ပုသိမ် သန်းခေါင်ယံပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး ထပ်မံကျဆုံး

မတ် ၂၈-၂၀၂၁
KA

ပုသိမ်မြို့ ဘူတာလမ်းထိပ်မှာ မနေ့ မတ် ၂၇ ရက် သန်းခေါင်ယံအချိန်က ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ည ၁၂ နာရီလောက်က ဘူတာလမ်းဂွမှာ ရဲနဲ့စစ်တပ်က လာရောက်ပစ်ခတ်ခဲ့ပြီး ဘူတာအောင်သပြေလမ်းမှာ နေထိုင်တဲ့ကို၀သုန်စိုးဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကာ သူ့ညီမဖြစ်သူ မဇာလီနိုင်က ခေါင်းထိဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

သေဆုံးသွားသူ ကို၀သုန်စိုးနဲ့ ဒဏ်ရာရသူ မဇာလီနိုင်ကို စစ်တပ်ကကားနဲ့တင်ဆောင်သွားပြီး ခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။

မတ်လ၂၇ရက်နေ့က ပုသိမ်မြို့မှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၆နှစ်အရွယ်အမျိုးသား၂ဦး၊ ၃၆နှစ်နဲ့ ၃၁နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း၄ဦးကျဆုံးခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW