မန္တလေး ဗဟိုအမျိုးသမီးဆေးရုံမှာ မွေးကင်းစ ကလေးအလောင်း ၁၂၀ကျော် မစွန့်ပစ်ဘဲ ထားတာတွေ့

ဧပြီ ၁ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့၊ လမ်း ၃၀ ၆၈လမ်းနဲ့ လမ်း၇၀ကြားရှိ ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်အတွင်းမှာ မစွန့်ပစ်ဘဲ ထားရှိထားတဲ့ မွေးကင်းစ ကလေးအလောင်း ၁၂၆လောင်းကို မနေ့ မတ်လ ၃၁ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံ ဆရာ၀န်အသိုင်းအ၀ိုင်းကတော့ ” ဆေးရုံမှာက ပုံမှန် တစ်လကို ကလေး ၇၀၀ နဲ့ ၉၀၀ ကြား မွေးတယ်၊ သေတာလည်း ၅၀ နီးနီးရှိတယ်၊ အခုက CDM ၂ လ နီးနီးဆိုတော့ လာမွေးတာမှာ သေတဲ့ကလေးတွေ ရှိနိုင်တယ်၊ ဒါပေမယ့် အဲ့ဒီလို အကြာကြီး အမြဲ ပုံထပ်ထားလေ့တော့ မရှိဘူး၊ မိဘက သင်္ဂြိုဟ်ဖို့ လာယူကြတာများတယ်၊ အခုက တပ်ကလာတဲ့ ဆရာဝန်တချို့နဲ့ လုပ်နေတာရှိတော့ ရေခဲတိုက် မခန့်ခွဲနိုင်သေးတာလည်းဖြစ်နိုင်တယ်၊ ပုံမှန်က သေတုန်းခဏထားပြီး မိဘကို သင်္ဂြိုဟ်ဖို့ ထုတ်ပေးလေ့ရှိတယ်”လို့ ပြောပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်အတွင်းက အပုပ်နံ့ရလို့ ဆေးရုံတာ၀န်ကျ လုံခြုံရေးတပ်ဖွဲ့၀င်တွေနဲ့ ဆေးရုံတာ၀န်ရှိသူတွေက ၀င်ရောက်စစ်ဆေးရာမှာ မွေးကင်းစ ကလေးရုပ်အလောင်း ၁၂၆လောင်းကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုစစ်ဆေးတွေ့ရှိတာကို မန္တလေးတိုင်းက တာ၀န်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ပြီး တွေ့ရှိခဲ့တဲ့ရုပ်အလောင်းတွေကို မနေ့ညနေပိုင်းက သင်္ဂြိုဟ်နိုင်ဖို့ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဗဟိုအမျိုးသမီးဆေးရုံ

Related posts

Leave a Comment

VOM News

FREE
VIEW