မတ် ၁၈-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်နေ့ မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားတဦး သေဆုံးသွားပြီဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “သေဆုံးသူက မှိုင်းလုံးရပ်ကွက်ကပါပဲ။ သူကဆီးစပ်မှာ ကျည်ထိမှန်ခဲ့ပြီး သူနာပြုက ပေါင်ကိုထုတ်ချင်းပေါက်သွားခဲ့တာပါ။ ကနေ့ လွိုင်ကော်မှာ ကျည်စစ်ထိမှန်သေဆုံးမှု ပထမဆုံးအကြိမ်ပါ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ မှိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၇နှစ် အရွယ်ရှိ ဦးရှမ်းပုဆိုသူ ဖြစ်ပါတယ်။ မနက် ၁၁ နာရီလောက်က စတင်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တယားတွေနဲ့ အတားဆီးတွေကို စတင်ဖယ်ရှားရှင်းလင်းပြီး မကြာခင် သေနတ်ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်မြို့က မှိုင်းလုံးသပိတ်စစ်ကြောင်းနဲ့ ချိကယ်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက တစ်ပြိင်နက်ထဲ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပြီး သူနာပြုဆရာမတဦးလည်း ပေါင်ကို ကျည်ထိမှန်ခဲ့ကာ…
Read MoreMonth: March 2021
မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်အတွင်းက ရေမျှောသပိတ်
မတ် ၁၉ -၂၀၂၁ Voice Of Myanmar မြစ်ကြီးနားမြို့ ၊ ဧရာဝတီမြစ်မှာ ဒီကနေ့နေ့လယ်ပိုင်းက အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေဟာ ရေမျှောသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ မြစ်ကြီးနားမြို့အတွင်းမှာ ဒီကနေ့ ဆိုင်ကယ်သပိတ်နဲ့ ပြောက်ကြားလမ်းလျှောက်သပိတ်လည်း ပြုလုပ်ခဲ့ပါသေးတယ်။ လမ်းလျှောက်သပိတ်ကိုတော့ မြစ်ကြီးနားမြို့ ဈေး ၁ အနီးပြုလုပ်ဖို့ လူစုနေစဉ်မှာပဲ ဖြိုခွဲခံရလို့ လူပြန်စုပြီး ဧရာဝတီမြစ်အတွင်းမှာ ရေမျှောသပိတ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြစ်ကြီးနား
Read Moreမတ် ၁၅ရက် မြင်းခြံသပိတ်မှာ ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားဆုံးပါး
မတ် ၁၉-၂၀၂၁ KLY(VOM) မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုအတွင်း ပါးစပ်ကိုကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ မန္တလေးမှာ သွားရောက်ကုသမှုခံယူနေရတဲ့ အမျိုးသားတစ်ဦး ဒီနေ့ မတ် ၁၉ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မန္တလေးမှာ ဆုံးပါးသွားလို့ အလောင်းကို ပြန်သယ်ဆောင်လာတာလည်း နေအိမ်ပြန်ရောက်ပါပြီ။ ကိုအောင်ကိုကိုခန့်က ပါးစပ်ကို ကျည်ဆန်ထိမှန်ခဲ့သလို ရိုက်နှက်ခံရသူပါ” လို့ မြင်းခြံမြို့ခံ ပရဟိအဖွဲ့စည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောပြပါတယ်။ ဒီနေ့ ထပ်မံသေဆုံးတဲ့ အသက် ၂၇နှစ်အရွယ်ရှိ ကိုအောင်ကိုကိုခန့် အပါအဝင် မြင်းခြံမှာ သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၇ဦးလောက်ရှိပြီလို့ သိရပါတယ်။ ဓါတ်ပုံ-သက်နိုင်အောင် #VoiceOfMyanmar #VOM #မြင်းခြံ #သပိတ် #သေဆုံး #ဒဏ်ရာရ
Read Moreမြောက်ဥက္ကလာပမှာ ကျည်ထိမှန် သေဆုံးခဲ့တဲ့ အမျိုးသမီးစျာပန ရေဝေးသုသာန်တွင်ပြုလုပ်
ရန်ကုန်၊ မတ် ၁၉-၂၀၂၁ အေးချမ်းသူ(VOM) မြောက်ဥက္ကလာပမြို့နယ် ၁ရပ်ကွက် ဘုန်းကြီးလမ်းမှာ မနေ့ မတ် ၁၉ရက် ညနေက ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ အသက် ၂၂ အရွယ် အစ္စလာမ်ဘာသာဝင် ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၁၉ရက်နေ့လယ်ပိုင်းက ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူဟာ အဲ့ဒီလမ်းထဲမှာ နေထိုင်သူဖြစ်ပြီး ဆန္ဒပြပွဲမှာ ပါဝင်သူမဟုတ်ဘဲ ကွမ်းယာရောင်းနေစဥ် သေနတ်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ တပ်မတော်က အာဏာရယူပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်တပ်နှင့်ရဲရဲ့ ဖြိုခွင်းခဲ့မှုကြောင့် သေဆုံးသူ ၁၄ဦးလောက်ရှိနေပြီး မြောက်ဥက္ကလာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်ပါတယ်။ #VoiceOfMyanmar #VOM #မြောက်ဥက္ကလာပ #ရိုစာနာဘီ #မအေးအေးခိုင် #သေဆုံး
Read Moreအောင်ပန်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ဦးသေ ၇ဦး ဒဏ်ရာရ
မတ် ၁၉-၂၀၂၁ Voice Of Myanmar ဒီနေ့ မတ် ၁၉ရက် မနက်ပိုင်းက အောင်ပန်းမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၂ဦးသေဆုံးပြီး ၇ဦးလောက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။ ကိုကျော်သူဝင်းနဲ့ ကိုထွန်းအောင်ကျော်ဆိုသူတို့ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးသဲ၊ ကိုဇော်ထွန်း၊ ပါပွတ်(ခ)ကိုရဲနိုင်ထွန်း၊ ကိုနိုင်စိုး၊ ကိုချစ်ဖွေးနဲ့ ဒေါ်သွယ်သွယ်မာတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲလုပ်ဖို့ လူစုနေတုန်းမှာ ဖြိုခွဲခံရတာလို့ သိရပြီး အိမ်ထဲက ကြည့်နေတဲ့သူတွေအပါအဝင် ဆန္ဒပြသူအများအပြား ဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #အောင်ပန်း #သပိတ် #ဖြိုခွဲ #သေဆုံး #ဒဏ်ရာရ
Read Moreလွိုင်ကော်သပိတ် ပစ်ခတ်ဖြိုခွဲခံရပြီး သူနာပြုဆရာမတစ်ဦး ပေါင်ထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာရ
မတ် ၁၈-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲကပစ်ခတ်ဖြိုခွဲခဲ့လို့ သူနာပြုဆရာမတစ်ဦး ပေါင်ကိုထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်သပိတ်ကော်မတီကနေ သိရပါတယ်။ “ဆယ့်တစ်နာရီလောက်မှာစပြီး ပစ်ခတ်ဖြိုခွင်းတာတွေလုပ်တယ်။ ကနေ့ကစစ်ကြောင်းတွေ ပေါင်းမိသလိုဖြစ်ပြီး အင်အား ၃၀၀၀ လောက်ရှိတယ်။ ပေါင်ကိုထိမှန်တဲ့ ဆရာမလေးကို ပြင်ပဆေးခန်းတစ်ခုမှာ ကုသပြီးကျည်အစစ်ထုတ်ယူနိုင်ခဲ့ပါပြီ” လို့ သပိတ်ကော်မတီမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မနက် ၁၁ နာရီလောက်က စတင်ပြီး တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တရားတွေနဲ့ အတားဆီးတွေကို စတင်ဖယ်ရှားရှင်းလင်းပြီး မကြာခင် သေနတ်ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ ချိကယ်ရပ်သပိတ်စစ်ကြောင်းကိုလည်း ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဖမ်းဆီးခံရသူ နှစ်ဦးလောက် ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဓါတ်ပုံ-pkpf #VoiceOfMyanmar #VOM #လွိုင်ကော် #သပိတ်စစ်ကြောင်း #ဖြိုခွဲ #ဒဏ်ရာရ #သူနာပြုဆရာမ
Read Moreနေပြည်တော်က BBCနဲ့ Mizzima သတင်းထောက်၂ဦး ဖမ်းဆီးခံရ
မတ် ၁၉ -၂၀၂၁ Voice Of Myanmar နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး ဒီကနေ့မနက်ပိုင်း ဦး၀င်းထိန်ရုံးထုတ်မှာ BBCသတင်းထောက် ကိုအောင်သူရနဲ့ Mizzimaသတင်းထောက် ကိုသန်းထိုက်အောင် တို့၂ဦး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဖမ်းခံရတဲ့ မိသားစုတစ်ဦးကို ဆက်သွယ်ရာမှာတော့ ဘယ်ခေါ်သွားမှန်းမသ်ိတဲ့အတွက် စိတ်ပူနေကြောင်းပြောပါတယ်။ နစက ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ သတင်းထောက် ၄၀ ဦး၊ ပြန်လွှတ်လာသူ ၂၀၊ ဖမ်းခံထားရဆဲ ၁၈ ဦး၊ ၅၀၅(က)နဲ့ အမှုဖွင့်ခံသူ ၉ ဦးထဲမှ အာမခံရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #သတင်းထောက်နှစ်ဦး #ဖမ်းဆီးခံရ
Read Moreမြန်မာ့အရေးအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ အထူးအစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို
ဂျကာတာ၊ မတ်-၁၉-၂၀၂၁ မျိုးဆက် (VOM) မြန်မာ့အရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေရဲ့ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူဖို့အတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ငြိမ်ရေးနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ သူကတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြပ်အတည်းနဲ့ပတ်သက်ပြီး အထူးဆွေးနွေးပွဲလုပ်ဖို့အတွက် အာဆီယံအဖွဲ့ရဲ့ လက်ရှိဥက္ကဌ ဘရူနိုင်းနိုင်ငံနဲ့ မကြာခင်အချိန်မှာ ဆွေးနွေးသွားမယ်လို့ ဝီဒိုဒိုကပြောပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ ပြန်လည်ထွန်းကားရေးအတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့သူကပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုပြီးနောက် ထိခိုက်သေဆုံးခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုအတွက် မိမိနဲ့ အင်ဒိုနီးရှားပြည်သူတွေက ၀မ်းနည်းကြေကွဲကြောင်းကိုလည်း အင်ဒိုနီးရှားသမ္မတက ထုတ်ဖော်ပြောဆိုပါတယ်။ နောက်ထပ် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေမဖြစ်ရေးအတွက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းထားပြီး ပြည်သူတွေဘေးကင်းလုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့ သူကပြောဆိုပါတယ်။ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့…
Read Moreရှမ်း-ကယားနယ်စပ်မှာ စစ်သား ၄ ဦး ပျောက်ဆုံးနေတာကို အကြောင်းပြပြီး ဒေသခံ ၃၀ ကျော်နဲ့ ဗ က သ ဟောင်းတစ်ဦးကို ဖမ်းဆီး
မတ် ၁၈ -၂၀၂၁ KLY(VOM) ရှမ်း-ကယား နယ်စပ်မှာ စစ်သား ၄ ဦး ပျောက်နေတာ အကြောင်းပြပြီး ကျေးရွာထဲကို တပ်အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီးနောက်ပိုင်း မနေ့ မတ်လ ၁၈ရက် ညနေ ၄ နာရီလောက်မှာ ရွာသား ၃၀ ကျော်နဲ့ ဗ က သဟောင်း( ပြည်နယ်သပိတ်ဦးဆောင်ကော်မတီဝင်) ခွန်မျိုးလှိုင်ဝင်း(ခ) ပါစကွားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” သူတို့ တပ်ဖွဲ့ဝင်တွေ ပျောက်နေတယ်ဆိုပြီး ကျေးရွာလေးငါးရွာမှာ ရှာဖို့ အခင်းဖြစ်မနက်က ဝင်လာတယ်။ ရပ်ရွာကလူထုနဲ့အချေအတင်ဖြစ် ပစ်ကြခတ်ကြချိန် ပါစကွားက ဝင်ညှှိပေးလို့ တပ်အင်အားအနည်းငယ်နဲ့ကျေးရွာကဝင်ရှာခွင့်ပေးပြီး မတွေ့တာကို မပြန်ဘဲ တပ်စွဲထားတော့ ထပ်ညှိကျတုန်း ညနေမှာ ရွာသားသုံးဆယ်ကျော်နဲ့ ပါစကွားတို့ ဖမ်းဆီးခံလိုက်ရတာပါ”လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ အခင်းဖြစ်တဲ့နေ့က ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ နယ်စပ်ကျေးရွာတွေဖြစ်တဲ့…
Read Moreကောက်ရိုးပုံမီးလောင်ရာကနေ သိန်းပေါင်း၂၀၀နီးပါးမီးလောင်ဆုံးရှုံး
မတ် ၁၉ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ မနေ့မတ်လ ၁၈ရက်ညပိုင်းက ကောက်ရိုးပုံကနေ မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်တွေပါ မီးလောင်ဆုံးရှုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုကြောင့် လူနေအိမ်နဲ့ သွပ်မိုးထရံကာ နေအိမ် ၁၄လုံး၊ နွားတဲ ၅လုံးနဲ့ အတွင်းပစ္စည်းတွေ မီးလောင်ကျွမ်းကာ သိန်း ၁၉၀ကျော် ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ မီးလောင်မှု အကြောင်းအရင်းကိုတော့ ကောက်ရိုးပုံမီးရှို့ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာန သုံးသပ်ထားတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ၀က်လက်မြို့မရဲစခန်းက မီးရှို့သူကို (ပ)၁၅/၂၀၂၁၊ ပုဒ်မ-၄၃၆နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #၀က်လက် #မီးလောင်မှု
Read More