မိုးညှင်းမြို့ပတ်လမ်းက တံတားတစ်စင်း ပေါက်ကွဲမှုဖြစ်

မတ် ၃၁ ၊ ၂၀၂၁
KTG(VOM)

ကချင်ပြည်နယ် မိုးညှင်းမြို့ ၊ မြို့ပတ်လမ်း ထန်းတပင်ရွာအဝင်မှာရှိတဲ့ သံကူကွန်ကရစ် တံတားတစ်စင်းဟာ မတ် ၃၁ ဒီကနေ့ ညနေ ၄ နာရီ ၂၈ မိနစ် အချိန်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် တံတားအခင်းက အဆက်နေရာမှာ ပေါက်ထွက်ပြီး သံပင်တချို့ ထောင်ထွက်လာခဲ့ပါတယ်။

လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကနဦး သိရပါတယ်။

ဓါတ်ပုံ – CJ

#VoiceOfMyanmar #VOM #မိုးညှင်းမြို့ပတ်လမ်း #တံတားပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW