ပုသိမ်မှာ ကျည်ထိမှန်ကျဆုံးခဲ့တဲ့ အသက်၁၅နှစ်အရွယ် မောင်ရာဇာထွေးရဲ့နာရေး

မတ် ၃၁-၂၀၂၁
KA

ပုသိမ်မြို့မှာ ကျည်ထိမှန်ကျဆုံးခဲ့တဲ့ အသက် ၁၅နှစ်အရွယ် မောင်ရာဇာထွေးကို ဒီနေ့နေ့လယ်ပိုင်းက သရောင်းချောင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

အသက်၁၅နှစ်အရွယ် မောင်ရာဇာထွေးဟာမတ်လ၂၉ရက်နေ့က ရာမညရပ်ကွက် ပစ်ခတ်မှုမှာရင်ဘတ်ကိုကျည်ထိမှန်ကျဆုံးခဲ့တာဖြစ်ပါတယ်။

မောင်ရာဇာထွေးရဲ့အလောင်းကို စစ်တပ်ကယူဆောင်သွားကာ ရင်ခွဲစစ်ဆေးခဲ့ပြီး တစ်ရက်အကြာမှ စစ်ဆေးရုံကနေ အလောင်းကိုပြန်လာယူခိုင်းခဲ့တာဖြစ်ပါတယ်။

လမ်းတွေမှာ ရဲနဲ့စစ်တပ်တွေ ပိတ်ဆို့စစ်ဆေးမှုတွေရှိနေတာကြောင့် နာရေးလိုက်ပို့သူအနည်းငယ်နဲ့သာ သင်္ဂြိုဟ်ခဲ့ရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW