မော်လမြိုင်မှာ ဖမ်းဆီးအမှုဖွင့်တာတွေ ရှိနေပေမယ့်လည်း ဆက်လက်ဆန္ဒပြ

မတ် ၂၉ -၂၀၂၁
KLY(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ဆန္ဒဖော်ထုတ်နေသူတွေကို ပစ်ခတ် ၊ဖမ်းဆီးနာတွေရှိနေပေမယ့်လည်း ဒီကနေ့မနက်ပိုင်းမှာ လူထုက ဆက်လက် ဆန္ဒ‌ပြခဲ့ကြပါတယ်။

” အတားဆီးတွေကို ဖျက်ဆီးခံထားရပေမယ့် ဒီကနေ့မနက်လည်း ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ဒီကနေ့တော့ ထိပ်တိုက်တွေ့တာမျိုးမရှိဘူး” လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

မော်လမြိုင်မှာ ဆန္ဒဖော်ထုတ်နေသူတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် တပ်မတော်နေ့က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့
သေနတ်ထိမှန်သေဆုံးခဲ့လို့ ပိန္နဲကုန်းသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မော်လမြိုင်အသံ
#voiceofmyanmar #VOM #မော်လမြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW