ရန်ကုန်မှာ ကျဆုံးခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့စျာပန မွေးရပ်မြေမှာ ကျင်းပ

မတ် ၃၁-၂၀၂၁ KLY(VOM) ပြီးခဲ့တဲ့မတ်လ၂၇ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ် သပိတ်စစ်ကြောင်းမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲစဉ် လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ ထိမှန်သေဆုံးခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့ဈာပနအခမ်းနားကို ဒီနေ့ မွန်းတည့် ၁၂ နာရီက မွေးဇာတိ ဒိုက်ဦးမြို့နယ် မှော်အင်းကျေးရွာသုဿန်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ “ဒိုက်ဦးသား သုံးဦးတော်လှန်ရေးမှာ အသက်ပေးခဲ့တာ ဝမ်းနည်းရသလိုဂုဏ်လည်း ယူပါတယ်။လိုက်ပို့ဆောင်သူ မနည်းဘူး” လို့ ဒိုက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။ လက်ပစ်ဗုံး အနားလာကျချိန် ကောက်ယူပြီး ပြန်ပစ်ဖို့ ကြိုးစားရင်း ပေါက်ကွဲပြီး သေဆုံးခဲ့တာလို့ ပြောဆိုမှုတွေရှိပေမယ့် လက်ပစ်ဗုံးအစစ်ဟုတ်မဟုတ်ကိုတော့ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ အသက် ၂၆ နှစ်အရွယ် ကိုရှိုင်းထက်အောင်ဟာ တောင်ငူ နည်းပညာတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မီဒီယာလုပ်ငန်းလုပ်ကိုင်ချင်တယ်လို့ သူရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာရေးသားထားဖူးပါတယ်။ ဓါတ်ပုံ-CJ #VoiceOfMyanmar #VOM #တာမွေ #လက်ပစ်ဗုံးကွဲ #ဒိုက်ဦးသား #တောင်ငူနည်းပညာတက္ကသိုလ် #ကိုရှိုင်းထက်အောင်

Read More

သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးမှာ ပြောက်ကျားသပိတ် ပြုလုပ်

မတ် ၃၁-၂၀၂၁ MHS(VOM) ဒီနေ့ မတ် ၃၁ ရက် ညနေ ၄နာရီခွဲလောက်က သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးမှာ လူ၁၅၀ခန့်နဲ့ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီသပိတ်ဟာ လေးထောင့်ကန်လမ်းပေါ် မှာ ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့ မတ်လ တတိယပတ်နောက်ပိုင်း လူအင်အားအများအပြားနဲ့ လမ်းပေါ် ပြန်ထွက်လာတဲ့ သင်္ဃန်းကျွန်းမြို့နယ် သပိတ်လည်း ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #သင်္ဃန်းကျွန်းမြို့နယ် #ပြောက်ကျားသပိတ်

Read More

မိုးညှင်းမြို့ပတ်လမ်းက တံတားတစ်စင်း ပေါက်ကွဲမှုဖြစ်

မတ် ၃၁ ၊ ၂၀၂၁ KTG(VOM) ကချင်ပြည်နယ် မိုးညှင်းမြို့ ၊ မြို့ပတ်လမ်း ထန်းတပင်ရွာအဝင်မှာရှိတဲ့ သံကူကွန်ကရစ် တံတားတစ်စင်းဟာ မတ် ၃၁ ဒီကနေ့ ညနေ ၄ နာရီ ၂၈ မိနစ် အချိန်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် တံတားအခင်းက အဆက်နေရာမှာ ပေါက်ထွက်ပြီး သံပင်တချို့ ထောင်ထွက်လာခဲ့ပါတယ်။ လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကနဦး သိရပါတယ်။ ဓါတ်ပုံ – CJ #VoiceOfMyanmar #VOM #မိုးညှင်းမြို့ပတ်လမ်း #တံတားပေါက်ကွဲ

Read More

ဂန့်ဂေါမြို့ပေါ်မှာ တူမီးသေနတ်နဲ့ ပစ်ခတ်ခံရလို့ ရဲတချို့ဒဏ်ရာရပြီး တူမီးသမားသေဆုံး

မတ် ၃၁ -၂၀၂၁ KTG မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၊ တြိဂံလမ်းဆုံနေရာမှာ ဒီကနေ့ မနက် ၁၁ နာရီက ရဲတပ်ဖွဲ့၀င်တွေ တူမီးသေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ရဲတချို့ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဂန့်ဂေါမြို့မရပ်ကွက်မှာနေတဲ့ ဒေသခံတစ်ယောက်ကတော့ ” ဂန့်ဂေါမြို့ရဲ့ အနောက်ဘက် နယ်က လူ ၂ ဒါဇင်လောက်က တူမီးသေနတ်တွေနဲ့ လာတိုက်တယ် ၊ ၂ ဖက် ပစ်ခတ်မှုတွေဖြစ်ပြီး ရဲတွေလည်း ဒဏ်ရာရတာတွေရှိတယ် ၊ လာတိုက်တဲ့ဘက်က လောင်ထောင်ရွာသား တစ်ယောက် သေနတ်ထိမှန်ပြီး သေဆုံးတယ်”လို့ ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့၀င်အရေအတွက် အတိအကျ မသိရပေမယ့် ဒေသခံတွေရဲ့ ပြောပြအချက်အရ ၃ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့မနက် အစောပိုင်းက ဂန့်ဂေါ-ကလေး ကားလမ်းမှာလည်း…

Read More

ကျွန်းလှမြို့နယ်က နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်း

ကျွန်းလှမြို့နယ်က နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်း မတ် ၃၁-၂၀၂၁ ဓါတ်ပုံ-ကိုအောင်နိမတ် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်း တပူတောကျေးရွာ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဟာ အင်အား(၁၀၀၀)ခန့်နဲ့ ကျေးရွာတပတ် ဆန္ဒပြလှည့်လည်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ကျွန်းလှ

Read More

ရန်ကုန်မြို့နယ်အများစုမှာ လမ်းတွေကို မီးရှို့ပိတ်ပင်တဲ့လှုပ်ရှားမှု ပြုလုပ်

မတ် ၃၁-၂၀၂၁ MHS ဒီနေ့ မတ် ၃၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုမှာ သံပုံးတီးကာ လမ်းအများစုကို မီးရှို့ပိတ်ပင်တဲ့သပိတ်ကို လုပ်ဆောင်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေရှိပေမယ့် ထိခိုက်မှုစာရင်းကို မသိရသေးပါဘူး။ #VoiceOfMyanmar #VOM #ရန်ကုန်

Read More

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ယာဉ်ထိမ်းရဲတပ်ဖွဲ့က ရဲ၄ယောက်ကို သပိတ်စခန်းက ထိန်းသိမ်း

ကလေး-မတ်-၃၁-၂၀၂၁ VOM ကလေးမြို့က သပိတ်စခန်းတခုထဲကိုကားနဲ့ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်၄ ယောက်ဖြစ်တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟ တို့ဟာ အရပ်ဝတ်နဲ့ဝင်လာတာကြောင့် မသင်္ကာလို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သပိတ်စခန်းကသိရပါတယ်။ ဖမ်းခံရသူတွေရဲ့တပ်ဖွဲ့က ဆက်သွယ်မလာသေးလို့ ဘာဆုံးဖြတ်ချက်မှမချသေးဘဲ စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။ #voiceofmyanmar #vom #ကလေးမြို့ #ရဲ၄ယောက်သပိတ်စခန်းမှာဖမ်းဆီးထိန်းသိမ်း

Read More

ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်

ဖားကန့်၊ မတ်-၃၁ ၊၂၀၂၁ နောင်ရိုး ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ့အသက်သေဆုံးသည်အထိဖြစ်ပေါ်ခဲ့သော်လည်း ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းဟာ ဒီနေ့မတ်လ ၃၁ ရက် မနက်က လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်ဖြိုခွဲခံရမှုမှာ အသက် ၁၉နှစ်အရွယ် ကိုသန့်ဇော် ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။ အလားတူ ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ် ကြောင်းဟာလည်း ဆိုင်ကယ်တွေနဲ့ မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။ ဖားကန့်မှာမတ်လအတွင်း ဆန္ဒဖော်ထုတ်သူပြည်သူတွေကို ပစ်ခတ်ဖြိုခွဲခံရလို့ အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီး လူနှစ်ဆယ်နီးပါး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဖားကန့်မှာ ဆန္ဒဖော်ထုတ်နေတာ ဒီနေ့ဆိုရင် ၄၇ ရက်တိတိရှိခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဖားကန့်

Read More
VOM News

FREE
VIEW