ခင်ဦးက သေနတ်ထိမှန်သူ ၃ အနက် CDM ဝန်ထမ်း ၁ ဦး အပါအဝင် ၂ ဦး ကျဆုံး

မတ် ၂၆ -၂၀၂၁ KTG(VOM) မနေ့ မတ် ၂၅ရက် နေ့ခင်းပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့ပေါ် ပစ်ခတ်မှုဖြစ်စဥ်မှာ ကျည်ဆံထိမှန်သူ ၃ ဦးအနက် CDM ဝန်ထမ်း တစ်ဦးအပါအဝင် လူ ၂ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီမြို့ခံတွေဆီက သိရပါတယ်။ ” သေနတ်မှန်သူ ၃ ယောက်ထဲက ၂ ယောက်တော့ ကျဆုံးသွားပြီ ၊ မြို့နယ် ​မြေစာရင်းရုံးက CDM လုပ်နေတဲ့ ဝန်ထမ်း ကိုစိုးဇော်အောင် နဲ့ အသက် ၁၉ နှစ် အရွယ် လူငယ်တစ်ယောက်ဖြစ်တယ် ” လို့ ခင်ဦးမြို့ခံ တစ်ယောက်က ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ရဲ့ အဲ့ဒီပစ်ခတ်မှု အပြီးမှာ ဒေသခံပြည်သူတွေကို လိုက်လံ ဖမ်းဆီးတာတွေရှိခဲ့ပြီး လူ ၃၀ ထက်မနည်း ဖမ်ခံထားရတယ်လို့ သိရပါတယ်…

Read More

တောင်ငူလူငယ်တွေ အရုဏ်ဦးသပိတ် ဆက်လက်ဆင်နွှဲ

မတ်၂၆-၂၀၂၁ KLY(VOM) မနေ့ မတ် ၂၅ရက်က ဆန္ဒပြပွဲကို တပ်နဲ့ရဲကအင်အားသုံးဖြိုခွဲဖို့ ကြိုးပမ်းခဲ့ပြီးနောက်တောင်ငူမြို့ခံ လူငယ်အချို့ဟာ ဒီနေ့ မတ် ၂၆ရက် မနက် ၅ နာရီက စတင်ပြီးအရုဏ်ဦးသပိတ်အဖြစ် ဆိုင်ကယ်တွေနဲ့လူစုဝေးပြီး အာဏာရှင်စနစ်အလိုမရှိကြောင်းဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ပါတယ်။ “မနက်က တောင်ငူမြို့မိုင်ဒါကွင်းလွတ် လပ်ရေးကျောက်တိုင်နားမှာ လူစုဝေးပြီးဆိုင်ကယ်တွေနဲ့ ချီတက် ဆန္ဒဖော် ထုတ်ခဲ့ကြတာ”လို့ လူငယ်တစ်ဦးက ပြောပြပါတယ်။ တပ်မတော်က အာဏာရယူထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီးတောင်ငူမြို့ခံ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အလွှာအသီးသီးက ဒေသခံပြည်သူတွေဟာ နေ့စဉ်ရက်ဆက် နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #အရုဏ်ဦးသပိတ်

Read More

ဖြူးမှာ တက္ကသိုလ်ကျောင်းသားတစ်ဦး တပ်နဲ့ရဲက ပစ်ခတ်ခံရလို့ သေဆုံး

မတ်၂၆-၂၀၂၁ KLY(VOM) မနေ့ မတ် ၂၅ရက် ည ၈ နာရီလောက်က ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ဖမ်းဆီးခံလူငယ်တစ်ဦးကို ပြန်လွတ်ပေးဖို့ ဖြူးမြို့မရဲစခန်းရှေ့ ဝိုင်းဝန်းတောင်းဆိုနေတဲ့ မြို့ခံတွေကို တပ်နဲ့ရဲက ပစ်ခတ်ခဲ့တာကြောင့် တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်သားတစ်ဦးကနေ့ အဖမ်းခံရတယ်။ ဒီတော့ဖြူးမြို့မရဲစခန်းကို သွားဝိုင်းတောင်းဆိုကြပါတယ်။ ည ၈ နာရီကျော်လောက်မှာ ဖြူးစခန်းနားတပ်ဆွဲထားတဲ့ တပ်ကလူတွေရောက်လာပြီး ပစ်ကြခတ်ကြတော့ ကလေးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တာပါ” လို့ ဖြူးမြို့ခံတစ်ဦးက ပြောပြပါတယ်။ အဲ့ဒီ သေဆုံးသူလူငယ်ဟာ ဖြူးမြို့နယ် ဘူတာမြောက်ပိုင်း လမ်း၂၀ နေ ဒုတိယနှစ်ကျောင်းသား အသက် ၁၉နှစ်အရွယ် မောင်ရန်အောင်ဆိုသူဖြစ်ပြီး တပ်မတော်က အာဏာရယူထိန်းသိမ်းပြီး ဖြူးမှာ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ပထမဆုံး လူသေဆုံးမှုဖြစ်တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ဖြူး #သေဆုံး

Read More

တမူးမြို့မှာ ညက ပစ်ခတ်မှုဖြစ်လို့ လူ ၁ ဦး အသက်ဆုံးရှုံးကာ လူ ၉ ဦး ဒဏ်ရာရ

မတ် ၂၆-၂၀၂၁ KTG(VOM) မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြို့ တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့ ၊ မြို့လယ်ရပ်ကွက်မှာ မနေ့ မတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်က လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁ ယောက် အသက်ဆုံးရှုံးရပြီး လူ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တမူးမြို့ခံတွေဆီကနေ သိရပါတယ်။ တမူးမြို့ စော်ဘွား ၁ ရပ်ကွက်နေ ပြည်သူတစ်ယောက်က ” မြို့လယ် ရွှေဆိုင်ဘက်က သံပုံးတီးသံကြားရလို့ သွားရောက်ဝန်းရံတဲ့သူတွေကို ပစ်ခတ်ခဲ့တာဖြစ်တယ် ၊ ကျည်ဆံထိမှန်သေဆုံးသူက ကိုမျိုးမင်းအောင် (ခ) ဖိုးကုလား အသက် (၃၃)နှစ်ဖြစ်ပြီး ရင်ဘက်ကို ကျည်ဆံထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ…

Read More

မန္တလေးကျန်းမာရေးမိသားစုက ဆရာဝန်ဂျူတီကုတ်၊ သူနာပြုဝတ်စုံတွေချိတ်ဆွဲပြီး ဆန္ဒပြ

မတ် ၂၆ -၂၀၂၁ Voice Of Myanmar မတ်လ ၂၆ ရက်ဒီနေ့မှာ မန္တလေးကျန်းမာရေးမိသားစုက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးဒဏ်ရာရသူရဲကောင်းတွေအတွက် ဝမ်းနည်းခြင်းနဲ့ဖမ်းဆီးခံ ကျောင်းသားပြည်သူတွေကို လွှတ်ပေးရေးတို့အတွက် ဆရာဝန်ဂျူတီကုတ်တွေ သူနာပြုဝတ်စုံတွေမှာ Black Ribbon (ဖဲကြိုးနက်)အမှတ်အသားတွေဆင်ယင်ပြီး ချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ဖဲကြိုးနက် #ကျမ္မာရေးမိသားစု

Read More

မန္တလေးတိုင်းအတွင်း တည်ငြိမ်ရေး ပုံမှန်လည်ပတ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်ကခေါ်ယူတွေ့ဆုံနေ

မန္တလေး-မတ်-၂၆-၂၀၂၁ Voice Of Myanmar ဆန္ဒပြမှုတွေအပါအဝင် ကိုဗစ်ရောဂါကြောင့် ရပ်ဆိုင်းထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဈေးအသီးသီးကကော်မတီဝင်တွေ၊ ရှော့ပင်းမောတာဝန်ရှိသူတွေ၊ ခရီးသွားလာရေးလုပ်ငန်းလုပ်သူတွေကို လက်ရှိမန္တလေးတိုင်းကို ထိမ်းချုပ်ထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေက ကဏ္ဍအလိုက် နန်းတွင်းက လပခ ရုံးမှာ ခေါ်ယူတွေ့ဆုံနေပါတယ်။ အဲလိုတွေ့ဆုံတာမှာ ရပ်ရွာတည်ငြိမ်ရေးအတွက် သူတို့လုပ်ကိုင်နေတာတွေရှင်းပြသလို စီးပွားရေးလုပ်ငန်းတွေပုံမှန်လည်ပတ်ဖို့ ဈေးတွေပြန်ဖွင့်ဖို့လိုကြောင်း ၊ တရားဥပဒေစိုးမိုးဖို့နဲ့ လုံခြုံရေး တာဝန်ကို အပြည့်ဝရဖို့ သူတို့လုပ်ပေးနေတာတွေ ရှင်းပြတယ်လို့ ခေါ်ယူတွေ့ဆုံခံရတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ စစ်တပ်ဖက်က အဓိကရှင်းပြတဲ့ အချက် ၇ ချက်ကိုမှတ်သားလာသူတယောက် VOM ကို ပေးပို့လာတာကတော့ ၁။ ဥပဒေရဲ့ အကာအကွယ်သည် ပြည်သူလူထုအတွက် အလုံခြုံဆုံးဖြစ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။ ၂။အကြမ်းဖက်ဆူပူဆန္ဒပြသူအချို့သည် ရပ်ကွက် ဝင်လမ်းထွက်လမ်းများအား သဲအိတ်များ၊ လူလုပ်အတားအဆီးများဖြင့်ပိတ်၍ အဆိုပါ ရပ်ကွက်နေပြည်သူများထံမှ သဲအိတ်ဖိုးများ…

Read More

ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာအပါအဝင် ၄ ဦး ဖမ်းဆီးခံရ

မတ် ၂၅-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဥဦးတင်အောင်ကျော်နဲ့ စိုင်းစည်သူ (နေအိမ်အစောင့်) တို့ မနေ့ မတ်လ ၂၄ ရက် ညပိုင်းက ဟိုပုံးမြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အယ်ဒီတာချုပ်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် သတင်းသမားစုစုပေါင်း (၄၈)ဦးနဲ့ သတင်းဌာနဆက်စပ်သူ (၂) ဦးရှိပြီဖြစ်ပြီး သတင်းဌာန (၅) ခုထုတ်ဝေခွင့် ပိတ်သိမ်းခံထားရကာ သတင်းဌာန(၁)ခုလည်း တရားစွဲဆိုခံထားရပါတယ်။ #VoiceOfMyanmar #VOM #ကမ္ဘောဇတိုင်းမ် #သတင်းထောက် #ဖမ်းခံရ

Read More

ကသာမြို့ မှာ လျှပ်တစ်ပြက် ဆန္ဒဖော်ထုတ်

ကသာ၊မတ်လ(၂၅)ရက် SKT အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကသာမြို့မှာ ဒီနေ့ မတ်လ(၂၅)ရက် နေ့(၁၂)နာရီ​လောက်က လျှပ်တစ်ပြက် ဆန္ဒဖော်ထုတ်တာကို ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ လျှပ်တစ်ပြက် ဆန္ဒဖော်ထုတ်တာကို ကသာမြို့မ စျေးကြီး၊ သီရိခေမာစျေးလေး စျေးအတွင်း စျေးအပြင်ဘက် တို့မှာ ကြွေးကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီဆန္ဒဖော်ထုတ်ပွဲကို စျေးသည် စျေးဝယ်တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ကသာ #လျှပ်တပြက်ဆန္ဒပြ

Read More

သင်္ကန်းကျွန်းမှာ ကာကွယ်ရေးလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးရာက ပစ်ခတ်မှုဖြစ်

မတ် ၂၅-၂၀၂၁ MWT ဒီနေ့ မတ် ၂၅ရက် မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘုရင့်နောင်ရပ်ကွက်မှာ ကာကွယ်ရေးလူငယ်တွေကို ဝင်ရောက်ဖမ်ဆီးရာက ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ အဲ့ဒီရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။ ဒီနေ့မနက် ၁၀:၃၀ လောက်မှာ စစ်သားနဲ့ရဲတွေအနေနဲ့ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ သောကြာပတ် ဆွမ်းလောင်းဓမ္မာရုံကိုဝင်ရောက်ရှာဖွေခဲ့ပြီး အဲဒီမှာ ဒိုင်း၊ လေးဂွ၊ ဒုတ် စတာတွေကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် defence အဖွဲ့မှာပါတဲ့သူတွေကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးခဲ့ပြီး အချို့လမ်းတွေအနေနဲ့ အဖမ်းမခံရေးတုန့်ပြန်ခဲ့တာကြောင့် ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တာလို့သိရပါတယ်။ လက်ရှိမှာတော့ သုဝဏ္ဏ၊ ကမာကြည်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမ၊ အောင်ဇေယျလမ်းမ၊ သံသုမာလမ်းမကြီး ဝေဘူလမ်းမှတ်တိုင်ထိပ်၊ လွတ်လပ်ရေးလမ်းမတွေအပေါ်မှာ အင်အားအများအပြားနဲ့ စစ်သားနဲ့ရဲတွေကနေရာယူထားသလိုပစ်ခတ်မှုတွေလုပ်ဆောင်နေပါတယ်။ မနက်ပိုင်းပစ်ခတ်မှုမှာ သေနတ်ဒဏ်ရာရရှိသူနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့ပြီးဖမ်းဆီးခံရသူ အယောက် ၂၀ လောက်ရှိတယ်လို့သိရပါတယ်။ ဓါတ်ပုံ – MHS #VoiceOfMyanmar #VOM #သင်္ကန်းကျွန်း #ပစ်ခတ် #ဖမ်းဆီး

Read More

ဖားကန့်မှာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဆက်လက်ဆန္ဒထုတ်ဖော်

ဖားကန့်​၊မတ် ၂၅ -၂၀၂၁။ နောင်ရိုး ကချင်ပြည်နယ် ဖားကန့်မှာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းဟာ ကျေးရွာအုပ်စုအတွင်း လမ်းတွေပေါ်မှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ အဲ့ဒီ လှည့်လည်ဆန္ဒဖော်ထုတ်ရာမှာ “WE NEED R2P ၊WE NEED KIA” စတဲ့ ဗီနိုင်းစာရွက်တွေကိုင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။ မနေ့ မတ် ၂၄ ရက်နေ့က ဖားကန့်မြို့၊ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် နှစ်ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က နေအိမ်တွေမှာ လာဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဖားကန့်မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ၄၂ ရက်ရှိပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ဆယ်ဦးရှိကာ ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးကျဆုံးခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ဖားကန့် #ဆန္ဒပြ

Read More
VOM News

FREE
VIEW