ရုံးလုပ်ငန်းနဲ့ ပတ်သက်ပြီး စကားများရာက မြို့နယ်မီးသတ်ဦးစီး အရာရှိ အချင်းချင်း လူသတ်မှုဖြစ်

မတ် ၈ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ ၊(ဂ)ရပ်ကွက်၊ မြို့နယ်မီးသတ်စခန်းဝန်းအတွင်းမှာ ဒီကနေ့ မတ် ၈ ရက် မနက် ၇ နာရီ ၊မိနစ် ၄၀ အချိန်က မြို့နယ် ဦးစီးအရာရှိ အချင်းချင်း လုပ်ငန်းကိစ္စ စကားပြောရာကနေ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးလို့ မြို့နယ်ဦးစီးအရာရှိ တစ်ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။

ယင်းမာပင် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ပြောပြတာက.” သေဆုံးသူ ဦးစီး အရာရှိက ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနက ဌာနမှူး ဦးအောင်ဇေမိုး ဖြစ်တယ် ၊ ညာဘက် ဝမ်းဗိုက်နေရာမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ် မီးသတ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်ဝန်ထမ်းတစ်ယောက်ကလည်း ” ဆားလင်းကြီးမြို့နယ် မီးသတ် ဦးစီးဌာန ၊ ဌာနမှူး ဦးအောင်ဇေမိုးဟာ လုပ်ငန်းတာဝန်နဲ့ ယင်းမာပင် မီးသတ်စခန်းကို လာရောက်တာဖြစ်တယ်၊ မီးသတ်စခန်း ရုံးပေါက်ရှေ့က မီးပုံမှာ မီးလှုံနေယင်း ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာန ၊ ယာယီ မြို့နယ် မီးသတ်ဦးစီးမှူး (ဦးစီး) ဦးဝင်းကျော်ထွန်း နဲ့ ရုံးလုပ်ငန်း ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ ဦးဝင်းကျော်ထွန်းက ဦးအောင်ဇေမိုးကိုယ် ဓားနဲထိုးခဲ့တာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဦးစီးအရာရှိ အချင်းချင်းဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ယင်းမာပင်မြို့မရဲစခန်းက အမှူဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စလို့ စစ်ကိုင်းတိုင်းအတွင်းက ဌာနဆိုင်ရာ အတော်တော်များမှာ ရုံးလုပ်ငန်း ကိစ္စတွေနဲ့ပတ်သက်ပြီး ဝန်ထမ်းအချင်းချင်း မကြာခဏ စကားများ ခိုက်ရန်ဖြစ်ပွားတာတွေရှိပြီး CDM လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဝန်ထမ်းအချင်ချင်း သဘောထားကွဲလွဲမှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။

#voiceofmyanmar #vom #မီးသတ်ဦးစီး #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW