ကမာရွတ်မီဒီယာတိုက်ကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီး၊ ပစ္စည်းသိမ်း

ရန်ကုန်-မတ်-၉-၂၀၂၁

VOM

 

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း၊ စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ ကမာရွတ်မီဒီယာ (Kamayut Media)ရုံးကို ဒီနေ့ မွန်းလွဲ ၁နာရီခွဲခန့်က  စစ်တပ်နဲ့ အရပ်ဝတ်တွေပါတဲ့ အင်အား ၁၀၀ကျော်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ယောက်ကို ဖမ်းဆီးသွားသလို ရုံးပစ္စည်းတွေ ယူဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။

 

ကမာရွတ်မီဒီယာတိုက်ကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီး၊ ပစ္စည်းသိမ်း

ကမာရွတ်မီဒီယာရဲ့ သတင်းထောက် တဦးပြောပြတာက

“ကျနော်က ရုံးမှာမနေဘူး ရုံးလည်းမတက်ရဘူး ဝင်ဖမ်းတဲ့အချိန်မှာ  စံရိပ်ငြိမ် ၄လမ်းနဲ့ ၅ လမ်းတွေကို ရဲတွေက အရင် ပိတ်ဆို့ထားပြီးတော့ Double Cap, အိမ်စီးကား၊ တက္ကစီတွေနဲ့ စစ်သားတွေ အရပ်ဝတ်တွေပါတယ်။ တိုက်ခန်းကိုဝင်ချိန်မှာ စစ်သားနဲ့ အရပ်ဝတ်က ဝင်ဖမ်းတာလို့ သိရပါတယ်။  ဖမ်းသွားတာဖြစ်နိုင်တာတော့ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ ကိုဟန်သာပဲရှိတော့ သူတို့ဖြစ်နိုင်မယ်ထင်တယ် “ လို ဆိုပါတယ်။

 

မျက်မြင်တွေ့ရှိသူရဲ့ ပြောဆိုချက်အရတော့ လမ်းထဲမှာရှိတဲ့ CCTV တွေကိုလည်း ရိုက်ချိုး ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။ မတ်လ ၈ ရက်မနေ့ကလည်း  ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းက မြန်မာနောင်း ရုံးခန်းနဲ့ သင်္ဃန်းကျွန်း ဝေဇယန္တာလမ်းက ၈၈ မျိုးဆက် ငြိမ်းပွင့်ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းပြီး ပစ္စည်းတချို့ ယူဆောင်သွားတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါသေးတယ်။

 

#voiceofmyanmar #VOM #ကမာရွတ်မီဒီယာ

 

Related posts

Leave a Comment

VOM News

FREE
VIEW