စစ်ကိုင်းတိုင်း ကလေးမြို့မှာ ယာဉ်ထိမ်းရဲတပ်ဖွဲ့က ရဲ၄ယောက်ကို သပိတ်စခန်းက ထိန်းသိမ်း

ကလေး-မတ်-၃၁-၂၀၂၁
VOM

ကလေးမြို့က သပိတ်စခန်းတခုထဲကိုကားနဲ့ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်၄ ယောက်ဖြစ်တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟ တို့ဟာ အရပ်ဝတ်နဲ့ဝင်လာတာကြောင့် မသင်္ကာလို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သပိတ်စခန်းကသိရပါတယ်။

ဖမ်းခံရသူတွေရဲ့တပ်ဖွဲ့က ဆက်သွယ်မလာသေးလို့ ဘာဆုံးဖြတ်ချက်မှမချသေးဘဲ စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #vom #ကလေးမြို့ #ရဲ၄ယောက်သပိတ်စခန်းမှာဖမ်းဆီးထိန်းသိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW