ညောင်လေးပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး လက်လုပ်ဗုံးနဲ့ပစ်ခတ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရ

မတ် ၂၇-၂၀၂၁
KLY(VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ဘုရာကြီးလမ်းဆုံအနီး ဗိုလ်ချုပ်ကြေးရုပ်နားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မနေ့ မတ် ၂၆ရက်နေ့ ည ၈ နာရီကျော်လောက်က လက်လုပ်ဗုံးနဲ့လာရောက်ပစ်ခတ်ခဲ့လို့ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

“သိရ‌သလောက် ဆိုင်ကယ်နဲ့လာပစ်တာပါ။ တပ်ဖွဲ့ဝင်တ‌စ်ဦး အနည်းငယ်ဒဏ်ရာရသွားတယ်လို့ ကြားပြီး အခင်းဖြစ်ပြီးချိန်ကတည်းက အဲ့ဒီနေရာကို အသွားအလာပိတ်လိုက်တယ်” လို့ အမည်မဖော် လိုတဲ့ အမျိုးသားတစ်ဦးက ပြောပြပါ တယ်။

ညောင်လေးပင်မြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အချို့ အနည်းငယ်လျော့ကျသွားပေမယ့် ပြောက်ကျားနည်းစနစ်တွေနဲ့ ဆက်လက် ဆန္ဒဖော်ထုတ်နေကြဆဲဖြစ်ကာ မနေ့ညက ပေါက်ကွဲမှုအပြီးမှာ လုံခြုံရေးရယူထားသူတွေက သေနတ် ပစ်ဖောက် ခြောက်လန့်ခဲ့တယ်လို့ သိရှိရပါတယ်။

#VoiceOfMyanmar #VOM #ညောင်လေးပင် #ဗုံးကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW