ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်

ဖားကန့်၊ မတ်-၃၁ ၊၂၀၂၁
နောင်ရိုး

ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ့အသက်သေဆုံးသည်အထိဖြစ်ပေါ်ခဲ့သော်လည်း ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းဟာ ဒီနေ့မတ်လ ၃၁ ရက် မနက်က လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်ဖြိုခွဲခံရမှုမှာ အသက် ၁၉နှစ်အရွယ် ကိုသန့်ဇော် ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။

အလားတူ ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ် ကြောင်းဟာလည်း ဆိုင်ကယ်တွေနဲ့ မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။

ဖားကန့်မှာမတ်လအတွင်း ဆန္ဒဖော်ထုတ်သူပြည်သူတွေကို ပစ်ခတ်ဖြိုခွဲခံရလို့ အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီး လူနှစ်ဆယ်နီးပါး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်မှာ ဆန္ဒဖော်ထုတ်နေတာ ဒီနေ့ဆိုရင် ၄၇ ရက်တိတိရှိခဲ့ပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW