မုံရွာက ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးပြီး (၅၀၅)က နဲ့ တရားစွဲ

မုံရွာ၊ မတ်-၂၈-၂၀၂၁ Suu စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အမှတ်(၁) ရဲစခန်းအနီးမှာရှိတဲ့ ( ရေဦး- ဝက်အူချောင်းဆိုင်) ကို မတ်လ ၂၇ ရက်နေ့မနက် (၈) နာရီဝန်းကျင်မှာရဲအင်အား(၃၀)ဝန်းကျင်နဲ့ ဆိုင်အတွင်းဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး PPH ဟိုတယ်နဲ့ ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ မနန္ဒာဆွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ” အခုလိုဆိုင်ထဲကို ဝင်ရောက်ရှာဖွေဖမ်းဆီးသွားတာက ဆိုင်ရှေ့မှာဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ NLD အလံတွေထောင်ထားတာကြောင့်ထင်တယ်။ ဒါပေမယ့် ဒီအချိန်မှာအခုလိုအကြမ်းဖက် ဖမ်းဆီးတာတွေက မဖြစ်သင့်ဘူးလို့” လို့ဖမ်းဆီးခံရသူမနန္ဒာဆွေရဲ့ အမျိုးသားကပြောပါတယ်။ အခုလိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ မတ်လ(၂၈) ရက်နေ့မှာ ပုဒ်မ(၅၀၅)ကနဲ့ တရားစွဲဆိုပြီး ဆိုင်ကိုလည်းဒီကနေ့အပြီးရွေ့ခိုင်းနေတယ်လို့ မနန္ဒာဆွေအမျိုးသားကပြောပါတယ်။ “အမှုက(၅၀၅)ကနဲ့တရားစွဲဆိုလိုက်တယ်၊ ဆိုင်ကိုလည်း ဒီကနေ့အပြီးရွေ့ခိုင်းနေတယ်၊ မရွေ့ရင်ဆုံးရှုံးမှုများမယ်” လို့ ရဲအရာရှိတဦးကပြောပါတယ်။ ဆိုင်အတွင်းဝင်ရောက်ရှာဖွေရာမှာ NLD အလံ၊လက်သုံးချောင်းအကျီတွေနဲ့ ဈေးဝယ်လာသူတဦးကျန်ရစ်ခဲ့တဲ့စာရွက်စာတမ်းတွေကို ရဲတပ်ဖွဲ့ကယူဆောင်သွားတယ်လို့သိရပါတယ်။ မနန္ဒာဆွေမိသားစုဝင်တွေအနေနဲ့ မနန္ဒာဆွေနဲ့တွေ့ဆုံဖို့ကြိုးစားရာမှာ ဖမ်းဆီးသွားစဉ်အချိန်ကတည်းက အခုအချိန်အထိ တွေ့ဆုံခွင့်မရသေးဘူးလို့လည်း…

Read More

တောင်ကြီးမှာ စစ်တပ်က ညဘက်ဝင်ရောက်ပစ်ခတ်လို့ ၇ ယောက် ကျည်ထိမှန်

မတ် ၂၈-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့မှာ မနေ့ မတ် ၂၇ ည ၁၀ နာရီလောက်က စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၇ ဦး ကျည်အစစ်ထိမှန် ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်က စပြီး ရတနာသီရိ၊ မြေဖြူ၊ ရွှေတောင်ရပ်ကွက်တွေထဲကို စစ်တပ်က ကျည်အစစ်တွေနဲ့ တရပ်စပ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် ရတနာသီရိရပ်ကွက်မှာ ပေါင်ကျည်မှန်သူ ၁ ဦး၊ ခြေသလုံးကျည်မှန်သူ ၁ ဦး၊ ကျောကျည်မှန်သူ ၁ ဦး၊ ဗိုက်ကျည်မှန်သူ ၁ ဦး၊ ရွှေတောင်ရပ်ကွက်မှာ လက်ကျည်မှန်သူ ၁ ဦးနဲ့ ခြေထောက် ကျည်မှန်သူ ၂ ဦး စသဖြင့် ဒါဏ်ရာရရှိသူ ၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar…

Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ၀င်ရောက်ပစ်ခတ်ပြီး လမ်းတွေရှင်းနေ

မတ် ၂၈ -၂၀၂၁ YAT မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က ဝင်ရောက်ပစ်ခတ်ပြီး လမ်းတွေရှင်းနေတယ်လို့ သိရပါတယ်။ ” ဟုတ်တယ် သေနတ်က ၁၀ ချက်လောက် ဖောက်တယ်၊ အခု လမ်းတွေက ပိတ်ထားတာတွေကို စက်နဲ့ထိုးရှင်း ရှင်းနေကြတယ်”လို့ ကိုယ်တွေ့မြင်နေရသူက ပြောပါတယ်။ အခု ဖြိုခွင်းနေတဲ့ နေရာမှာလည်း ရဲကားနဲ့ စစ်ကားတွေ ဝိုင်းထားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ ရမ်ပူရပ်ကွက်ဟာ မတ်လ ၂၇ ရက်နေ့က အလံနက်ထောင်ပြီး စစ်ကား ရဲကားတွေဝင်မရအောင် လမ်းပိတ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ အလံနက်ထောင် ထိုင်သပိတ်ပြုလုပ်သူတွေဟာ မနေ့ မတ်လ ၂၇ရက် ညနေပိုင်းမှာ လူစုခွဲပြန်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြစ်ကြီးနား

Read More

မန္တလေးမြို့မှာ မနက်အစောပိုင်း အိမ်ခြေ ၄၀ မီးလောင်မှုကို ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်းမရှိ

မတ် ၂၈ -၂၀၂၁ VOM မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆(C)လမ်းနဲ့ ပျူစောထီးလမ်း(၁၁၇)လမ်းဒေါင့်မှာ ဒီကနေ့ မတ်၂၈ရက် မနက် ၂နာရီအချိန်က အိမ်ခြေ ၄၀ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မီးသတ်တပ်ဖွဲ့ကသာ လာရောက် မီးငြိမ်းသတ်ခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” မီးလောင်မှုဖြစ်စဉ်တစ်ခုဖြစ်ရင် ရဲတပ်ဖွဲ့ကတော့ လာရတယ်၊ မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို မီးသတ်အရာရှိက တွက်ချက်ရတယ်၊ အမှုဖွင့်ဖို့ (ပ)နံပါတ်ထွက်ဖို့နဲ့ သက်သေခံပစ္စည်းသိမ်းဖို့အတွက် ရဲကပဲလုပ်ရတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောပါတယ်။ အဲ့ဒီမီးလောင်မှုဖြစ်စဉ်ကိုတော့ မီးရှို့မှုကြောင့် မီးစတင်လောင်ကျွမ်းတယ်လို့ မီးသတ်တပ်ဖွဲ့က သုံးသပ်ထားပြီး မီးလောင်မှုကြောင့် ၂၀ပေ× ၁၅ပေ ထရံကာ၊သွပ်မိုး၊မြေစိုက် ကျူးတဲ (၁၅)လုံးနဲ့ ၁၀ပေ×၁၀ပေ ထရံကာ၊သွပ်မိုး၊မြေစိုက် ကျူးတဲ(၂၅)လုံး စုစုပေါင်းတန်ဖိုးငွေ ၃၂သိန်း၅သောင်းမီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးလာငြိမ်းတဲ့ မီးသတ်ကားအချို့ကိုလည်း သေနတ်နဲ့ချိန်ပြီး မီးသတ်ကားအတွင်းမှာပါလာတဲ့ ရေတွေကိုပါ စစ်ဆေးတာတွေ…

Read More

ရွှေဘိုမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့

ရွှေဘို-မတ်၊ ၂၈၊ ၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မတ် ၂၇ နေ့ခင်းပိုင်းက လုံခြုံရေးတပ်ဖွဲ့ကနေ သေနတ်နဲ့ ပစ်ခတ်လို့ စက်ဘီးစီးနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ် ၁ ယောက်အပါအဝင် လူ ၃ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်နေ ကိုကောင်းကောင်း အသက် ၁၉ နှစ် ၊ ညောင်ပင်သာကျေးရွာနေ ကျန်းမာရေးဝန်ထမ်း (ရွှေဘိုမြို့နယ်က ပြိည်သူ့ကျန်းမာ​ရေး ဦးစီးဌာန)ကိုဇင်ထွန်း အသက် ၂၁ နှစ်နဲ့ အမှတ် ၉ ရပ်ကွက်က နေအိမ်မှာနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ် ၁ ဦး တို့ဟာ ဝမ်းဗိုက်ကျည်ဆံ ထိမှန်ဒဏ်ရာနဲ့သေဆုံးသွားခဲ့ပါတယ်။ ခု ၁၃ နှစ်ကလေးရဲ့…

Read More

ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်က တံတားတစ်စင်းမှာ မိုင်းကွဲမှုဖြစ်ပွား

မတ် ၊ ၂၈ ၊ ၂၀၂၁ KTG စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ၊ စီးမှော်ကျေးရွာအနီး ရွှေဘို- မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်က နမ့်ဒယ သံကူကွန်ကရစ်တံတားပေါ်မှာ ဒီကနေ့ မတ် ၂၈ နံနက် ၁ နာရီဝန်းကျင်လောက်က မိုင်းကွဲမှုဖြစ်ပွားခဲ့တယ်လို့ မော်လူး ဒေသခံတွေဆီကနေ သိရပါတယ်။ ဖျက်အားပြင်း မိုင်းဒဏ်ကြောင့် တံတားရေလယ် ပိုင်တိုင်နဲ့ ကွန်ကရစ် လက်ရမ်းတွေပျက်စီးသွားတဲ့အပြင် တံတားကြမ်းခင်း စလစ်ပျင်ပါ ပေါက်ထွက်ပျက်စီးသွားခဲ့ပါတယ်။ မော်လူးဒေသခံတစ်ယောက်က ” နမ့်ဒယ တံတားမိုင်းခွဲခံရတာကြောင့် လူသုံးကုန်ပစ္စည်းတွေ ကုန်သွယ်မှုထိခိုက်လာမှာကို စိုးရိမ်တယ် ၊ ဒီဘက် ဒေသမှာက အခုဆို မိုးဦးကျသလိုဖြစ်နေပြီ ၊ဒီကြားထဲ ကုန်သွယ်မှု ပြတ်တောက်ရင် စားဝတ်နေရေး အားလုံး အခက်တွေ့နိုင်တယ် ” လို့ ပြောပါတယ်။…

Read More

ပုသိမ် သန်းခေါင်ယံပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး ထပ်မံကျဆုံး

မတ် ၂၈-၂၀၂၁ KA ပုသိမ်မြို့ ဘူတာလမ်းထိပ်မှာ မနေ့ မတ် ၂၇ ရက် သန်းခေါင်ယံအချိန်က ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ည ၁၂ နာရီလောက်က ဘူတာလမ်းဂွမှာ ရဲနဲ့စစ်တပ်က လာရောက်ပစ်ခတ်ခဲ့ပြီး ဘူတာအောင်သပြေလမ်းမှာ နေထိုင်တဲ့ကို၀သုန်စိုးဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကာ သူ့ညီမဖြစ်သူ မဇာလီနိုင်က ခေါင်းထိဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ သေဆုံးသွားသူ ကို၀သုန်စိုးနဲ့ ဒဏ်ရာရသူ မဇာလီနိုင်ကို စစ်တပ်ကကားနဲ့တင်ဆောင်သွားပြီး ခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။ မတ်လ၂၇ရက်နေ့က ပုသိမ်မြို့မှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၆နှစ်အရွယ်အမျိုးသား၂ဦး၊ ၃၆နှစ်နဲ့ ၃၁နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း၄ဦးကျဆုံးခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ်

Read More
VOM News

FREE
VIEW