မတ် ၉-၂၀၂၁ TG(VOM) ဒီနေ့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ညောင်ဦးမြိုလူထုသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး လူငယ်တစ်ဦး ဖမ်းခံထားရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေဆီက သိရပါတယ်။ “ညောင်ဦးတောင်ဘက် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး တစ်ဦးအဖမ်းခံရတယ်။ အခု လူစုခွဲပြီး ပြန်နေကြပြီ။ သေနတ်ဖောက်တယ်။ နောက်အသံဗုံး တစ်လုံးဖောက်တယ်။ တခြားနေရာတွေမှာ ပုန်းတဲ့သူတွေ ရှိနေဆဲပါ” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီ ဖမ်းခံရသူကို သေနတ်နဲ့ ရိုက်နှက်ပြီး ခေါ်သွားကာ လက်ရှိအချိန်မှာ ရဲကား ၂ စီး၊ စစ်ကား ၂စီး၊ အချုပ်ကားတစီးအပြင် စစ်သားတွေက ရပ်ကွက်ထဲအထိ သွားလာနေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ညောင်ဦးမြို့မှာ ဒီကနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက သပိတ်စစ်ကြောင်းတွေကို စုရပ်ခွဲ လုပ်ဆောင်ခဲ့ပြီး တခြားသပိတ်စစ်ကြောင်းတချို့မှာလည်း ဖမ်းဆီးခံလိုက်ရသူ ရှိခဲ့တယ်လို့ သိရပေမယ့် VOM…
Read MoreMonth: March 2021
ကမာရွတ်မီဒီယာတိုက်ကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီး၊ ပစ္စည်းသိမ်း
ရန်ကုန်-မတ်-၉-၂၀၂၁ VOM ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း၊ စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ ကမာရွတ်မီဒီယာ (Kamayut Media)ရုံးကို ဒီနေ့ မွန်းလွဲ ၁နာရီခွဲခန့်က စစ်တပ်နဲ့ အရပ်ဝတ်တွေပါတဲ့ အင်အား ၁၀၀ကျော်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ယောက်ကို ဖမ်းဆီးသွားသလို ရုံးပစ္စည်းတွေ ယူဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။ ကမာရွတ်မီဒီယာရဲ့ သတင်းထောက် တဦးပြောပြတာက “ကျနော်က ရုံးမှာမနေဘူး ရုံးလည်းမတက်ရဘူး ဝင်ဖမ်းတဲ့အချိန်မှာ စံရိပ်ငြိမ် ၄လမ်းနဲ့ ၅ လမ်းတွေကို ရဲတွေက အရင် ပိတ်ဆို့ထားပြီးတော့ Double Cap, အိမ်စီးကား၊ တက္ကစီတွေနဲ့ စစ်သားတွေ အရပ်ဝတ်တွေပါတယ်။ တိုက်ခန်းကိုဝင်ချိန်မှာ စစ်သားနဲ့ အရပ်ဝတ်က ဝင်ဖမ်းတာလို့ သိရပါတယ်။ ဖမ်းသွားတာဖြစ်နိုင်တာတော့ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ ကိုဟန်သာပဲရှိတော့ သူတို့ဖြစ်နိုင်မယ်ထင်တယ် “ လို…
Read Moreကြွက်မနိုင်ကျီမီးနဲ့ရှို့ခြင်းလော (သို့) ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းလမ်းစလော
(အယ်ဒီတာအာဘော်) မတ်လ-၉ရက်-၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်နေ့မနက်က အာဏာထိန်းတယ်လို့ပြောပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ကြွေးကြော်ပြီး ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို မတ်လ ၈ ရက်က စတင်ဖျက်စီးလိုက်ပါတယ်။ စတက်လာကတည်းက အာဏာသိမ်းတယ်လို့မရေးဖို့ တရားဝင်အသိပေးသလို ခြိမ်းခြောက်သလိုတွေ လုပ်လာပြီးနောက် သတင်းမီဒီယာ ၅ခုကို ထုတ်လွှင့်ခွင့်၊ ထုတ်ဝေခွင့်တွေ ဆိုင်းမပျိုး ပတ်မပျိုးဘဲ ဘီလူးဆိုင်းတီးပြီး ဘီလူးက ကပြလိုက်တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အတော်ကို စိတ်ပျက်စရာ အနေအထားဖြစ်သွားပါတယ်။ ဒီမိုကရေစီနိုင်ငံလို့ပြောရင် ဘာပေတံနဲ့အရင်တိုင်းရမလဲဆိုရင် လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားဖေါ်ထုတ်ခွင့်စတဲ့ ပေတံနဲ့ အရင်တိုင်းကြတာ နစအ ကောင်စီလူကြီးတွေ မသိမဟုတ်ပါဘူး။ မေးခွန်းထုတ်ရင် ဒီနေ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း သတင်းကန့်သတ်တာ ထိန်းချုပ်တာတွေရှိနေတာပါပဲ ဆိုတဲ့စကားလုံးပဲထွက်လာမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ထိန်းချုပ်မှုတချို့ရှိကောင်းရှိနိုင်ပေမယ့်…
Read Moreစမ်းချောင်း မနေ့ညစီးနင်းမှု လူနှစ်ဦးဒဏ်ရာရပြီး ၅၀ကျော် ဖမ်းဆီးခံရ
ရန်ကုန်၊ မတ် ၉-၂၀၂၁ အေးချမ်းသူ(VOM) စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းမှာ ပိတ်မိနေတဲ့ ဆန္ဒပြသူတွေကို မနေ့ မတ်လ ၈ရက်နေ့ ညက ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အိမ်တွေထဲထိ ဝင်ရောက်စီးနင်းခဲ့ရာ လူ ၅၀ကျော်ဖမ်းဆီးခံရပြီး ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းတောလမ်းမှာ နေထိုင်သူတစ်ဦးဆီက သိရပါတယ်။ “ညက ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရသွားတယ်။ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းတာ လွတ်တဲ့သူတွေလည်းရှိတယ်။ ဖမ်းသွားတာ လေးဆယ်ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။ ရာနဲ့ချီပိတ်မိနေတဲ့ ပြည်သူတွေဟာ နီးစပ်ရာတိုက်ခန်းတွေမှာ အိပ်စက်ခဲ့ကြပြီး ဒီနေ့ မတ်လ ၉ရက်နေ့ မနက်ပိုင်းမှ ပြန်သွားတယ်လို့ ဆက်ပြောပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဖမ်းဆီးခံရသူတွေဟာ ကျောင်းသားတွေဖြစ်ပြီး ၅၇ ဦးလောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာ စမ်းချောင်းမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းအသီးသီးမှာ ရဲနဲ့စစ်တပ်က စောင့်ကြည့်နေကာ အချုပ်ကားတွေ ချထားတယ်လို့လည်း သိရပါတယ်။…
Read Moreမြင်းခြံမြို့က အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း
မတ် ၉-၂၀၂၁ MPG မြင်းခြံမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ၉ရက်နေ့ မနက်ပိုင်းက လူဦးရေ သောင်းဂဏန်းနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံမြို့ #သပိတ်စစ်ကြောင်း
Read Moreထီလင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ရဲမေအပါအဝင် ရဲဝန်ထမ်း ၈ ဦး CDM ပါဝင်လာ
မတ် ၉-၂၀၂၁ NLP မကွေးတိုင်း၊ ထီလင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ရဲဝန်ထမ်း ၈ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ မနေ့ မတ်လ ၈ရက်နေ့က ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #CDM #ဒုရဲအုပ် #ထီလင်းမြို့မရဲစခန်း
Read Moreကျောက်ပန်းတောင်း လူထု သပိတ်စစ်ကြောင်းမထွက်ခင်မှာပဲ ဖြိုခွဲခံရပြီး လူ ၃ ဦးဖမ်းဆီးခံရ
မတ် ၉ -၂၀၂၁ VOM (TG) ကျောက်ပန်းတောင်းမြို့မှာ ဒီကနေ့မနက်ပိုင်း ဆန္ဒပြလူထုသပိတ်စစ်ကြောင်း လူစုနေချိန်မှာပဲ စစ်တပ်နဲ့ရဲက သေနတ်ပစ်ဖောက်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရ ၃ ဦးလောက်ရှိနေတဲ့အပြင် လက်ရှိအချိန်ထိလည်း ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆန္ဒပြပါဝင်သူတွေဆီကနေ သိရပါတယ်။ “သီရိမင်္ဂလာ ဓမ္မာရုံအနီး သပိတ်စစ်ကြောင်းမထွက်ခင် ဖြိုခွင်းခံရတယ်၊ လမ်းလျှောက်နေသူနှစ်ယောက် ရိုက်နှက်ဖမ်းခေါ်သွားတယ်၊နောက်တစ်ယောက်ထပ်ပါသွားတယ်၊ပေါင်း ၃ ယောက်ရှိနေတယ်၊သေနတ်အချက် ၄၀ လောက်ပစ်တယ်”လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးကပြောပါတယ်။ ကျောက်ပန်းတောင်းမှာ လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေရှိနေတဲ့အပြင် လမ်းထိပ်တွေမှာ စစ်သားတွေကစောင့်ကြပ်နေသလို ပန်းသီတာဥယာဉ်ရဲ့ အရှေ့ဘက်ခြမ်းမှာပါ စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့နေရာယူထားတာကြောင့် ဆန္ဒပြကျောင်းသားပြည်သူလူထု ပိတ်မိနေတဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်။ စစ်တပ်နဲ့ရဲ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် တင်ပါးကို ထိခိုက်ဒဏ်ရာရသူတစ်ဦးရှိထားတယ်လို့ လတ်တလောသတင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ကျောက်ပန်းတောင်း
Read Moreတိုက်ကြီးဆန္ဒပြလူထုကို ကျည်အစစ်သုံး ဖြိုခွဲခဲ့ပြီး လူ ၅ဦးထက်မနည်း ဖမ်းဆီးခံရ
မတ် ၈-၂၀၂၁ TG(VOM) ဒီနေ့ မတ်လ ၈ရက်နေ့ မနက် ၁၀နာရီလောက်က တိုက်ကြီးမြို့က ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်တွေသုံးပြီး ဖြိုခွဲခဲ့ကာ လူ ၅ဦးထက်မနည်း ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ ရပ်ကွက်လမ်းတွေထဲအထိ စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လမ်းမှာပိတ်ဆို့ထားတဲ့ အတားအဆီးတွေကိုဖျက်ဆီးကာ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ခဲ့တာလို့ သိရပါတယ်။ “လမ်းပိတ်ထားတာတွေကို ဖျက်စီးဝင်ရောက်နေတယ်။ လေးခွတွေနဲ့ လူတွေကိုလိုက်ပစ်တယ်၊ ကျည်အစစ်တွေနဲ့ မိုးပေါ်ထောင်ပစ်တယ်၊ လူ ၅ဦးလောက် ဖမ်းခံလိုက်ရတယ်လို့ သတင်းရတယ်”လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ စစ်တပ်နဲ့ရဲက လိုက်လံဖမ်းဆီးနေတာကြောင့် ရှောင်တိမ်းနေရသူတွေရှိသလို မနေ့ မတ်လ ၇ရက်နေ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ ၂၀ကျော်လည်း ခုချိန်ထိ ပြန်မလွတ်သေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM…
Read Moreထားဝယ်ဆန္ဒပြပွဲကို ကျည်အစစ်တွေသုံးပြီး လူစုခွဲ
မတ် ၈-၂၀၂၁ STY ဒီနေ့ မတ်လ ၈ရက်နေ့ ထားဝယ်မြို့အနှံ့က ဆန္ဒပြပွဲတွေကို စစ်တပ်ရဲက ကျည်အစစ်တွေနဲ့ မီးခိုးဗုံးတွေ အသုံးပြုပြီး လိုက်လံဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ မီးခိုးဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး ဖမ်းဆီးခံရသူ ၁၁ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြ #ပစ်ခတ်မှု #ဒဏ်ရာရ #ထားဝယ် #ကျည်အစစ် #မီးခိုးဗုံး
Read Moreလူစုခွဲပြီးပြန်လာတဲ့ ဆန္ဒပြသူတွေကို ရဲကပစ်ခတ်မှုကြောင့် ဆယ်ဦးကျော်ဒဏ်ရာရ
မတ် ၈-၂၀၂၁ KA ဧရာဝတီတိုင်း၊ လပွတ္တာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဒီနေ့မတ်လ ၈ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြပွဲပြီးလို့ လူစုခွဲပြန်လာချိန်မှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်ခံရတာဖြစ်ကာ ဒဏ်ရာရသူ ဆယ်ဦးကျော်ခဲ့တယ်လို့ သိရပါတယ်။ “လူစုခွဲပြီးအပြန် အောင်တော်မူဘုရား ရှေ့နားမရောက်ခင်မှာ ရဲကစောင့်ပြီးအပစ်ခံရတာ”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်မှာ လူတစ်ချို့လည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ လပွတ္တာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ရက်၃၀ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြ #ပစ်ခတ်မှု #ဒဏ်ရာရ
Read More