မြစ်ကြီးနားဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲခံရပြီး အနည်းဆုံး နှစ်ဦးသေဆုံး

မတ် ၈-၂၀၂၁
VOM

ဒီနေ့ မတ်လ ၈ရက်နေ့ နေ့လယ်ပိုင်း မြစ်ကြီးနားမြို့က ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး နှစ်ဦးခေါင်းကိုကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲနားက ဆောက်လက်စ အထပ်မြင့်တိုက်တခုပေါ်မှာ စနိုက်ပါနဲ့နေရာယူထားသူကိုတွေ့ရပြီး သေဆုံးသူတွေဟာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာဆိုတဲ့ ပြောဆိုမှုတွေရှိနေပါတယ်။

ဒဏ်ရာရသူတွေထဲက တဦးကတော့ ဗိုက်ကို သေနတ်မှန်ထားလို့ စိုးရိမ်ရပါတယ်။

#VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ #ပစ်ခတ် #ဖြိုခွဲ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW