တမူးမြို့နယ်ထဲက ရဲကင်းစခန်း တခုလုံး မီးလောင်ဆုံးရှုံး

မတ် ၂၇ -၂၀၂၁ KTG မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်ရဲ့ ကုန်သွယ်ရေးမြို့တော် ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့ ချောင်းနက်ကြီးရွာအနီးမှာရှိတဲ့ ချောင်းနက်ကြီး ရဲကင်းစခန်းဟာ မနေ့ မတ် ၂၆ ရက်ည ၁၀ နာရီ ဝန်းကျင်က စခန်းတခုလုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ တမူးမြို့ခံတွေဆီကနေ ကနဦး သိရှိရပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ ရဲကင်းစခန်းဟာ တမူးမြို့နဲ့ ၂ မိုင်ကျော်လောက်ဝေးပြီး မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်နဲ့ အလွန်နီးကပ်ပြီး ဒေသဌာနေ တိုင်းရင်းသားလက်နက်ကိုင်တွေ အမြဲလိုလို ဝင်ထွက်သွားလာနေတဲ့ လမ်းကြောင်းပေါ်မှာရှိတယ်လို့ သိရပါတယ်။ တမူးမြို့ပေါ်မှာ မတ် ၂၅ ရက်ညက လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် လူငယ် ၂ ယောက် အသက်ဆုံးရှုံးရပြီး ၇ ယောက်မှာလည် ကျည်ဆံထိမှန် ဒဏ်ရာတွေရခဲ့လို့ အိမ်နီးချင်း…

Read More

ပုသိမ်မှာ ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ လူ ၁ ဦး ဗိုက်ကျည်ထိမှန်

မတ် ၂၇-၂၀၂၁ KA ပုသိမ်မြို့ ရာမညရပ်ကွက်က ဆန္ဒပြ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ ဒီနေ့ မတ် ၂၇ မနက်ပိုင်းမှာ ထိပ်တိုက်တွေ့နေပြီး ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေကာ အမျိုးသားတစ်ဦး ၀မ်းဗိုက်ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ရဲနဲ့စစ်တပ်က အသံဗုံး၊ရော်ဘာကျည်အပြင် ကျည်အစစ်တွေပါ အသုံးပြုပစ်ခတ်နေတာကြောင့် ရော်ဘာကျည်ထိမှန်သူအချို့လည်း ရှိနေတယ်လို့သိရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဒဏ်ရာရ

Read More

မန္တလေးက ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ရဲတွေက ဖြိုခွင်းနေမှုကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်သေဆုံး

မန္တလေး၊ မတ် ၂၇- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၄၂ လမ်း ၈၃×၈၄ လမ်းကြားမှာ ဆန္ဒပြနေကြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတွေက မနက် ၉ နာရီဝန်းကျင်မှာ လာရောက်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦးရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ စစ်တပ်က ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ဆန္ဒပြ #ကျည်ထိမှန်

Read More

မြစ်ကြီးနားသပိတ်ကို ရပ်ကွက်အတွင်းထိ လိုက်လံဖြိုခွဲ

မတ် ၂၇၊ ၂၀၂၁ YAT မြစ်ကြီးနားမြို့မှာ ဒီနေ့ နံနက်ပိုင်းက အာဏာသိမ်းမှုကန့်ကွက်တဲ့ လူငယ်တွေဟာ သခင်နက်ဖေ လမ်းတစ်လျှောက်ကနေ မြို့တွင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာမှာ ရဲနဲ့ စစ်တပ်က လိုက်လံဖြိုခွဲပါတယ်။ အေးစေတီရပ်ကွက်အနီး ဝက်ကုန်းဈေးမှာတော့ အသံဗုံးတွေ ပစ်ခတ်တာမျိုးရှိပြီး ဝင်ရောက်စစ်ဆေးနေတာတွေရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ရမ်ပူရပ်ကွက်မှာတော့ အပြင်ဘက်က ရဲကားနဲ့ စစ်ကားတွေလာနေပြီဆိုတဲ့ သတင်းကြောင့် ရပ်ကွက်လမ်းတွေကို အတားအဆီးတွေပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်တော့ ရပ်ကွက်အနီး ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ အနီးကပ်မြင်နေရတဲ့ ရပ်ကွက်နေပြည်သူပြောတာရတော့ ” ရဲကားတွေ ထောင်ကားတွေက လမ်းထိပ်မှာ ပိတ်ထားကြတယ်၊ ရပ်ကွက်တွေထဲက လမ်းမှာလည်း သွပ်ချပ်တွေဘာတွေ ပိတ်ထားတယ်။ သေနတ်သံက ပစ်တာတော်တော်များတယ် ဆယ်ချက်ကျော်တယ်။ အကုန်လုံး‌က ကြောက်လို့ အိမ်ထဲဝပ်နေကြတယ်။ လူထိ မထိက အပြင်ထွက်မကြည့်ရဲသေးဘူး ” လို့ ပြောပါတယ်။ #voiceofmyanmar #vom #မြစ်ကြီးနား

