တောင်ငူသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် ၆ဦး ဖမ်းဆီးခံရ

‌မတ် ၉-၂၀၂၁
KLY(VOM)

ဒီနေ့ မတ်လ ၉ရက်နေ့ မနက် ၉ နာရီက တောင်ငူမြို့ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးတွေသုံးကာ လူစုခွဲခဲ့ပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“လူစုခွဲချိန် စစ်ကြောင်းနှစ်ခုကွဲသွားပြီး နီးစပ်ရာ ‌ရပ်ကွက်တွေမှာခိုနေတုန်း မိတာပါ။ ရွှေမင်းဝံကျောင်းက ဆရာမလို့ သိရပြီး ကျန်လူတွေကိုမသိရဘူး” လို့ အငြိမ်းစား ပညာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဖမ်းခံရတဲ့ ကွင်းပိုင်းက လာလားနဲ့ဂျလားဆိုသူနှစ်ဦးကို တောင်ငူထောင် ချက်ခြင်းပို့လိုက်တယ်လို့ သူတို့နဲ့ ရင်းနှီးတဲ့ အမျိုးသားတစ်ဦးကနေသိရပြီး ကျန်လေးဦးကိုတော့ ဘယ်ကိုပို့လိုက်တယ်ဆိုတာ မသိရသေးပါဘူး။

တောင်ငူမှာ လုံခြုံရေးယူ‌နေတဲ့ အရန်တပ်ရင်းအချို့နေရာမှာ တပ်မတစ်ခု ပြောင်းရွေ့တာဝန်ထမ်း‌ဆောင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မနေ့ မတ်လ ၈ ရက်နဲ့ ဒီနေ့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ဖြိုခွင်းခဲ့တာဖြစ်ပြီး မနေ့ကလည်း ဆန္ဒပြသူလေးဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

#VoiceOfMyanmar #VOM #တောင်ငူ #သပိတ်စစ်ကြောင်း #ဖြိုခွင်းခံရ #ကျောင်းဆရာမ #ဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW