ကလေး-ဂန့်ဂေါလမ်းပိုင်း ငါးဖားရွာအနီး တိုက်ပွဲဖြစ်

ကလေး-ဧပြီ၁-၂၀၂၁ သိမ်မွေ့ကဗျာ ကလေး-ဂန့်ဂေါလမ်းပိုင်း ငါးဖား(ငဖား)ကျေးရွာအနီး အောင်ချမ်းသာဖက်မှာ ဒီနေ့ ဧပြီ၁ရက် မနက် ‌၈ နာရီက စပြီး စစ်တပ်နဲ့ ပြည်သူ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စုံစမ်းချက်အရ မွန်းလွဲ၂နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူဖက်က အမျိုးသားတစ်ဦးရဲ့ ခါးကို ကျည်ရှပ်ထိမှန်ခဲ့သလို စစ်တပ်ဖက်ကလည်း အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၁ ရက်ကလည်း စည်သာကျေးရွာအနီးနှင့် ငါးဖားရွာအနီးမှာ နေ့လည် ၁၂ နာရီ၀န်းကျင်မှစတင်ကာ ည ၇ နာရီထိုးပြီးသည်အထိ စစ်တပ်နဲ့ ပြည်သူတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ပြည်သူဖက်က တစ်ဦးကျဆုံးခဲ့သလို စစ်တပ်ဖက်ကလည်း ၆ ဦးထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေး #ငါးဖါးရွာ

Read More

မုံရွာမှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရပြီး ၅ ဦး ဖမ်းဆီးခံထားရ

ဧပြီ ၁ -၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် သစ္စာလမ်း ၊ သီတာလမ်းနဲ့ ဒေါင်းကျောင်းတောင်ဘက်အနီးတို့မှာ ဒီနေ့ ဧပြီ ၁ ရက် ညနေပိုင်းက စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် လူငယ် တစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ လူငယ်မှာ မြဝတီရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းရဲ့ ဘယ်ဘက်ခြမ်းကနေ ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မုံရွာမြို့မှာ ဒီနေ့ မနက်(၁၀)နာရီဝန်းကျင်ကတည်းက ညနေပိုင်းအထိ ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီမနက်ပိုင်းကလည်း မုံရွာမြို့ ထန်းတောရပ်ကွက် ရွှေဝါရောင် ရေတွင်းလမ်း နဲ့ နန်းဦး ဘုန်းကြီးကျောင်းလမ်း အနီး တဝိုက်မှာ လူငယ် ၆ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိပြီး အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး…

Read More

ချောင်းဦးမြို့ပင်မသပိတ်စစ်ကြောင်း ၂၀၀၈ အ‌ခြေခံဥပဒေစာအုပ် မီးရှို့ဖျက်ဆီး

ချောင်းဦး၊ ဧပြီ ၁-၂၀၂၁ ဒီကနေ့ဧပြီလ(၁)ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့ပင်မသပိတ်စစ်ကြောင်းဟာ အတားအဆီးများကြားက လူထောင်ချီဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲမှာ သပိတ်စစ်ကြောင်းက (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ပြည်သူတွေရဲ့ထောက်ခံသဘောတူညီမှုနဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ပင်မသပိတ်စစ်ကြောင်းအဖွဲ့ထဲက ဖမ်းဆီးခံထားရသူ မမိုးမိုးလွင်ကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #vom #ချောင်းဦး

Read More

မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်း ဧပြီ ၁ရက်နေ့ ချီတက်လမ်းလျှောက်ပြီး ပုံမှန်အတိုင်းဆန္ဒပြခဲ့ကြပါတယ်။

ဧပြီ ၁ -၂၀၂၁ Photo – ZKK #voiceofmyanmar #VOM #မန္တလေး #မြတောင်စစ်ကြောင်း

Read More

ကော့မှူးမြို့နယ် မြောက်ဘက်ခြမ်း သပိတ်စစ်ကြောင်း

ဧပြီ ၁-၂၀၂၁ TK 2008 အခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းတာကို ထောက်ခံတဲ့အနေနဲ့ ရဲတပ်ဖွဲ့က လမ်းပိတ်ထားတဲ့ကြားက ကော့မှူးမြို့နယ် မြောက်ပိုင်းသားတွေ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ကော့မှူးမြို့နယ်

Read More

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ် အလုံး(၈၀)မီးလောင်ဆုံးရှုံး

ဧပြီ ၁ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်၊ ရတနာပုံတက္ကသိုလ်လမ်းဘေးက နေအိမ်တစ်အိမ်မှာ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာကနေ ၀ါယာရှော့ဖြစ်ပြီး အနီးရှိထရံကိုမီးကူးစက်ကာ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ၁၀ပေ×၁၅ပေ ကျူးတဲ သွပ်မိုး၊ ထရံကာ ၊ မြေစိုက် (၃၀)လုံး၊ ပေ၂၀×၁၅ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၃၀)လုံး၊ နံကပ် ၁ထပ်နေအိမ် အလုံး(၂၀)၊ မီနီအိုးဝေ (၁)စီး၊ ဆိုင်ကယ်(၃)စီး မီးသတ်သတ်ဦးစီဌာန တွက်ချက်မှုအရ စုစုပေါင်းတန်ဖိုး သိန်းပေါင်း ၂၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို Level-2အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဥ် အစီး ၃၀၊ ရေသယ်ယာဥ် အစီး ၂၀၊ သံန္ဓေမီးသတ်တပ်ဖွဲ့၀င် ၉၀ဦး၊ အရန်မီးသတ်တပ်ဖွဲ့၀င် ၂၄၀ ဦးနဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့…

Read More

ဖားကန့်​မြို့၊လုံးခင်းသပိတ်စစ်ကြောင်း မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်

ဖားကန့်၊ဧပြီ ၁ရက်၊၂၀၂၁ နောင်ရိုး လုံးခင်းကျေးရွာ အုပ်စုနဲ့ မော်ဝမ်းရပ်ကွက် တို့ ပူးပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ ဖားကန့်မြို့တွင်းကို ဒီနေ့ဧပြီလ ၁ရက် နံနက်ပိုင်းအချိန်က လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဖားကန့်မှာ နေ့စဥ်ဆန္ဒဖော်ထုတ်တာဟာ ဒီနေ့ဆိုရင် ၄၈ ရက်တိတိရှိခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar #vom #ဖားကန့်

Read More

မြစ်ကြီးနား စီတာပူရပ်ကွက်က ဆန္ဒပြပွဲ

ဧပြီ ၁-၂၀၂၁ YAT(VOM) မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဒီနေ့ ဧပြီလ ၁ ရက် မနက်ပိုင်းက လူအင်အား တစ်ရာကျော်နဲ့ အာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်မှုပြုလုပ်နေစဉ်မှာပဲ ရဲနဲ့စစ်ကားတွေက ရပ်ကွက်အတွင်း လိုက်လံပြီး ဖြိုခွဲဖို့ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြလူထုဟာ မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ရဲနဲ့ စစ်သားတွေကို ထိပ်တိုက်မတိုးဘဲ လူစုခွဲနိုင်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနားမြို့ #စီတာပူရပ်ကွက်

Read More

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံမှာ မွေးကင်းစ ကလေးအလောင်း ၁၂၀ကျော် မစွန့်ပစ်ဘဲ ထားတာတွေ့

ဧပြီ ၁ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ လမ်း ၃၀ ၆၈လမ်းနဲ့ လမ်း၇၀ကြားရှိ ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်အတွင်းမှာ မစွန့်ပစ်ဘဲ ထားရှိထားတဲ့ မွေးကင်းစ ကလေးအလောင်း ၁၂၆လောင်းကို မနေ့ မတ်လ ၃၁ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံ ဆရာ၀န်အသိုင်းအ၀ိုင်းကတော့ ” ဆေးရုံမှာက ပုံမှန် တစ်လကို ကလေး ၇၀၀ နဲ့ ၉၀၀ ကြား မွေးတယ်၊ သေတာလည်း ၅၀ နီးနီးရှိတယ်၊ အခုက CDM ၂ လ နီးနီးဆိုတော့ လာမွေးတာမှာ သေတဲ့ကလေးတွေ ရှိနိုင်တယ်၊ ဒါပေမယ့် အဲ့ဒီလို အကြာကြီး အမြဲ ပုံထပ်ထားလေ့တော့ မရှိဘူး၊ မိဘက သင်္ဂြိုဟ်ဖို့ လာယူကြတာများတယ်၊ အခုက တပ်ကလာတဲ့ ဆရာဝန်တချို့နဲ့ လုပ်နေတာရှိတော့…

Read More
VOM News

FREE
VIEW