ကျယ်ဂေါင်မှာ ကျောက်စိမ်းဝိုင်းတွေ အားလုံးပိတ်သိမ်းပြီး မြန်မာနိုင်ငံသားတွေကို လူစု လူဝေးမလုပ်ဖို့နဲ့ စစ်ဆေးတာတွေရှိ

မူဆယ်-မတ်၃၀-၂၀၂၁ Shayi Violin(VOM) တရုတ် – မြန်မာ အဓိက ကုန်သွယ်ရေး နယ်စပ်မြို့ဖြစ်တဲ့ ကျယ်ဂေါင်မြို့မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက ကျောက်စိမ်းဝိုင်းတွေ အားလုံးပိတ်သိမ်းကာ တရုတ်ရဲတွေက မြန်မာနိုင်ငံ သားများကို လူစုလူဝေး မလုပ်ရန်ပြောပြီး လမ်းသွား လမ်းလာသူများကို ဖုန်းတွေ စစ်ဆေး နေတယ်လို့ ကျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။ မူဆယ်မြို့မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နှစ်နိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ကျောက်စိမ်းရောင်းဝယ်နေတဲ့ ကျောက်ဝိုင်းတွေ ပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောက်ဝိုင်းတွေ ပိတ်ရတဲ့အကြောင်း ကျယ်ဂေါင်မှ ကျောက်ခုံပိုင်ရှင်တစ်ဦးက “မူဆယ်မြို့ပေါ်ကို KIA ဝင်တော့မယ်လို့ ကြားရတယ်။ ဒီဘက်မှာတော့ ကျောက်ဝိုင်းတွေ ပိတ်လိုက်တာ ဘာမှကြိုအသိမပေးဘဲ မတ်လ ၂၉ ရက် မနက်ပိုင်း ကျောက်ဝိုင်းတွေ အကုန်ပိတ် ချလိုက်ပြီး ဘာမှ ယူမထား…

Read More

ကျယ်ဂေါင်မှာ ကျောက်စိမ်းဝိုင်းတွေ အားလုံးပိတ်သိမ်းပြီး မြန်မာနိုင်ငံသားတွေကို လူစု လူဝေးမလုပ်ဖို့နဲ့ စစ်ဆေးတာတွေရှိ

မူဆယ်-မတ်၃၀-၂၀၂၁ Shayi Violin(VOM) တရုတ် – မြန်မာ အဓိက ကုန်သွယ်ရေး နယ်စပ်မြို့ဖြစ်တဲ့ ကျယ်ဂေါင်မြို့မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက ကျောက်စိမ်းဝိုင်းတွေ အားလုံးပိတ်သိမ်းကာ တရုတ်ရဲတွေက မြန်မာနိုင်ငံ သားများကို လူစုလူဝေး မလုပ်ရန်ပြောပြီး လမ်းသွား လမ်းလာသူများကို ဖုန်းတွေ စစ်ဆေး နေတယ်လို့ ကျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။ မူဆယ်မြို့မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နှစ်နိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ကျောက်စိမ်းရောင်းဝယ်နေတဲ့ ကျောက်ဝိုင်းတွေ ပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောက်ဝိုင်းတွေ ပိတ်ရတဲ့အကြောင်း ကျယ်ဂေါင်မှ ကျောက်ခုံပိုင်ရှင်တစ်ဦးက “မူဆယ်မြို့ပေါ်ကို KIA ဝင်တော့မယ်လို့ ကြားရတယ်။ ဒီဘက်မှာတော့ ကျောက်ဝိုင်းတွေ ပိတ်လိုက်တာ ဘာမှကြိုအသိမပေးဘဲ မတ်လ ၂၉ ရက် မနက်ပိုင်း ကျောက်ဝိုင်းတွေ အကုန်ပိတ် ချလိုက်ပြီး ဘာမှ ယူမထား…

Read More

ပြည်မြို့မှာ လိုက်လံဖမ်းဆီးတာတွေရှိနေလို့ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြ

မတ် ၃၀ -၂၀၂၁ CK(VOM) ပြည်မြို့မှာ ပစ်ခတ်မှုတွေ၊လိုက်လံ ဖမ်းဆီးမှုတွေရှိနေတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ သပိတ်စစ်ကြောင်းမထွက်နိုင်ဘဲ ပြောက်ကြားစနစ်သုံးပြီး ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ “အာဏာရှင်ကို အဆုံးထိတွန်းလှန်မှာဖြစ်တယ်။ ကျနော်တို့ကို ပူးပေါင်းပါဝင်ပေးကြပါ။ အဖမ်းအဆီးအပစ်အခတ်တွေရှိနေလည်း ရရာပုံစံနဲ့ဆန္ဒပြပြီးတွန်းလှန်နေပါတယ်။ အရေးတော်ပုံအောင်ရမယ်”လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။ ပြည်မြို့ရဲ့ မြို့တွင်းလမ်းမတစ်လျှောက်က ကိုးသောင်းမီးပွိုင့်နဲ့ မီးပွိုင့်အကျော်၊မရောက်မီ လမ်းခုလတ်နေရာတွေမှာ စစ်သားတွေက နေရာယူစောင့်ကြပ်နေပြီး ပညာရေးမှူးရုံးအနီးမှာလည်း ရဲကားတွေက နေရာယူထားတယ်လို့သိရပါတယ်။မြို့တွင်းကိုလည်း ကားနဲ့လှည့်လည်နေပါတယ်။ “မနေ့က ပညာရေးမှူးရုံးရှေ့မှာ ကားတာယာမီးရှို့ခဲ့လို့ အဲ့ဒီတစ်ဝိုက်မှာ စစ်သားတွေနဲ့ရဲတွေစောင့်နေတာဖြစ်မယ်။ညဆိုလည်း သေနတ်ဖောက်၊နေ့ဆိုလည်းဖောက် ဖမ်းနေတော့ ဆန္ဒပြဖို့လူစုချိန်မရဘဲ ပြောက်ကျားပဲသုံးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နောက်ပြီး မြန်မာ့စီးပွားရေးဘဏ်မှာလည်း အထုတ်အပိုးတွေနဲ့ ဘဏ်အတွင်းထဲအထိ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ပြည် #ပြောက်ကျားစနစ်နဲ့ဆန္ဒပြ

Read More

မန္တလေးမြို့၊ စက်မှုစုပေါင်းသပိတ်ဟာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်တာကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

မတ် ၃၀ -၂၀၂၁ #voiceofmyanmar #VOM #မန္တလေး #စက်မှုစုပေါင်းသပိတ်

Read More

ပဲခူးမှာ တပ်နဲ့ရဲက ပစ်ခတ်ခေါ်ဆောင်သွားသူနှစ်ဦးထဲက ကျောင်းသားတစ်ဦး သေဆုံး

မတ် ၃၀-၂၀၂၁ KLY(VOM) ပဲခူးမြို့မှာ မနေ့ မတ် ၂၉ရက် မနက် ၁၁ နာရီခန့်က ဗဟိုစည်၊အမှတ် ၇ လမ်းမှာ ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းထဲခေါ်ဆောင်ခံခဲ့ရသူ နှစ်ဦးအနက် ပဲခူးတက္ကသိုလ်ကျောင်းသားတစ်ဦးဟာ ညနေပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ” ကောင်လေးနှစ်ယောက် ဆိုင်ကယ်စီးလာတုန်း ပစ်ခတ်ခံရတာပါ။ နှစ်ဦးလုံးကို အနီးက ဘုန်းကြီးကျောင်းထဲ ဆွဲခေါ်သွားပြီး ညနေပိုင်းကျ တစ်ဦးသေဆုံးပြီးဆိုပြီးအကြောင်းကြားတယ်။ တစ်ဦးကိုလည်း တပ်ဆေးရုံမှာကုသနေရတယ်” လို့ ပဲခူးမြို့ခံတစ်ဦးကပြောပါတယ်။ အဝေးသင်တက္ကသိုလ်ပဲခူးဌာနခွဲမှ ဒုတိယနှစ် မောင်ရှိုင်းသီဟန်လင်း(၂၀ နှစ်)နဲ့‌ မောင်ကျော်ကိုသိန်း(၂၀ နှစ်)တို့ နှစ်ဦးဟာ ဆိုင်ကယ်နဲ့ ဗဟိုစည်အမှတ် ၇ လမ်းထဲသို့မောင်းလာချိန် သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပြီး ညနေ ၃ နာရီခန့်မှာ မောင်ရှိုင်းသီဟန်လင်း သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ပဲခူး

Read More

ဗကသ အဖွဲ့ချုပ်နဲ့ ဘုရားကြီးသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ် ၃၀ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ဘုရားကြီးသပိတ်စစ်ကြောင်းတို့ ပူး ပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဗကသ #မန္တလေး

Read More

မန္တလေးက “ဒေါင်းစစ်သည်”နဲ့ “ပညာရေးမိသားစု” သပိတ်စစ်ကြောင်း

မန္တလေး၊ မတ်- ၃၀- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဒေါင်းစစ်သည်သပိတ်စစ် ကြောင်းနဲ့ ပညာရေးမိသားစုသပိတ်စစ်ကြောင်း ပူးပေါင်းပြီးတော့ ဒီကနေ့မနက်အစောပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #MDY #Mandalay #ဒေါင်းစစ်သည် #ဆန္ဒပြ #မန္တလေး

Read More

ဂုဏ်ပြုအောက်မေ့အလေးပြုအခမ်းအနားတစ်ရပ်ကို ကျန်းမာရေးမိသားစု – မန္တလေးကပြုလုပ်ခဲ့

မတ် ၃၀ -၂၀၂၁ Photo-Kate+ဒွန် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အသက်ပေးလှူသွားရတဲ့ ဒေါက်တာဖြိုးသန့်ဝေ၊ ဒေါက်တာသီဟတင်ထွန်းနဲ့ သူနာပြု/သားဖွားသင်တန်းကျောင်းသူ မသဉ္ဇာဟိန်း တို့ကို ဂုဏ်ပြုအောက်မေ့အလေးပြုအခမ်းအနားတစ်ရပ်ကို ကျန်းမာရေးမိသားစု – မန္တလေးက ဒီနေ့ မတ်လ ၃၀ရက်နေ့မနက်က မန္တလေးမြို့မှာကျင်းပခဲ့ပါတယ်။ ဆေးကျောင်းသား မောင်ခန့်ညားဟိန်းအတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလည်း (၁၈-၃-၂၀၂၁) က မန္တလေးမှာ ပြုလုပ်ခဲ့ကြပါသေးတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

တောင်ငူမှာ ဆိုင်ကယ်သပိတ်လိုက်ဖမ်းတဲ့ စစ်ကား ဓါတ်တိုင်ဝင်တိုက်

မတ် ၂၉-၂၀၂၁ KLY ဒီနေ့ မတ် ၂၉ရက် ညနေ ၅ နာရီလောက်က တောင်ငူမှာ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်နဲ့ ဆန္ဒပြနေသူတွေကို လိုက်ဖမ်းတဲ့ စစ်ကားဟာ ရန်-မန်းလမ်းနဲ့ မင်းကြီးညိုလမ်းညာဘက်ခြမ်းက လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။ “ကလေးတွေ ဆိုင်ကယ်သုံးလေးစီးကို တိုယိုတာပုံ စစ်စိမ်းရောင်ကားတစ်စီးက နောက်ကဇွတ်အတင်းလိုက်မောင်းဖမ်းဖို့ကြိုးစားရာက လမ်းဘေးဓါတ်တိုင် ဝင်တိုက်မိတာ။ တပ်မတော်သားတချို့နဲ့ ရဲအချို့ ပေါက်ပြဲဒဏ်ရာနည်းနည်းရတာ မြင်ရတယ်”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။ လိုက်လံဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေအနက် တစ်စီးဟာ လမ်းချိုးကွေ့မှာ တိမ်းမှောက်ခဲ့ပေမယ့် ဆိုင်ကယ်စီးလာတဲ့လူငယ် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲတာတွေ ရှိနေပေမယ့် တောင်ငူဒေသခံတွေဟာ ရရာနည်းနဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ

Read More

တောင်ဒဂုံမှာ စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး သုံးဦးသေပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၉-၂၀၂၁ အေးချမ်းသူ(VOM) ဒီနေ့ မတ် ၂၉ရက် နေ့လယ်ပိုင်းကစပြီး တောင်ဒဂုံမြို့နယ်မှာ စစ်တပ်က ပစ်ခတ်နေတာကြောင့် သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောင်ဒဂုံ ၁၀၇ ရပ်ကွက် သုမင်္ဂလာလမ်းမှာ နေထိုင်တဲ့ ကိုနေလင်းစော ၃၀နှစ်၊ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်နေ ကိုဝေဖြိုးသူ အသက် ၂၇ နှစ်နဲ့ အမျိုးသားတဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ စစ်တပ်က အလောင်းလာလုမှာ စိုးတဲ့အတွက် ကွယ်လွန်သူတဦးဖြစ်တဲ့ ကိုနေလင်းစောကို ချက်ချင်းသင်္ဂြိုလ်လိုက်ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ချက်ချင်းပဲ သဂြိုလ်လိုက်ရတယ် နောက်မို့ဆိုစစ်တပ်က အလောင်းလာလုမှာစိုးလို့” လို့ ပြောပါတယ်။ ရပ်ကွက်နေသူတွေရဲ့ ပြောကြားချက်နဲ့ လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ့ ဗီဒီယိုဖိုင်တွေအရ အဲ့ဒီ တောင်ဒဂုံဖြိုခွဲမှုအတွင်း စစ်တပ်က လက်နက်ကြီးတွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြိုခွဲမှုမှာ သေဆုံးသူ ၁၁ဦးထိရှိတယ်လို့…

Read More
VOM News

FREE
VIEW