ပုသိမ်မှာ စစ်တပ်နဲ့ရဲက ရပ်ကွက်တွေထဲဝင်ပြီး ပစ်ခတ်လို့ နှစ်ဦးသေဆုံး

မတ် ၂၇-၂၀၂၁
KA

ပုသိမ်မြို့မှာ ဒီနေ့ မတ် ၂၇ရက် မနက်ပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းတွေမှာ စစ်တပ်နဲ့ရဲကပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီပေးနေသူတွေဆီ သိရပါတယ်။

အသက်၁၆နှစ်အရွယ် မောင်ထက်မြတ်သွင်ဟာ ဧရာမင်းထိပ်မှာဗိုက်ကိုကျည်ထိသေဆုံးပြီး ရာမညရပ်ကွက်က ကိုဝေလွင်ဦးကတော့ ပေါင်ကိုမှန်ပြီးသွေးလွန်ကျဆုံးတာလို့ သိရပါတယ်။

လက်ရှိမှာတော့ ရပ်ကွက်တွေအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသူတွေ ရှိနေပြီး လူတစ်ချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက ပုသိမ်မြို့ ရာမည၊ ဧရာမင်းနဲ့ ဘန့်ဘွေးကုန်း၊အောင်ချမ်းသာရပ်ကွက်တွေကို စစ်တပ်နဲ့ရဲက အချက်ပေါင်းများစွာ ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW