မတ် ၂၈ -၂၀၂၁ YAT မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က ဝင်ရောက်ပစ်ခတ်ပြီး လမ်းတွေရှင်းနေတယ်လို့ သိရပါတယ်။ ” ဟုတ်တယ် သေနတ်က ၁၀ ချက်လောက် ဖောက်တယ်၊ အခု လမ်းတွေက ပိတ်ထားတာတွေကို စက်နဲ့ထိုးရှင်း ရှင်းနေကြတယ်”လို့ ကိုယ်တွေ့မြင်နေရသူက ပြောပါတယ်။ အခု ဖြိုခွင်းနေတဲ့ နေရာမှာလည်း ရဲကားနဲ့ စစ်ကားတွေ ဝိုင်းထားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ ရမ်ပူရပ်ကွက်ဟာ မတ်လ ၂၇ ရက်နေ့က အလံနက်ထောင်ပြီး စစ်ကား ရဲကားတွေဝင်မရအောင် လမ်းပိတ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ အလံနက်ထောင် ထိုင်သပိတ်ပြုလုပ်သူတွေဟာ မနေ့ မတ်လ ၂၇ရက် ညနေပိုင်းမှာ လူစုခွဲပြန်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြစ်ကြီးနား
Read MoreMonth: March 2021
မန္တလေးမြို့မှာ မနက်အစောပိုင်း အိမ်ခြေ ၄၀ မီးလောင်မှုကို ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်းမရှိ
မတ် ၂၈ -၂၀၂၁ VOM မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆(C)လမ်းနဲ့ ပျူစောထီးလမ်း(၁၁၇)လမ်းဒေါင့်မှာ ဒီကနေ့ မတ်၂၈ရက် မနက် ၂နာရီအချိန်က အိမ်ခြေ ၄၀ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မီးသတ်တပ်ဖွဲ့ကသာ လာရောက် မီးငြိမ်းသတ်ခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” မီးလောင်မှုဖြစ်စဉ်တစ်ခုဖြစ်ရင် ရဲတပ်ဖွဲ့ကတော့ လာရတယ်၊ မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို မီးသတ်အရာရှိက တွက်ချက်ရတယ်၊ အမှုဖွင့်ဖို့ (ပ)နံပါတ်ထွက်ဖို့နဲ့ သက်သေခံပစ္စည်းသိမ်းဖို့အတွက် ရဲကပဲလုပ်ရတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောပါတယ်။ အဲ့ဒီမီးလောင်မှုဖြစ်စဉ်ကိုတော့ မီးရှို့မှုကြောင့် မီးစတင်လောင်ကျွမ်းတယ်လို့ မီးသတ်တပ်ဖွဲ့က သုံးသပ်ထားပြီး မီးလောင်မှုကြောင့် ၂၀ပေ× ၁၅ပေ ထရံကာ၊သွပ်မိုး၊မြေစိုက် ကျူးတဲ (၁၅)လုံးနဲ့ ၁၀ပေ×၁၀ပေ ထရံကာ၊သွပ်မိုး၊မြေစိုက် ကျူးတဲ(၂၅)လုံး စုစုပေါင်းတန်ဖိုးငွေ ၃၂သိန်း၅သောင်းမီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးလာငြိမ်းတဲ့ မီးသတ်ကားအချို့ကိုလည်း သေနတ်နဲ့ချိန်ပြီး မီးသတ်ကားအတွင်းမှာပါလာတဲ့ ရေတွေကိုပါ စစ်ဆေးတာတွေ…
Read Moreရွှေဘိုမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့
ရွှေဘို-မတ်၊ ၂၈၊ ၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မတ် ၂၇ နေ့ခင်းပိုင်းက လုံခြုံရေးတပ်ဖွဲ့ကနေ သေနတ်နဲ့ ပစ်ခတ်လို့ စက်ဘီးစီးနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ် ၁ ယောက်အပါအဝင် လူ ၃ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်နေ ကိုကောင်းကောင်း အသက် ၁၉ နှစ် ၊ ညောင်ပင်သာကျေးရွာနေ ကျန်းမာရေးဝန်ထမ်း (ရွှေဘိုမြို့နယ်က ပြိည်သူ့ကျန်းမာရေး ဦးစီးဌာန)ကိုဇင်ထွန်း အသက် ၂၁ နှစ်နဲ့ အမှတ် ၉ ရပ်ကွက်က နေအိမ်မှာနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ် ၁ ဦး တို့ဟာ ဝမ်းဗိုက်ကျည်ဆံ ထိမှန်ဒဏ်ရာနဲ့သေဆုံးသွားခဲ့ပါတယ်။ ခု ၁၃ နှစ်ကလေးရဲ့…
Read Moreရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်က တံတားတစ်စင်းမှာ မိုင်းကွဲမှုဖြစ်ပွား
မတ် ၊ ၂၈ ၊ ၂၀၂၁ KTG စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ၊ စီးမှော်ကျေးရွာအနီး ရွှေဘို- မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်က နမ့်ဒယ သံကူကွန်ကရစ်တံတားပေါ်မှာ ဒီကနေ့ မတ် ၂၈ နံနက် ၁ နာရီဝန်းကျင်လောက်က မိုင်းကွဲမှုဖြစ်ပွားခဲ့တယ်လို့ မော်လူး ဒေသခံတွေဆီကနေ သိရပါတယ်။ ဖျက်အားပြင်း မိုင်းဒဏ်ကြောင့် တံတားရေလယ် ပိုင်တိုင်နဲ့ ကွန်ကရစ် လက်ရမ်းတွေပျက်စီးသွားတဲ့အပြင် တံတားကြမ်းခင်း စလစ်ပျင်ပါ ပေါက်ထွက်ပျက်စီးသွားခဲ့ပါတယ်။ မော်လူးဒေသခံတစ်ယောက်က ” နမ့်ဒယ တံတားမိုင်းခွဲခံရတာကြောင့် လူသုံးကုန်ပစ္စည်းတွေ ကုန်သွယ်မှုထိခိုက်လာမှာကို စိုးရိမ်တယ် ၊ ဒီဘက် ဒေသမှာက အခုဆို မိုးဦးကျသလိုဖြစ်နေပြီ ၊ဒီကြားထဲ ကုန်သွယ်မှု ပြတ်တောက်ရင် စားဝတ်နေရေး အားလုံး အခက်တွေ့နိုင်တယ် ” လို့ ပြောပါတယ်။…
Read Moreပုသိမ် သန်းခေါင်ယံပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး ထပ်မံကျဆုံး
မတ် ၂၈-၂၀၂၁ KA ပုသိမ်မြို့ ဘူတာလမ်းထိပ်မှာ မနေ့ မတ် ၂၇ ရက် သန်းခေါင်ယံအချိန်က ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ည ၁၂ နာရီလောက်က ဘူတာလမ်းဂွမှာ ရဲနဲ့စစ်တပ်က လာရောက်ပစ်ခတ်ခဲ့ပြီး ဘူတာအောင်သပြေလမ်းမှာ နေထိုင်တဲ့ကို၀သုန်စိုးဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကာ သူ့ညီမဖြစ်သူ မဇာလီနိုင်က ခေါင်းထိဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ သေဆုံးသွားသူ ကို၀သုန်စိုးနဲ့ ဒဏ်ရာရသူ မဇာလီနိုင်ကို စစ်တပ်ကကားနဲ့တင်ဆောင်သွားပြီး ခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။ မတ်လ၂၇ရက်နေ့က ပုသိမ်မြို့မှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၆နှစ်အရွယ်အမျိုးသား၂ဦး၊ ၃၆နှစ်နဲ့ ၃၁နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း၄ဦးကျဆုံးခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ်
Read Moreမေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး
ပြင်ဦးလွင် မတ် ၂၇-၂၀၂၁ MMTO(POL) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်က ပစ်ခတ်လို့ (၇)ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ (၇) ဦးကတော့ ၁။ခေါင်းထိ ကျဆုံး(မောင်ဟိန်းထက် ၂၃နှစ်) ၂။လည်ပင်းထိ ကျဆုံး( ကိုဟိန်းမင်းသိန်း) ၃။ဗိုက်ထိ ကျဆုံး( အနီးစခန်း) ၄။သေနတ်မှန် ကျဆုံး( ကိုရဲဇင်ဝင်း – အနီးစခန်း) ၅။ခေါင်းထိ ကျဆုံး( ကိုအောင်မင်းလွင် -၂၀နှစ် ၁၂ ညံတော ) ၆။ပေါင်ထိ ကျဆုံး(ကိုအောင်ထွဍ်-၁၂ညံတော) ၇။သေနတ်မှန် ကျဆုံး ( အမျိူးသမီး အနီးစခန်း) တို့ဖြစ်တယ်လို့သိရပါတယ်။ “ကျည်အစစ်တွေ၊ရာဘာကျည်တွေ၊ စနိုက်ဘာတွေနဲ့နေရာအနှံ့လိုက်ပစ်ပါတယ်၊ပထမမြို့ထဲကနေပစ်လို့၊မြို့သစ်မှာသွားပြီးငြိမ်းချမ်းစွာဆန္ဒပြကြတော့ မြို့သစ်မှာပိုဆိုးတယ် သေနတ်တွေနဲ့ပစ်တယ်။ တစ်ချို့ဆိုရင်နေအိမ်ထဲအထိဝင်ပြီးဖမ်းပါတယ်”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကပြောပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီနေ့မနက် ၈ နာရီကျော်စပြီး ဆန္ဒပြခဲ့တာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး…
Read Moreဖဒိုမြို့ငယ်လေးက ဆန္ဒပြစစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲလို့ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ
မတ်၂၇-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့ငယ်လေးမှာ ဒီနေ့ မတ် ၂၇ရက် မနက်၈ နာရီကျော်လောက်က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ကရင်တိုင်းရင်းသားကြီး တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဖဒိုနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ “ကရင်တိုင်းရင်းသားကြီးက အခင်းဖြစ်နေရာမှ ဆုံးသွားတယ်။ဒဏ်ရာရသူအတော်များပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ဝာာကြောင့် ညောင်လေးပင်ဆေးရုံကို လွှဲပို့ထားပေမယ့် စိုးရိမ်ရတယ်။ သုံးဦးကျဆုံးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး” လို့ ဖဒိုနာရေးကူညီမှုသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်တံခါးမြို့နယ် ဖဒိုမြို့ အဝိုင်းနားမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု ဆန္ဒပြသူ ၅၀၀ ကျော်လောက်ဟာ ဒီနေ့မနက် ၈ နာရီကျော်လောက်က ချီတက်လမ်းလျှောက်လာကြစဉ် ဖဒိုနယ်မြေရဲစခန်းနားသို့ ရောက်ရှိချိန် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာမှာ အသက် ၅၂ နှစ်အရွယ် ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးကာ…
Read Moreပဲခူးမှာ ရပ်ကွက်ထဲထိ ပစ်ခတ်ဖြိုခွင်းခံရလို့ တစ်ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
မတ်၂၇-၂၀၂၁ KLY(VOM) ဒီနေ့ မတ် ၂၇ရက်နေ့ နေ့ခင်းပိုင်းက ပဲခူးမြို့နယ် ဆံတော်တွင်းလမ်းထဲ စစ်တပ် ဝင်ရောက်တပ်စွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြတဲ့ ဒေသခံတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ငါးဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။လည်ပင်းထိမှန်ဒဏ်ရာရသူက အခင်းဖြစ်ပြီး သိပ်မကြာခင်ဆုံးပါးသွားတယ်” လို့ မျက် မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ ပဲခူးမြို့မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မနက်ပိုင်းကတည်းက ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့တာ ထြစ်ပါတယ်။ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပဲခူးမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်၁၅ ဦးခန့် အသက်ပေးခဲ့ရပြီးဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပဲခူး #သေဆုံး
Read Moreထားဝယ်မှာ ဆိုင်ကယ်စီးသူတဦး အကြောင်းမဲ့ ပစ်ခတ်ခံရလို့ သေဆုံး
မတ် ၂၇-၂၀၂၁ STY ဒီနေ့ မတ် ၂၇ ရက် မနက်ပိုင်းက ထားဝယ်မြို့မှာ ဆိုင်ကယ်စီးနှင်းနေသူတဦးကို စစ်တပ်နဲ့ရဲက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ရင်ညွန့်ကျည်ထိမှန်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီသေဆုံးသူဟာ ထားဝယ်မြို့ ကျွန်းမွှေးရပ်မှာနေတဲ့ ဦးကျော်ဌေးဆိုသူဖြစ်ပြီး မြို့သစ် ၁ လမ်းမှာ ဆိုင်ကယ်နဲ့ သွားလာနေစဉ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထားဝယ် အထက ၃ ရှေ့မှာလည်း ဒီနေ့ မနက်ပိုင်းကပဲ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်ပေါ်ပါတဲ့ တဦး ကျည်ထိမှန်ခဲ့ပါတယ်။ အဲ့ဒီ ဒဏ်ရာရသူကို စစ်တပ်က ကားနဲ့ သယ်ယူသွားပြီး ခုချိန်မှာတော့ သတိပြန်လည်လာပြီလို့ သိရပါတယ်။ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဒီနေ့အထိ ထားဝယ်မြို့မှာ သေဆုံးသူ ၇ ဦးရှိပြီ ဖြစ်ပါတယ်။…
Read Moreဖားကန့် ဆန္ဒပြပွဲ တဦးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာပြင်းထန်
မတ်-၂၇,၂၀၂၁ ZMH+NY(VOM) ကချင်ပြည်နယ်မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်မြို့မှာ ဒီနေ့မွန်းလွဲ ၂နာရီခန့်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က ရာဘာကျည်ဆံ ၊အသံဗုံး၊မျက်ရည်ယိုဗုံး၊မီးခိုးဗုံးတွေအပြင် ကျည်ဆံအစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ် ။ ရဲတပ်ဖွဲ့နဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် အသက်၃၀ဆယ်အရွယ် လူငယ်တဦး ဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ ဦးခေါင်းပွင့်ပြီးနေရာမှာတင်သေဆုံးသွားခဲ့ရတယ်လို့ ကြက်ခြေနီနဲ့လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ သေနတ်ထိမှန်ဒဏ်ရာရရှိထားတဲ့ လူနာဆယ်ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရ လူနာတွေကိုလည်း အရပ်ဝတ်နဲ့လူတစုက လူနာတင်ယဉ်တွေပေါ်အထိ လိုက်လံလုယူနေတယ်လို့လည်း လူမှုကူညီရေး အသင်းသားတွေက ပြောပါတယ် ။ ဒီနေ့ ဖားကန့်သပိတ်စစ်ကြောင်းဖြိုခွဲမှုမှာ လူခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ငါးဆယ်ဦးခန့် ရှိနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် VOMကတော့ အတည်ပြုနိုင်ဘို့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဖားကန့်မြို့မှ မတ်လ၁၄ရက်နေ့ကလည်း ရဲတပ်ဖွဲ့စစ်တပ်ရဲ့အင်အားသုံးအကြမ်းဖက်ဖြိုခွဲမှုကြောင့် မိုးကောင်ဇာတိဖြစ်သူ ကိုကျော်လင်းထိုက်ဟာ သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး သုံးဦးထက်မနည်း သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် ။ #voiceofmyanmar #VOM #ဖားကန့်
Read More