မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး

ပြင်ဦးလွင် မတ် ၂၇-၂၀၂၁
MMTO(POL)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်က ပစ်ခတ်လို့ (၇)ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ (၇) ဦးကတော့

၁။ခေါင်းထိ ကျဆုံး(မောင်ဟိန်းထက် ၂၃နှစ်)
၂။လည်ပင်းထိ ကျဆုံး( ကိုဟိန်းမင်းသိန်း)
၃။ဗိုက်ထိ ကျဆုံး( အနီးစခန်း)
၄။သေနတ်မှန် ကျဆုံး( ကိုရဲဇင်ဝင်း – အနီးစခန်း)
၅။ခေါင်းထိ ကျဆုံး( ကိုအောင်မင်းလွင် -၂၀နှစ် ၁၂ ညံတော )
၆။ပေါင်ထိ ကျဆုံး(ကိုအောင်ထွဍ်-၁၂ညံတော)
၇။သေနတ်မှန် ကျဆုံး ( အမျိူးသမီး အနီးစခန်း)
တို့ဖြစ်တယ်လို့သိရပါတယ်။

“ကျည်အစစ်တွေ၊ရာဘာကျည်တွေ၊
စနိုက်ဘာတွေနဲ့နေရာအနှံ့လိုက်ပစ်ပါတယ်၊ပထမမြို့ထဲကနေပစ်လို့၊မြို့သစ်မှာသွားပြီးငြိမ်းချမ်းစွာဆန္ဒပြကြတော့ မြို့သစ်မှာပိုဆိုးတယ် သေနတ်တွေနဲ့ပစ်တယ်။ တစ်ချို့ဆိုရင်နေအိမ်ထဲအထိဝင်ပြီးဖမ်းပါတယ်”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ဒီနေ့မနက် ၈ နာရီကျော်စပြီး ဆန္ဒပြခဲ့တာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး မြို့တွင်းကို ကားတွေနဲ့ လှည့်လည်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြင်ဦးလွင် #မေမြို့

Related posts

Leave a Comment

VOM News

FREE
VIEW