လားရှိုးမြို့မှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်သူတွေနဲ့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

မတ် ၈၊ ၂၀၂၁
Shayi Violin(VOM)

လားရှိုးမြို့မှာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထူးအစီအစဉ်အနေနဲ့ “စစ်အာဏာရှင်ချုပ်ငြိမ်းရန် အမျိုးသမီးထုအားရဲ့ စိန်ခေါ်သံ” စာသားပါ ကမ်ပိန်းလုပ်ရင်း ဆန္ဒ ထုတ်ဖော်နေတဲ့ အမျိုးသမီးတွေနဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဖြိုခွင်းခံခဲ့ရပါတယ်။

နေရာနှစ်နေရာ ဖြိုခွင်းခံရပြီး ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ပြည်သူတွေဟာ နှစ်ကြိမ်တိုင် ဖြိုခွဲခံရပေမယ့် လူပြန်စုပြီး ဆက်လက် ဆန္ဒပြကာ ၁၁ နာရီဝန်းကျင်မှာ လူစုပြန်ခွဲခဲ့ကြပါတယ်။

#VoiceOfMyanmar #VOM #နိုင်ငံတကာအမျိုးသမီးများနေ့ #ကမ်ပိန်း #သပိတ်စစ်ကြောင်း #ဖြိုခွင်း

Related posts

Leave a Comment

VOM News

FREE
VIEW