မုံရွာက ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးပြီး (၅၀၅)က နဲ့ တရားစွဲ

မုံရွာ၊ မတ်-၂၈-၂၀၂၁
Suu

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အမှတ်(၁) ရဲစခန်းအနီးမှာရှိတဲ့ ( ရေဦး- ဝက်အူချောင်းဆိုင်) ကို မတ်လ ၂၇ ရက်နေ့မနက် (၈) နာရီဝန်းကျင်မှာရဲအင်အား(၃၀)ဝန်းကျင်နဲ့ ဆိုင်အတွင်းဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး PPH ဟိုတယ်နဲ့ ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ မနန္ဒာဆွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

” အခုလိုဆိုင်ထဲကို ဝင်ရောက်ရှာဖွေဖမ်းဆီးသွားတာက ဆိုင်ရှေ့မှာဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ NLD အလံတွေထောင်ထားတာကြောင့်ထင်တယ်။ ဒါပေမယ့် ဒီအချိန်မှာအခုလိုအကြမ်းဖက် ဖမ်းဆီးတာတွေက မဖြစ်သင့်ဘူးလို့” လို့ဖမ်းဆီးခံရသူမနန္ဒာဆွေရဲ့ အမျိုးသားကပြောပါတယ်။

အခုလိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ မတ်လ(၂၈) ရက်နေ့မှာ ပုဒ်မ(၅၀၅)ကနဲ့ တရားစွဲဆိုပြီး ဆိုင်ကိုလည်းဒီကနေ့အပြီးရွေ့ခိုင်းနေတယ်လို့ မနန္ဒာဆွေအမျိုးသားကပြောပါတယ်။

“အမှုက(၅၀၅)ကနဲ့တရားစွဲဆိုလိုက်တယ်၊ ဆိုင်ကိုလည်း ဒီကနေ့အပြီးရွေ့ခိုင်းနေတယ်၊ မရွေ့ရင်ဆုံးရှုံးမှုများမယ်” လို့ ရဲအရာရှိတဦးကပြောပါတယ်။

ဆိုင်အတွင်းဝင်ရောက်ရှာဖွေရာမှာ NLD အလံ၊လက်သုံးချောင်းအကျီတွေနဲ့ ဈေးဝယ်လာသူတဦးကျန်ရစ်ခဲ့တဲ့စာရွက်စာတမ်းတွေကို ရဲတပ်ဖွဲ့ကယူဆောင်သွားတယ်လို့သိရပါတယ်။

မနန္ဒာဆွေမိသားစုဝင်တွေအနေနဲ့ မနန္ဒာဆွေနဲ့တွေ့ဆုံဖို့ကြိုးစားရာမှာ ဖမ်းဆီးသွားစဉ်အချိန်ကတည်းက အခုအချိန်အထိ တွေ့ဆုံခွင့်မရသေးဘူးလို့လည်း မိသားစုကပြောပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ရေဦးဝက်အူချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW