ညောင်ဦးမှာ ဒီနေ့မနက်ပစ်ခတ်မှုကြောင့် ဧည့်လမ်းညွန် တဦးသေဆုံး

မတ် ၂၇၊ ၂၀၂၁
TG(VOM)

မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ အာဏာရှင်ကိုအလိုမရှိကြောင်း လူအင်အားအများအပြားနဲ့ဆန္ဒပြခဲ့တဲ့ ညောင်ဦးက ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွဲခဲ့ရပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရရသူက ၄ ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။

သေဆုံးသူဟာ ညောင်ဦးမြို့နယ်၊ယန်းတန်းရပ်က ဧည့်လမ်းညွှန်၊ ကိုဝေဇင် (၃၅)နှစ် ဖြစ်တယ်လို့ သိရပါတယ်။

” ခုမနက်ဖြိုခွဲမှုမှာ တဦးတော့ ဆုံးသွားပြီ။ ဒါက ညောင်ဦးမှာပထမဆုံး ကျဆုံးတာပါ။ ဒီနေ့က လူအင်အားအရမ်းများတယ်။ ရွာတွေကပါလာပြီးပူးပေါင်းဆန္ဒ့ပြကြတာ။ ဒဏ်ရာရသူ တွေလည်းရှိတယ်။ ပထမ အေးဆေးပဲ ဆန္ဒပြခွင့်ပြုတယ်။ ပြီးမှ ပစ်တာ၊ မြို့မရဲစခန်းအရှေ့မှာပစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကျည်ထိ မှန်ပြီးဒဏ်ရာရသူ တွေထဲမှာ နောက်ကျော၊ ချိုင်းအောက် ထိမှန်သူ ၊ ပေါင်ထိသူ ၊ခြေသလုံးထိမှန်သူ ၊လက်ထိမှန်ထားသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကလည်း ညောင်ဦးမှာ ရပ်ကွက်တွေထဲအထိ ဝင်ရောက်ရိုက်နှက်တာ၊ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲပြီး ရိုက်နှက်ဖမ်းဆီးတာတွေကို စစ်တပ်နဲ့ရဲက ပြုလုပ်မှုရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #ပုဂံ

Related posts

Leave a Comment

VOM News

FREE
VIEW