Read More

ညောင်လေးပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး လက်လုပ်ဗုံးနဲ့ပစ်ခတ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရ

မတ် ၂၇-၂၀၂၁ KLY(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ဘုရာကြီးလမ်းဆုံအနီး ဗိုလ်ချုပ်ကြေးရုပ်နားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မနေ့ မတ် ၂၆ရက်နေ့ ည ၈ နာရီကျော်လောက်က လက်လုပ်ဗုံးနဲ့လာရောက်ပစ်ခတ်ခဲ့လို့ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။ “သိရ‌သလောက် ဆိုင်ကယ်နဲ့လာပစ်တာပါ။ တပ်ဖွဲ့ဝင်တ‌စ်ဦး အနည်းငယ်ဒဏ်ရာရသွားတယ်လို့ ကြားပြီး အခင်းဖြစ်ပြီးချိန်ကတည်းက အဲ့ဒီနေရာကို အသွားအလာပိတ်လိုက်တယ်” လို့ အမည်မဖော် လိုတဲ့ အမျိုးသားတစ်ဦးက ပြောပြပါ တယ်။ ညောင်လေးပင်မြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အချို့ အနည်းငယ်လျော့ကျသွားပေမယ့် ပြောက်ကျားနည်းစနစ်တွေနဲ့ ဆက်လက် ဆန္ဒဖော်ထုတ်နေကြဆဲဖြစ်ကာ မနေ့ညက ပေါက်ကွဲမှုအပြီးမှာ လုံခြုံရေးရယူထားသူတွေက သေနတ် ပစ်ဖောက် ခြောက်လန့်ခဲ့တယ်လို့ သိရှိရပါတယ်။ #VoiceOfMyanmar #VOM #ညောင်လေးပင် #ဗုံးကွဲ

Read More

ထိုင်သပိတ်ပြုလုပ်နေတဲ့ အထွေထွေသပိတ်စစ်ကြောင်း ဖြိုခွဲခံရ

မန္တလေး၊ မတ် ၂၇- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က လူငယ်တွေနဲ့ သံဃာတွေစုပေါင်းပြီး အ ထွေထွေတော်လှန်ရေး သပိတ်စစ်ကြောင်း ကပ်ကျော်မီးပွိုင့်မှာ ထိုင်သပိတ် ပြုလုပ်နေချိန် စစ်တပ်နဲ့ ရဲတွေက လာရောက်ဖြိုခွင်းနေတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #အထွေထွေသပိတ်စစ်ကြောင်း #မန္တလေး

Read More

လားရှိုး သပိတ် စစ်ကြောင်း ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မတ် ၂၇-၂၀၂၁ Shayi Violin(VOM) လားရှိုး သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂၇ ရက် မနက် ရဲနဲ့စစ်တပ်ဘက်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းလို့ ၃ ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၇၊ ရွှေညောင်ပင်အနီး(နတ်စင်)မှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ လူ ၄ ဦး ရင်ဘတ် ဒဏ်ရာရ ပြီး ၃ ဦးကျဆုံး ခဲ့တာပါ။ ဒဏ်ရာရတဲ့လူ အရေအတွက်ဟာ တောက်လျှောက်မြင့်တက်နေပါတယ်။ အခြား ဆန္ဒပြသူ ၂ ဦးလည်း ခြေထောက်ပြတ်တဲ့ ဒဏ်ရာရခဲ့ပြီး ၁ ဦးက စိုးရိမ်ရပါတယ်။ အလောင်းတွေကို စစ်ကားနဲ့လာရောက်ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၈ နာရီခွဲက မန်ဆူဘုရားမှာလည်း ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ လိုက်လံဖြိုခွင်းနေတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေက ဒီမနက်…

Read More

မန္တလေးက အထွေထွေသပိတ်စစ်ကြောင်း

မန္တလေး၊ မတ် ၂၇- ၂၀၂၁ ရှိုင်းအောင်(VOM) တပ်မတော်နေ့မှာ မန္တလေးမြို့က လူငယ်တွေနဲ့ သံဃာတွေစုပေါင်းပြီး အထွေထွေတော်လှန်ရေးသပိတ်စစ် ကြောင်း ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #အထွေထွေသပိတ်စစ်ကြောင်း #မန္တလေး

Read More

ဖားကန့် အေးမြသာယာသပိတ်စစ်ကြောင်း

မတ် ၂၇ -၂၀၂၁ နောင်ရိုး ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းလှည့်လည်ဆန္ဒဖော်ထုတ်နေသည့်မြင်ကွင်းများ #voiceofmyanmar #vom #ဖားကန့်

Read More

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မတ် ၂၇ -၂၀၂၁ မန္တလေးမြို့မှာ နေ့လယ်ခင်းသပိတ်စစ်ကြောင်းထွက်နဲ့ သံဃသမဂ္ဂစစ်ကြောင်းဟာ ဒီကနေ့မှာတော့ မနက်ပိုင်းကို အချိန်ပြောင်းလဲပြီး ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #သံဃသမဂ္ဂစစ်ကြောင်း

Read More
VOM News

FREE
VIEW