ကျောက်မြောင်း ဩဘာလမ်းထိပ်က အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဒီနေ့ နေ့လယ်ပိုင်းက မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။

မတ် ၉-၂၀၂၁ MHS #voiceofmyanmar #VOM #ကျောက်မြောင်း #ဩဘာလမ်း #သပိတ် #ဖြိုခွင်း

Read More

မစိုးရိမ်ကျောင်းတိုက်(တိုက်ဟောင်း)က သံဃာတော်တွေက ပရိတ်ရွတ်ဖတ်ရင်း ဆန္ဒပြ

မန္တလေး၊ မတ်-၉-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ မစိုးရိမ်းကျောင်းတိုက်(တိုက်ဟောင်း)က သံဃာတော်တွေက “စစ်အာ ဏာရှင် အလိုမရှိ”ကြောင်း မေတ္တာသုတ် နဲ့ မောရသုတ် တို့ကို ကျောင်းတိုက်ရှေ့မှာ ရွတ်ဖတ်ရင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #မန္တလေး #Mandalay #VOM #voiceofmyanmar #မစိုးရိမ်ကျောင်းတိုက် #သံဃာတော် #ဆန္ဒပြ #ပရိတ်

Read More

တောင်ငူသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် ၆ဦး ဖမ်းဆီးခံရ

‌မတ် ၉-၂၀၂၁ KLY(VOM) ဒီနေ့ မတ်လ ၉ရက်နေ့ မနက် ၉ နာရီက တောင်ငူမြို့ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးတွေသုံးကာ လူစုခွဲခဲ့ပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ “လူစုခွဲချိန် စစ်ကြောင်းနှစ်ခုကွဲသွားပြီး နီးစပ်ရာ ‌ရပ်ကွက်တွေမှာခိုနေတုန်း မိတာပါ။ ရွှေမင်းဝံကျောင်းက ဆရာမလို့ သိရပြီး ကျန်လူတွေကိုမသိရဘူး” လို့ အငြိမ်းစား ပညာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဖမ်းခံရတဲ့ ကွင်းပိုင်းက လာလားနဲ့ဂျလားဆိုသူနှစ်ဦးကို တောင်ငူထောင် ချက်ခြင်းပို့လိုက်တယ်လို့ သူတို့နဲ့ ရင်းနှီးတဲ့ အမျိုးသားတစ်ဦးကနေသိရပြီး ကျန်လေးဦးကိုတော့ ဘယ်ကိုပို့လိုက်တယ်ဆိုတာ မသိရသေးပါဘူး။ တောင်ငူမှာ လုံခြုံရေးယူ‌နေတဲ့ အရန်တပ်ရင်းအချို့နေရာမှာ တပ်မတစ်ခု ပြောင်းရွေ့တာဝန်ထမ်း‌ဆောင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မနေ့ မတ်လ ၈ ရက်နဲ့ ဒီနေ့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ဖြိုခွင်းခဲ့တာဖြစ်ပြီး…

Read More

နတ်တလင်းက လူထုသပိတ်စစ်ကြောင်း ကျည်အစစ်သုံးပြီး ဖြိုခွဲခံခဲ့ရ

မတ် ၉-၂၀၂၁ TG(VOM) ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ဒီနေ့ မတ်လ ၉ရက်နေ့ မနက် ဆန္ဒပြပြည်သူသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ဖြိုခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နတ်တလင်း ဒေသခံတစ်ဦးက “သပိတ်လမ်းကြောင်းက စထွက်ကာစကို နောက်ကနေပစ်တာ၊ စုစုပေါင်းဆို အချက်၃၀လောက် ရှိမလားပဲ။ ရာဘာကျည်တွေရော ပါသလို ကျည်အစစ်တွေလည်း ပါတယ်။ ပြီးတော့ လူ၅ဦးထက်ပိုလို့ဆိုပြီး ဆွဲကြသေးတယ်။ သူတို့အင်အား ၅၀ လောက်ရှိမယ်၊ သပိတ်ကွဲသွားလို့ ဝရုန်းသုန်းကားပြေးတဲ့သူတွေနောက်ကို အတင်းလိုက်ကြတယ်။ သူအစောကအထိတော့ လမ်းပေါ်မှာ သူတို့ပတ်နေတယ်”လို့ ပြောပါတယ်။ အဲ့ဒီ ဖြိုခွင်းခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနဲ့ ဖမ်းဆီးခံရသူ ရှိမရှိကိုတော့ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ #voiceofmyanmar #VOM #နတ်တလင်း #သပိတ်စစ်ကြောင်း #ဖြိုခွင်းခံရ

Read More

မန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ်- ၉-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်ကတည်းက “စစ်အာဏာရှင် အလိုမရှိ” ကြောင်း လမ်းလျှောက်ဆန္ဒပြ နေတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

ဘောဂလိမြို့ဆန္ဒပြပွဲ KNU တပ်မဟာ ၂ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူ

မတ် ၉-၂၀၂၁ KLY(VOM) ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီနေ့ မတ်လ၉ရက်နေ့ မနက် ၉ နာရီလောက်က ပြုလုပ်ခဲ့ရာမှာ KNU တပ်မဟာ ၂ တပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ လာရောက်စောင့်ရှောက်ပေးခဲ့တယ်လို့ ကေအဲန်ယူတပ်မဟာ ၂ တပ်မဟာမှူး ဖထီးဒဲလ်ဖိုးကနေ သိရပါတယ်။ ကေအဲန်ယူတပ်မဟာ ၂ တပ်မဟာမှူး ဖထီးဒဲလ်ဖိုးက “ကေအဲန်ယူဗဟိုရဲ့ သဘောထားလို့လည်း ပြောလို့ရပါတယ်။ နောက်တစ်ခုပြောရမယ်ဆို ကိုယ့်လူထု ကိုယ့်ပြည်နယ်ကို စောင့်ရှောက်တာလို့လည်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။ ဘောဂလိဒေသခံပြည်သူတွေ၊ ကရင်တိုင်းရင်းသားတွေ စုစုပေါင်း ၁၀၀၀ နီးပါးလောက်ဟာ အာဏာရှင်စနစ်အလိုမရှိ၊ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးရေးနဲ့ အနိုင်ရပါတီကို အာဏာပြန်ပေးဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ သံတောင်ကြီးမြို့နယ် ဘောဂလိမြို့မှာ ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကတည်းက အာဏာရှင်စနစ် အလိုမရှိကြောင်း…

Read More

မူဆယ်မြို့မှာ လူတဦးကို လက်ပစ်ဗုံးတစ်လုံးနဲ့အတူ ဖမ်းမိ

မတ် ၉-၂၀၂၁ Shayi Violin(VOM) မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့မှာ ဒီနေ့ မတ်လ ၉ ရက်နေ့ မနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်ခိုးသူတဦးကို တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မူဆယ်မြို့ ကမ္ဘောဇဘဏ် ၁ နားက အားကစားပစ္စည်း အရောင်းဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးကို ခိုးပြီးထွက်ပြေးလို့ ဒေသခံတွေက လိုက်လံဖမ်းဆီးခဲ့ရာ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံရှေ့နားမှာ တယောက်က ထွက်ပြေး လွတ်မြောက်သွားပြီး တယောက်ကိုတော့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူထံကနေ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတလုံး၊‌ ခေါက်ဓါးတလက်၊ ဆိုင်ကယ်ခိုးယူရာမှာသုံးတဲ့ သုံးမြောင့်ချွန်ကိရိယာတခုကို တွေ့ရှိခဲ့တာပါ။ဒေသခံပြည်သူတွေက ဖမ်းဆီးရမိသူကို မူဆယ်မြို့မရဲစခန်းမှာ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မြို့မှာ ဆိုင်ကယ်နဲ့ ကားတွေ ခိုးယူခံနေရတာကြောင့် ဒေသခံတွေက ရပ်ကွက်အလိုက် အလှည့်ကျ လှည့်ပတ်ကာ စောင့်ကြပ်နေကြရလို့လည်း သိရပါတယ်။…

Read More

အာဏာသိမ်းမှုကန့်ကွက်ဆန္ဒဖော်ထုတ်မှု ‌ဖြိုခွင်းရာမှာ ကျဆုံးခဲ့တဲ့ ကိုဇင်မင်းထက်ရဲ့နာရေး

မတ် ၉-၂၀၂၁ YAT မြစ်ကြီးနားမြို့မှာ မနေ့ မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အာဏာသိမ်းမှုကန့်ကွက် ဆန္ဒပြသပိတ် အဖြိုခွဲခံရပြီး သေဆုံးခဲ့ရတဲ့ ကချင်စုရပ်ကွက်က အသက် ၂၄ နှစ်အရွယ် ကိုဇင်မင်းထက်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၉ရက်နေ့မနက်ပိုင်းက ရှမ်းစုမြောက် ရှမ်းမျိုးနွယ်စုဓမ္မာရုံမှာ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီမှာ ရာဒါကောင်းသုဿန်မှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြစ်ကြီးနား #မတ်လ၈ရက် #လူသေဆုံးမှုဖြစ်စဉ်

Read More

ညောင်ဦး လူထုသပိတ် ဖြိုခွဲခံရပြီး လူငယ် တစ်ဦးဖမ်းဆီးခံရ

မတ် ၉-၂၀၂၁ TG(VOM) ဒီနေ့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ညောင်ဦးမြိုလူထုသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး လူငယ်တစ်ဦး ဖမ်းခံထားရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေဆီက သိရပါတယ်။ “ညောင်ဦးတောင်ဘက် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး တစ်ဦးအဖမ်းခံရတယ်။ အခု လူစုခွဲပြီး ပြန်နေကြပြီ။ သေနတ်ဖောက်တယ်။ နောက်အသံဗုံး တစ်လုံးဖောက်တယ်။ တခြားနေရာတွေမှာ ပုန်းတဲ့သူတွေ ရှိနေဆဲပါ” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီ ဖမ်းခံရသူကို သေနတ်နဲ့ ရိုက်နှက်ပြီး ခေါ်သွားကာ လက်ရှိအချိန်မှာ ရဲကား ၂ စီး၊ စစ်ကား ၂စီး၊ အချုပ်ကားတစီးအပြင် စစ်သားတွေက ရပ်ကွက်ထဲအထိ သွားလာနေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ညောင်ဦးမြို့မှာ ဒီကနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက သပိတ်စစ်ကြောင်းတွေကို စုရပ်ခွဲ လုပ်ဆောင်ခဲ့ပြီး တခြားသပိတ်စစ်ကြောင်းတချို့မှာလည်း ဖမ်းဆီးခံလိုက်ရသူ ရှိခဲ့တယ်လို့ သိရပေမယ့် VOM…

Read More

ကမာရွတ်မီဒီယာတိုက်ကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီး၊ ပစ္စည်းသိမ်း

ရန်ကုန်-မတ်-၉-၂၀၂၁ VOM   ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း၊ စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ ကမာရွတ်မီဒီယာ (Kamayut Media)ရုံးကို ဒီနေ့ မွန်းလွဲ ၁နာရီခွဲခန့်က  စစ်တပ်နဲ့ အရပ်ဝတ်တွေပါတဲ့ အင်အား ၁၀၀ကျော်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ယောက်ကို ဖမ်းဆီးသွားသလို ရုံးပစ္စည်းတွေ ယူဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။   ကမာရွတ်မီဒီယာရဲ့ သတင်းထောက် တဦးပြောပြတာက “ကျနော်က ရုံးမှာမနေဘူး ရုံးလည်းမတက်ရဘူး ဝင်ဖမ်းတဲ့အချိန်မှာ  စံရိပ်ငြိမ် ၄လမ်းနဲ့ ၅ လမ်းတွေကို ရဲတွေက အရင် ပိတ်ဆို့ထားပြီးတော့ Double Cap, အိမ်စီးကား၊ တက္ကစီတွေနဲ့ စစ်သားတွေ အရပ်ဝတ်တွေပါတယ်။ တိုက်ခန်းကိုဝင်ချိန်မှာ စစ်သားနဲ့ အရပ်ဝတ်က ဝင်ဖမ်းတာလို့ သိရပါတယ်။  ဖမ်းသွားတာဖြစ်နိုင်တာတော့ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ ကိုဟန်သာပဲရှိတော့ သူတို့ဖြစ်နိုင်မယ်ထင်တယ် “ လို…

Read More
VOM News

FREE
VIEW