တောင်ကြီးမှာ စစ်တပ်က ညဘက်ဝင်ရောက်ပစ်ခတ်လို့ ၇ ယောက် ကျည်ထိမှန်

မတ် ၂၈-၂၀၂၁
နေနန်းနွယ် (VOM)

တောင်ကြီးမြို့မှာ မနေ့ မတ် ၂၇ ည ၁၀ နာရီလောက်က စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၇ ဦး ကျည်အစစ်ထိမှန် ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ည ၁၀ နာရီဝန်းကျင်လောက်က စပြီး ရတနာသီရိ၊ မြေဖြူ၊ ရွှေတောင်ရပ်ကွက်တွေထဲကို စစ်တပ်က ကျည်အစစ်တွေနဲ့ တရပ်စပ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ရတနာသီရိရပ်ကွက်မှာ ပေါင်ကျည်မှန်သူ ၁ ဦး၊ ခြေသလုံးကျည်မှန်သူ ၁ ဦး၊ ကျောကျည်မှန်သူ ၁ ဦး၊ ဗိုက်ကျည်မှန်သူ ၁ ဦး၊ ရွှေတောင်ရပ်ကွက်မှာ လက်ကျည်မှန်သူ ၁ ဦးနဲ့ ခြေထောက် ကျည်မှန်သူ ၂ ဦး စသဖြင့် ဒါဏ်ရာရရှိသူ ၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တောင်ကြီး #ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW