လားရှိုး သပိတ် စစ်ကြောင်း ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မတ် ၂၇-၂၀၂၁
Shayi Violin(VOM)

လားရှိုး သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂၇ ရက် မနက် ရဲနဲ့စစ်တပ်ဘက်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းလို့ ၃ ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၇၊ ရွှေညောင်ပင်အနီး(နတ်စင်)မှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ လူ ၄ ဦး ရင်ဘတ် ဒဏ်ရာရ ပြီး ၃ ဦးကျဆုံး ခဲ့တာပါ။ ဒဏ်ရာရတဲ့လူ အရေအတွက်ဟာ တောက်လျှောက်မြင့်တက်နေပါတယ်။

အခြား ဆန္ဒပြသူ ၂ ဦးလည်း ခြေထောက်ပြတ်တဲ့ ဒဏ်ရာရခဲ့ပြီး ၁ ဦးက စိုးရိမ်ရပါတယ်။

အလောင်းတွေကို စစ်ကားနဲ့လာရောက်ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၈ နာရီခွဲက မန်ဆူဘုရားမှာလည်း ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ လိုက်လံဖြိုခွင်းနေတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက ဒီမနက် အစောပိုင်း ၇ နာရီကနေ စတင်ပြီးတော့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #လားရှိုး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW