တိုက်ကြီးဆန္ဒပြလူထုကို ကျည်အစစ်သုံး ဖြိုခွဲခဲ့ပြီး လူ ၅ဦးထက်မနည်း ဖမ်းဆီးခံရ

မတ် ၈-၂၀၂၁ TG(VOM) ဒီနေ့ မတ်လ ၈ရက်နေ့ မနက် ၁၀နာရီလောက်က တိုက်ကြီးမြို့က ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်တွေသုံးပြီး ဖြိုခွဲခဲ့ကာ လူ ၅ဦးထက်မနည်း ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ ရပ်ကွက်လမ်းတွေထဲအထိ စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လမ်းမှာပိတ်ဆို့ထားတဲ့ အတားအဆီးတွေကိုဖျက်ဆီးကာ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ခဲ့တာလို့ သိရပါတယ်။ “လမ်းပိတ်ထားတာတွေကို ဖျက်စီးဝင်ရောက်နေတယ်။ လေးခွတွေနဲ့ လူတွေကိုလိုက်ပစ်တယ်၊ ကျည်အစစ်တွေနဲ့ မိုးပေါ်ထောင်ပစ်တယ်၊ လူ ၅ဦးလောက် ဖမ်းခံလိုက်ရတယ်လို့ သတင်းရတယ်”လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ စစ်တပ်နဲ့ရဲက လိုက်လံဖမ်းဆီးနေတာကြောင့် ရှောင်တိမ်းနေရသူတွေရှိသလို မနေ့ မတ်လ ၇ရက်နေ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ ၂၀ကျော်လည်း ခုချိန်ထိ ပြန်မလွတ်သေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM…

Read More

ထားဝယ်ဆန္ဒပြပွဲကို ကျည်အစစ်တွေသုံးပြီး လူစုခွဲ

မတ် ၈-၂၀၂၁ STY ဒီနေ့ မတ်လ ၈ရက်နေ့ ထားဝယ်မြို့အနှံ့က ဆန္ဒပြပွဲတွေကို စစ်တပ်ရဲက ကျည်အစစ်တွေနဲ့ မီးခိုးဗုံးတွေ အသုံးပြုပြီး လိုက်လံဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ မီးခိုးဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး ဖမ်းဆီးခံရသူ ၁၁ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြ #ပစ်ခတ်မှု #ဒဏ်ရာရ #ထားဝယ် #ကျည်အစစ် #မီးခိုးဗုံး

Read More

လူစုခွဲပြီးပြန်လာတဲ့ ဆန္ဒပြသူတွေကို ရဲကပစ်ခတ်မှုကြောင့် ဆယ်ဦးကျော်ဒဏ်ရာရ

မတ် ၈-၂၀၂၁ KA ဧရာဝတီတိုင်း၊ လပွတ္တာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဒီနေ့မတ်လ ၈ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြပွဲပြီးလို့ လူစုခွဲပြန်လာချိန်မှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်ခံရတာဖြစ်ကာ ဒဏ်ရာရသူ ဆယ်ဦးကျော်ခဲ့တယ်လို့ သိရပါတယ်။ “လူစုခွဲပြီးအပြန် အောင်တော်မူဘုရား ရှေ့နားမရောက်ခင်မှာ ရဲကစောင့်ပြီးအပစ်ခံရတာ”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်မှာ လူတစ်ချို့လည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ လပွတ္တာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ရက်၃၀ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြ #ပစ်ခတ်မှု #ဒဏ်ရာရ

Read More

ကျောက်မြောင်း သီတာလမ်းနဲ့ သြဘာလမ်းသပိတ်ကို ပစ်ခတ်ဖြိုခွင်းပြီး ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မတ် ၈-၂၀၂၁ MHS #VoiceOfMyanmar #VOM #ကျောက်မြောင်း #သပိတ် #ပစ်ခတ်ဖြိုခွင်း #ဖမ်းဆီး

Read More

ရုံးလုပ်ငန်းနဲ့ ပတ်သက်ပြီး စကားများရာက မြို့နယ်မီးသတ်ဦးစီး အရာရှိ အချင်းချင်း လူသတ်မှုဖြစ်

မတ် ၈ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ ၊(ဂ)ရပ်ကွက်၊ မြို့နယ်မီးသတ်စခန်းဝန်းအတွင်းမှာ ဒီကနေ့ မတ် ၈ ရက် မနက် ၇ နာရီ ၊မိနစ် ၄၀ အချိန်က မြို့နယ် ဦးစီးအရာရှိ အချင်းချင်း လုပ်ငန်းကိစ္စ စကားပြောရာကနေ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးလို့ မြို့နယ်ဦးစီးအရာရှိ တစ်ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။ ယင်းမာပင် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ပြောပြတာက.” သေဆုံးသူ ဦးစီး အရာရှိက ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနက ဌာနမှူး ဦးအောင်ဇေမိုး ဖြစ်တယ် ၊ ညာဘက် ဝမ်းဗိုက်နေရာမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ် “လို့ ပြောပါတယ်။ ဒါ့အပြင် ယင်းမာပင်မြို့နယ် မီးသတ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်ဝန်ထမ်းတစ်ယောက်ကလည်း ” ဆားလင်းကြီးမြို့နယ် မီးသတ် ဦးစီးဌာန ၊ ဌာနမှူး…

Read More

ဖျာပုံသပိတ် ဖြိုခွင်းမှု ၁ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရ

မတ်လ ၈-၂၀၂၁ KA ဒီနေ့ မတ်လ ၈ရက်နေ့ နေ့လယ်က ဖျာပုံမြို့ သပိတ်စစ်ကြောင်းကိုဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး ဟာ ပစ်ခတ်မှုဖြစ်စဉ်မှာ ဝမ်းဗိုက်ကိုထိမှန်ပြီး သေဆုံးခဲ့တာပါ။ ဒီနေ့ ဖျာပုံသပိတ်စစ်ကြောင်းကို ဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတစ်ရာကျော်နဲ့ လက်ရှိအချိန်ထိ သေဆုံးသူတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #သပိတ် #ဖြိုခွင်း #သေဆုံး #ဒဏ်ရာရ

Read More

လားရှိုးမြို့မှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်သူတွေနဲ့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

မတ် ၈၊ ၂၀၂၁ Shayi Violin(VOM) လားရှိုးမြို့မှာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထူးအစီအစဉ်အနေနဲ့ “စစ်အာဏာရှင်ချုပ်ငြိမ်းရန် အမျိုးသမီးထုအားရဲ့ စိန်ခေါ်သံ” စာသားပါ ကမ်ပိန်းလုပ်ရင်း ဆန္ဒ ထုတ်ဖော်နေတဲ့ အမျိုးသမီးတွေနဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဖြိုခွင်းခံခဲ့ရပါတယ်။ နေရာနှစ်နေရာ ဖြိုခွင်းခံရပြီး ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ပြည်သူတွေဟာ နှစ်ကြိမ်တိုင် ဖြိုခွဲခံရပေမယ့် လူပြန်စုပြီး ဆက်လက် ဆန္ဒပြကာ ၁၁ နာရီဝန်းကျင်မှာ လူစုပြန်ခွဲခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #နိုင်ငံတကာအမျိုးသမီးများနေ့ #ကမ်ပိန်း #သပိတ်စစ်ကြောင်း #ဖြိုခွင်း

Read More

မန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ်- ၈-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က “စစ်အာဏာရှင် အလိုမရှိ” ကြောင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

မြစ်ကြီးနားဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲခံရပြီး အနည်းဆုံး နှစ်ဦးသေဆုံး

မတ် ၈-၂၀၂၁ VOM ဒီနေ့ မတ်လ ၈ရက်နေ့ နေ့လယ်ပိုင်း မြစ်ကြီးနားမြို့က ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး နှစ်ဦးခေါင်းကိုကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲနားက ဆောက်လက်စ အထပ်မြင့်တိုက်တခုပေါ်မှာ စနိုက်ပါနဲ့နေရာယူထားသူကိုတွေ့ရပြီး သေဆုံးသူတွေဟာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာဆိုတဲ့ ပြောဆိုမှုတွေရှိနေပါတယ်။ ဒဏ်ရာရသူတွေထဲက တဦးကတော့ ဗိုက်ကို သေနတ်မှန်ထားလို့ စိုးရိမ်ရပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ #ပစ်ခတ် #ဖြိုခွဲ #သေဆုံး

Read More

ပြည်မြို့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွဲပြီး ဆန္ဒပြသူတွေကို အိမ်တွေထဲထိလိုက်ဖမ်း

မတ် ၈-၂၀၂၁ VOM ဒီနေ့ မတ်လ ၈ရက်နေ့ မနက်ပိုင်းက ပြည်မြို့မှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက ဖြိုခွဲခဲ့ပြီး လူ ၂၀ ကျော် ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ “ဖမ်းခံရတာ နှစ်ဆယ်ကျော်တယ်၊ အိမ်ထဲဝင်ဆွဲတာက ၆ယောက်၊ ဈေးသူဈေးသားတွေ ကူပြောပေးတာတောင်မရဘူး။ ဆိုင်ကယ်နဲ့တိုက်မိလို့ လဲတာကိုလည်းဝင်ဖမ်းတာရှိတယ်။ ဆိုင်ကယ် ၁၅ စီးနဲ့ ကား ၁စီးပါသွားတယ်”လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ ဆန္ဒပြလူထုဟာ ခြေလျင်သပိတ်စစ်ကြောင်းတွေအသီးသီး ခွဲထွက်ပြီး ဆန္ဒပြခဲ့ပေမယ့် စစ်ကြောင်းအားလုံးကို မနက် ၁၀ နာရီလောက်မှာပဲ စစ်တပ်နဲ့ရဲက စတင်ပစ်ခတ်ကာ ဖြိုခွဲခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ရိုက်နှက်ခံထားရသူတွေလည်း ပါဝင်ပြီး အဲ့ဒီသူတွေကို လိုင်းကားတွေနဲ့ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #သပိတ်စစ်ကြောင်း #ဖြိုခွဲ #ဖမ်းဆီး

Read More
VOM News

FREE
VIEW