီးလောင်ခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦးရဲ့ ခြေ ထောက်ကိုလည်း ကျည်ဆံထိမှန်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမှာ ဆန္ဒပြလို့ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူဦးရေ မအများအပြားရှိတယ်လို့လည်း သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #အရန်မီးသတ် #မီးလောင် #သေဆုံး

Read More

ပွင့်ဖြူမြို့မှာ ပစ်ခတ်ခံရလို့ ဆန္ဒပြသူ ၁ ဦး အသက်ဆုံးရှုံး

မတ် ၂၇ -၂၀၂၁ KTG မကွေးတိုင်း ပွင့်ဖြူမြို့မှာ ဒီနေ့ မတ် ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်က ဆန္ဒပြလူစုကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲရာမှာ လူ ၁ ​ယောက် သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့ခံတွေဆီက သိရပါတယ်။ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာက ကိုမင်းဇော်ထွေး အသက် ၃၈ နှစ်ဟာ ကာဒိုင်းကို ကျည်ဆံဖောက်ဝင်ပြီး ခြေထောက်ကိုထိမှန်ခဲ့ရာက အသက်ဆုံးရှုံးသွားရတာဖြစ်တယ်လို့ ကနဦး သိရပါတယ်။ #VoiceOfMyanmar #VOM #ပွင့်ဖြူ #သေဆုံး

Read More
VOM News

FREE
VIEW