လူစုခွဲပြီးပြန်လာတဲ့ ဆန္ဒပြသူတွေကို ရဲကပစ်ခတ်မှုကြောင့် ဆယ်ဦးကျော်ဒဏ်ရာရ

မတ် ၈-၂၀၂၁
KA

ဧရာဝတီတိုင်း၊ လပွတ္တာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဒီနေ့မတ်လ ၈ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒပြပွဲပြီးလို့ လူစုခွဲပြန်လာချိန်မှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်ခံရတာဖြစ်ကာ ဒဏ်ရာရသူ ဆယ်ဦးကျော်ခဲ့တယ်လို့ သိရပါတယ်။

“လူစုခွဲပြီးအပြန် အောင်တော်မူဘုရား ရှေ့နားမရောက်ခင်မှာ ရဲကစောင့်ပြီးအပစ်ခံရတာ”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်မှာ လူတစ်ချို့လည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

လပွတ္တာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ရက်၃၀ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ဆန္ဒပြ #ပစ်ခတ်မှု #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW